Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဘဏ်တွေ ပြိုနိုင်လား

ဧပြီ 29, 2021
in သုံးသပ်ချက်များ
Reading Time:2min read
Share on FacebookShare on Twitter

ဘဏ်တွေ ပြိုနိုင်လားမေးရင် နောက်နှစ်လကနေ ခြောက်လထိ စစ်ကောင်စီကို ဖြုတ်မချနိုင်ရင် ပြိုတယ်။ သေချာပေါက် ပြိုတယ်။

နိုင်ငံတစ်နိုင်ငံမှာ ငွေစက္ကူနဲ့ လေစက္ကူဆိုတာ ရှိတယ်။ ငွေစက္ကူဆိုတာက ရှင်းလင်းပါတယ်။ ငွေသားရိုက်ထုတ်ထားတဲ့ ပမာဏပါ။ လေစက္ကူဆိုတာက ငွေစက္ကူကို နှစ်ပေါင်းများစွာ လည်ပတ်စီးဆင်းရာကနေ နိုင်ငံစီးပွါးရေးအဖြစ် ဖြစ်တည်လာတဲ့ နိုင်ငံ့ငွေကြေး ပမာဏပါ။

နိုင်ငံတစ်နိုင်ငံမှာ ငွေစက္ကူဟာ နိုင်ငံငွေကြေးပမာဏရဲ့ 8.3% ပဲ ရှိပါတယ်။ မြန်မာနိုင်ငံမှ မဟုတ်။ ဒါ တစ်ကမ္ဘာလုံးရဲ့ Ratio ပါပဲ။ နိုင်ငံငွေကြေးဟာ သိန်းတစ်ရာရှိတယ်ဆိုရင် တကယ့်ငွေသားဟာ ၈၃၀၀၀၀ ပဲ ရှိပါတယ်။ ဒါဟာ ငွေကြေးစနစ် အမှန်ပါ။

ကိုယ့်မှာ သိန်းတစ်ရာရှိရင် ၈၃၀၀၀၀ ကပဲ တကယ့် ကိုယ်တာပါ။ ဒါတောင် ၈၃၀၀၀၀ လုံး သွားထုတ်ရင် အခြေအနေမလှပါဘူး။ အရင်ကတော့ ငါ့မှာ သိန်းတစ်ရာရှိရင် သိန်းငါးဆယ်တော့ သွားထုတ်တယ်၊ ဘာမှ မဖြစ်ပါဘူးလို့ တွေးလိမ့်မယ်။ ထုတ်သူရှိသလို အပ်သူရှိတဲ့အခြေအနေမှာ ငွေကြေးစနစ်ဟာ ပုံမှန်လည်ပတ်နေခဲ့တယ်။

ဘဏ်ဆိုတာ ငွေထုတ်စက်မဟုတ်ပါဘူး။ ထုတ်ကုန်မယ်မယ်ရရမရှိပါဘူး။ ယုံကြည်မှုကို ရောင်းစားတဲ့ Industry ပါ။ ယုံကြည်မှုကြောင့်ပဲ ဘဏ်တွေဟာ လည်ပတ်နိုင်တယ်။ ယုံကြည်မှုကို အခြေခံပြီး ဝန်ဆောင်မှု ရောင်းစားတဲ့ လုပ်ငန်းပါ။

ဘဏ်တစ်ခု နာမည်ဆိုးထွက်ပြီး လူတွေ ငွေအကုန်လာထုတ်ကြပြီဆိုရင် ဘဏ်ပြိုတတ်ပါတယ်။ ဘဏ်ဆိုတာ ပြိုရင် ဆက်တိုက်ပြိုတတ်တဲ့ သဘောရှိပါတယ်။ တစ်ဘဏ်ပြိုသွားရင် အခြားဘဏ်တွေကိုပါ ယုံကြည်မှု မရှိတော့တာကြောင့် အကုန်ပြေးထုတ်ကြရင် ဆက်တိုက်ပြိုတတ်တာပါ။

