ဒီနေ့ဟာမြန်မာပြည်မှာအာဏာသိမ်းသွားတာရက်၁၀၀ပြည့်တဲ့နေ့ဖြစ်တယ်။ ဒီရက်တစ်ရာအတွင်းမှာကျဆုံးသွားသူက၈၀၀နီးပါးရှိနေပြီ။စစ်ကောင်စီဟာတစ်ရက်ကို၈ယောက်နှုန်း၊သုံးနာရီတိုင်းမှာတစ်ယောက်နှုန်းနဲ့အပြစ်မဲ့ပြည်သူတွေကိုဆက်လက်သတ်ဖြတ်နေဆဲပါ။ မတရားဖမ်းဆီးခံထားရသူတွေလဲ လေးထောင်နီးပါးရှိနေပါပြီ။ ခုချိန်ထိအကြမ်းဖက်မှုတွေကိုပျော်ပျော်ကြီးဆက်လက်ကျူးလွန်ဆဲပါ။
ပြစ်တင်၊ရှုံချ၊ဝမ်းနည်း၊အားပေးစတဲ့စကားလုံးတွေနဲ့အချိန်ကုန်နေတဲ့နိုင်ငံတကာအသိုင်းအဝိုင်းဟာအာပလာဆိုတာမြန်မာပြည်သူတွေလဲကောင်းကောင်းသိရှိနေပါပြီ။ ကိုယ့်အားကိုယ်ကိုးမှရမယ်ဆိုတာသဘောပေါက်နားလည်လာကြပါပြီ။ အဲ့ဒီအတွက်လဲပြင်ဆင်နေကြပါပြီ။
သေချာတာတစ်ခုကတော့တော်လှန်ရေးဟာအရင်ကထင်ခဲ့သလိုလွယ်လွယ်နဲ့မပြီးသွားဘူး။ သွေးတွေ၊ချွေးတွေရင်းပြီးဆက်လက်တိုက်ယူရဦးမယ်ဆိုတာပါပဲ။