အချိန်သုံးလကျော်ကြာပြီးတဲ့နောက်မှာ သွေးအေးလာတယ်လို့အများကထင်ကောင်းထင်နိုင်ပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ တစ်ရက်မှာသွေးမအေးခဲ့ဘူး။ တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့မကျေနပ်မှုတွေ နဲ့အတူ စစ်သူပုန်အုပ်စုကို ရတဲ့နည်းနဲ့တိုက်ခိုက်ချင်စိတ်တွေဖြစ်ပေါ်နေခဲ့တယ်။ အာဆီယံနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်တတိယလှိုင်းဖြစ်ပေါ်နေတယ်။ ကိုဗစ်အတွက် အရေးထားပြီးဆောင်ရွက်နေကြချိန်မှာ မြန်မာနိုင်ငံမှာတော့ စစ်သူပုန်တွေနဲ့နေ့စဉ်ခက်ခဲတဲ့ရက် တွေကိုဖြတ်သန်းနေရတယ်။ စစ်သူပုန်တွေရဲ့ပစ်ခတ်မှုကြောင့် ၂၄ နာရီအတွင်း လူ ၅ဦးအနည်းဆုံး သေဆုံးတဲ့သတင်း၊ တိုက်ပွဲသတင်း တွေကိုပဲနေ့စဉ်ကြားနေရတယ်။ စစ်အုပ်စုတွေ မသေသေးသရွေ့ တစ်ရက်မှငြိမ်းချမ်းမှာမဟုတ်ဘူး။ ဒီနေ့အတွက်တော့ ကေအိုင်အေကနေ စစ်အုပ်စုရဲ့လေယာဉ်တစ်စီးကိုပစ်ချလိုက်တဲ့ သတင်းဟာ ကျေနပ်အားရစရာဖြစ်ခဲ့တယ်။ သူတို့တွေ သေဆုံးတာကို မျှော်လင့်နေခဲ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။
မေ ၂၀၊ ၂၀၂၃။ (စနေ)
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ရှိမြို့အဝင်အထွက်လမ်းတချို့ကိုစစ်ကောင်စီတပ်ကမြေတူးကားနဲ့ဖျက်ဆီးသွားပါတယ်။ထိုလမ်းတွေဟာကော့ကရိတ်မြို့ကနေကျေးရွာတွေဘက်ကိုကုန်စည်စီးဆင်းမှုအတွက်ဒေသခံတွေအသုံးပြုတဲ့လမ်းတွေပါ။စစ်ကောင်စီကပြည်သူတွေဒုက္ခရောက်အောင်ရိက္ခာပြတ်အောင်ဘက်ဟိုးနဲ့ထိုးပြီးပိတ်ချလိုက်တယ်။တိုင်းပြည်ကိုကျတော့အုပ်ချုပ်ချင်တယ်။လမ်းတွေခင်းပေးမယ့်အစားကောင်းနေတဲ့လမ်းတွေကိုတောင်ဖျက်စီးပစ်တယ်။ကော့ကရိတ်မြို့ကိုတော်လှန်ရေးအဖွဲ့တွေကကောင်းကောင်းခြိမ်းခြောက်နိုင်နေတဲ့အတွက်စစ်ကောင်စီဟာကြံမိကြံရာကြံပြီးပြည်သူတွေထိခိုက်အောင်အလွဲတွေချည်းလျောက်လုပ်နေတယ်။