ဒါ့ကြောင့် ဘဏ်တစ်ခုနဲ့တစ်ခုဟာ ပြိုင်ဘက်ဆိုတာထက် အရေးကြုံရင် အချင်းချင်း ထောက်ကန်ပေးကြရတယ်။ ဥပမာ- A ဆိုတဲ့ဘဏ်က နာမည်ဆိုးထွက်ပြီး ငွေတွေကြောက်လန့်ပြီး ထုတ်ကြ။ လက်ထဲမှာလည်း မထားချင်၊ B ဆိုတဲ့ဘဏ်နဲ့ Cဆိုတဲ့ဘဏ်ကို ပြန်အပ်ကြ။

အဲ့လို အခြေအနေမှာ B Bank နဲ့ C Bank ဟာ သူတို့ဆီကို လာအပ်တဲ့ငွေကို A Bank ဆိ ပြန်ပို့ပြီး ထောက်ကန်ကြရတယ်။ A ကထုတ်၊ Bနဲ့ C ကိုရောက်၊ Bနဲ့ C က နောက်ပေါက်ကနေ A ဆီ ငွေပြန်ပို့။ ငွေအေးဆေးထုတ်ပေးနိုင်ရင် A ပေါ် ယုံကြည်မှု ပြန်ရှိလာ၊ ပြန်လည်ပတ်၊ ဒီပုံစံနဲ့ပဲ သွားခဲ့ကြတယ်။

အခုပြသနာက တစ်နိုင်ငံလုံးက ပြည်သူတွေ ငွေပြန်ထုတ်ကြတဲ့ ပြသနာပါ။ ဘာလို့ထုတ်လဲဆိုတော့ မယုံလို့ပါ။ ဘာလို့မယုံလဲဆိုတော့ အုပ်ချုပ်နေတဲ့ မအိမ်လုံးတွေက ယုံစရာ မကောင်းလို့ပါ။ တစ်ဘဏ်နဲ့တစ်ဘဏ် ထောက်ကန်ပေးလို့မရတော့ပါဘူး။ တစ်ဘဏ်ကထုတ်ပြီး တစ်ဘဏ်ကို သွားအပ်တာမျိုး မဟုတ်ဘဲ လက်ထဲမှာ ကိုင်ထားလိုက်ကြလို့ပါ။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးတာနဲ့ ဘဏ်တွေရဲ့အချုပ်ဖြစ်တဲ့ ဗဟိုဘဏ်မှာ နားလည်တတ်ကျွမ်းသူတွေအစား လေးတန်းအောင်အဆင့် ဩဇာခံတွေကို ဆွဲခန့်ပစ်လိုက်တယ်။ စစ်ကောင်စီယန္တယားလည်ပတ်ဖို့ လိုအပ်တဲ့ငွေ ရှာမရတဲ့အခါ ဘဏ်တွေဘက် လှည့်လာတယ်။ Customer ကလွဲရင် ဘဏ်ကတောင် သိခွင့်မရှိဆိုတဲ့ ယုံကြည်မှုနဲ့ ရောင်းချထားတဲ့ Safe Box တွေကို ဖိအားပေး စစ်ဆေးတယ်။ ငွေထုတ်နိုင်တဲ့ ပမာဏတွေကို ကန့်သတ်တယ်။ ဘဏ်တွေပေါ် ပြည်သူရဲ့ ယုံကြည်မှုကို ဖျက်စီးပစ်လိုက်တယ်။

နောက်တစ်ချက်က လည်ပတ်နေတဲ့ လေစက္ကူစနစ်ကို လုံးဝတွန်းလှဲပစ်လိုက်တယ်။ Mobile Data တွေ ပိတ်ပစ်လိုက်တာပဲ။ Mobile Banking ကနေ သူ့ကိုယ်လွှဲ၊ ကိုယ့်သူလွှဲနဲ့ လည်ပတ်နေတဲ့ ငွေကြေးစနစ်ဟာ ဒုန်းခနဲ ထိုးရပ်သွားတယ်။ Mobile Banking ထဲက ငွေအမောင့်လေးကို ကြည့်ပြီး စိတ်ချနေတဲ့လူတွေရဲ့ ရင်ထဲကို မီးထိုးပေးလိုက်တယ်။ ဒီအချိန်မှာ လူတွေဟာ ငွေသားကို ပိုအလိုရှိလာကြတော့တယ်။ ဘဏ်တွေမှာ ပြုံတိုးပြီး ထုတ်ကြတော့တယ်။

