ဒီနေ့ နေ့လည် ၂ နာရီကျော်ကျော်လောက်မှာ ရန်ကုန်မြို့တစ်ဝိုက်မှာ လေပြင်းတွေတိုက်ခိုက်ပြီး တစ်ချို့ နေရာတွေမှာ မီးပျက်သွားခဲ့တယ်။ လေနဲ့အတူ မအလတို့အုပ်စုပါသွားဖို့ကိုလည်း အလျှိုလျှိုဆုတောင်း နေကြတယ်။
ဂျီ ၇ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေထွက်လာတယ်။ ထုံးစံအတိုင်းစိုးရိမ် ပူပန်ပါတယ်ဆိုတာမျိုး စစ်အစိုးရကိုဖိအားပေးထုတ်ပြန်ချက်ထုတ်ပြန်တာမျိုးလောက်ပါပဲ။ ပြည်သူလူ ထုအတွက်တော့ ထိရောက်သေချာတဲ့အရေးယူမှုတစ်ရပ်ပဲအရေးတကြီးလိုအပ်နေတာပါ။
စစ်အာဏာရှင်တွေက ကျောင်းတွေပြန်ဖွင့်လိုက်ပေမယ့် ကျောင်းတက်တဲ့သူက မရှိသလောက်နည်းပါး နေတယ်။ ကျောင်းဝန်းကျင်မှာလည်း စစ်အုပ်စုကားတွေက တဝဲလည်လည်လုပ်နေကြတယ်။ နိုင်ငံတစ် ဝန်းမှာလည်း စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့သပိတ်ပုံစံအမျိုးမျိုးတွေက ရှိနေတုန်းပါပဲ။ စစ်အာဏာရှင် တွေကလည်းနည်းမျိုးစုံတွေနဲ့ ပြည်သူကိုနှိပ်စက်နေလေရဲ့။