အန်ယူဂျီက ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းလိုက်ကြောင်းထုတ်ပြန်ကြေညာလိုက်တယ်။ ဒီ သတင်းကို အားလုံးကဝမ်းသာကြိုဆိုကြတယ်။ တစ်ဖက်မှာလည်း စစ်သူပုန်တွေဟာ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ပြန်လည်ဖွင့်ဖို့ကြိုးစားနေတယ်။ ကျောင်းလခတွေကောက်ခံဖို့ပြင်ဆင်နေကြ တယ်။ သူတို့ရဲ့ လာဘ်စားလိုတဲ့စိတ်နဲ့အတူ ရသမျှသဲ့ယူဖို့ ငွေဝင်ပေါက်တွေအားလုံးကိုလိုက်လံရှာဖွေနေကြ တယ်။ ဂြိုလ်တုစလောင်းတွေကလွှင့်တဲ့ရုပ်သံလိုင်းကိုကြည့်ရင်ထောင်ဒဏ်၊ ငွေဒဏ်ချခံရမယ်လို့လည်း သတင်းထုတ်ပြန်တယ်။ သတင်းအမှောင်ချတာ၊ ပြည်သူတွေကို နည်းမျိုးစုံနဲ့ယုတ်မာတာတွေလုပ်လို့ အဆုံးမသတ်နိုင်ဘူး။ ဇွန် ၁ ရက်နေ့မှာ ကျောင်းစတက်ဖို့ကိစ္စနဲ့ပတ်သက်လို့တော်တော်များများက ကျောင်းမတက်ကြဖို့အချင်းချင်းပြောဆိုနေကြပါတယ်။ သူတို့လုပ်သမျှအကုန်ဆန့်ကျင်ကြမှာပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


