ပြည်တွင်းမှာ ရွှေစျေးတွေ၊ဒေါ်လာစျေးတွေတရိပ်ရိပ်ထိုးတက်နေပါတယ်။ ကုန်စျေးနှုန်းတွေလဲထိုးတက်နေတယ်။ စစ်အာဏာသိမ်းမှုကြောင့်တိုင်းပြည်ရဲ့စီးပွားရေးဟာထိုးဆင်းနေပါပြီ။ဘဏ်တွေ၊ATMတွေမှာငွေသားအလွယ်တကူထုတ်မရတော့လူတွေလက်ထဲမှာလဲငွေမရှိတော့ဘူး။Online Payment Systemကြီးတခုလုံးပျက်စီးသွားသောကြောင့်ဘာစီးပွားရေးလုပ်ငန်းမှမလည်ပတ်နိုင်တော့။ ဒီရက်ပိုင်းမျှော်လင့်စရာဘာသတင်းမှလဲမထူး။ ကြာရင်လူတိုင်းငတ်ကုန်ကြတော့မယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


