စစ်အုပ်စုက သတ်မှတ်ထားတဲ့ ညမထွက်ရအမိန့်ကို ည ၈ နာရီမှ မနက် ၄ နာရီအစားည ၁၀ နာရီမှ နံနက် ၄ နာရီအဖြစ်ပြင်ဆင်သတ်မှတ်လိုက်တယ်။ သူတို့တွေက သဘောထားကြီးစွာနဲ့ဖြေလျှော့ တယ် လို့သံကောင်းဟစ်ပေမယ့် ပြည်သူတွေကတော့ မကျေနပ်နိုင်ဘူး။ ကျွန်တော်တို့ရဲ့အခွင့်အရေးမှန်သမျှ ကို သူတို့အနိုင်ကျင့်လုယူသွားတာ အစအဆုံးပြန်တောင်းမှ ကျေနပ်နိုင်မယ်။ အခုဆိုရင် ပြည်တွင်းအ ထည်ချုပ်လုပ်ငန်းအပါအဝင် ပြည်ပရင်းနှီးမြုပ်နှံမှုလုပ်ငန်းတော်တော်များများက မေလအကုန်မှာ စက် ရုံတွေပိတ်ပြီး မြန်မာနိုင်ငံကနေထွက်ခွာဖို့ပြင်ဆင်နေကြောင်း သတင်းတွေတက်လာပြီ။ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ပြဿနာတွေပိုပြီးတိုးလာတော့မယ်။ ဘက်စုံတောင့်စုံ ကဏ္ဌစုံကနေ အဆိုးတွေပဲဖြစ်လာ နေတယ်။ မအလနဲ့ လူတစ်စုကောင်းစားရေးအတွက် မြန်မာပြည်သူတွေရဲ့ဘဝက ဆိုးသည်ထက်ဆိုးတဲ့ အခြေအနေဆီကို ဦးတည်နေတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