ငွေသား လက်ထဲရောက်ရင်တောင် ပြည်သူဟာ ငွေသားကို တရားမဝင်ကြေညာတာမျိုးတွေကို တွေးပူပြီး ရွှေနဲ့ ဒေါ်လာကို ဝယ်ကြတော့တယ်။ ရွှေစျေး၊ ဒေါ်လာစျေး ထိုးတက်လာတယ်။ ဒေါ်လာစျေးတက်လာတာနဲ့အမျှ ငွေသားတန်ဖိုး လျော့ကျလာတယ်။ အာဏာသိမ်း သုံးလကာလမှာ မြန်မာငွေကြေးတန်ဖိုးဟာ 20% ဝန်းကျင် ကျဆင်းသွားတယ်။ အရင် သိန်းတစ်ရာရှိသူဟာ တကယ့်တန်ဖိုး သိန်း၈၀ ပဲရှိတော့တယ်။ တိုင်းပြည်ဟာ အလုံးစုံပျက်သုဉ်းဖို့ ဦးတည်နေပြီ။

ငွေတွေ ရိုက်ထုတ်မယ်ထား။ ဘီလီယံချီ ရိုက်ထုတ်နိုင်ရင်တောင် သန်း၅၀ နဲ့စား၊ တစ်ယောက် သောင်းဂဏန်းပဲ ရမယ်။ အလုပ်မဖြစ်ဘူး။ ကုန်စျေးနှုန်း တက်မယ်။ ငွေကြေးဖောင်းပွမယ်။ ဖြစ်ချင်ရာဖြစ် ထုတ်တယ်ကွာဆိုရင်တောင် စက္ကူနဲ့မှင်ဝယ်ယူဖို့ ဆန်ရှင်ထိလို့ ရောင်းမယ့်သူမရှိဘူး။

ငွေမထုတ်ပေးနိုင်တာ ဘဏ်တွေ အပြစ်မဟုတ်ဘူး။ ငွေထုတ်ကြတာလည်း ပြည်သူရဲ့ အပြစ်မဟုတ်ဘူး။ ငွေတွေ စုပြုံထုတ်အောင် တွန်းပို့လိုက်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အပြစ်ပဲ။

ဘဏ်တွေ မပြိုပါဘူး လာမဖြီးနဲ့။ Customer အားလုံး ငွေပြန်ထုတ်ရင် မြန်မာပြည်က ဘဏ်မပြောနဲ့၊ ဆွစ်ဇာလန်ဘဏ်တောင် ပြိုတယ်။ ငွေ ၈ကျပ်နဲ့ ပြား၃၀ ကို တစ်ရာပါဆိုပြီး လည်ပတ်ဖို့ဆိုတာ ကျန်တဲ့ ၉၁ကျပ် ပြား၇၀ ဟာ ယုံကြည်မှု တန်ဖိုးပဲ။

အခု စစ်ကောင်စီ ထိန်းချုပ်ခံဘဝရောက်နေတဲ့ ဘဏ်တွေနဲ့ Customer ကြားက ယုံကြည်မှု တန်ဖိုးဟာ Zero ဖြစ်သွားပြီ။

ဘဏ်တွေ ပြိုနိုင်လား ကိုယ့်ဖာသာ စဉ်းစားကြည့်ပါတော့။ ငွေတွေ ရအောင်ထုတ်ထားမယ် ဆိုတာလောက်နဲ့ မပြီးသွားပါဘူး။ တိုင်းပြည် Zero ဖြစ်ရင် ကိုင်ထားတဲ့ ငွေဟာ စက္ကူအဆင့်ပဲ ရှိပါတော့တယ်။

အာဏာရှင်စနစ်ကို အမြန်ဆုံးတိုက်ထုတ်နိုင်ပါမှ ကိုယ့်ဘဝကိုယ် ပြန်ရကြမှာပါ။

(PS- အချက်အလက်များကို နားလည်သူများရဲ့ ရေးသားချက်များမှ မှီငြမ်းထားပါတယ်)

ဆိုရှယ်မီဒီယာတွင်ဝေမျှထားသည်များကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါ၍ မူရင်းရေးသားသူအား ခရစ်ဒစ် ပေးပါသည်။ Photo- Credit

Related Posts

ဇန်နဝါရီ ၁၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ဘယ်ဘက်ကနိုင်နေပြီလဲ

ဇန်နဝါရီ 27, 2023

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကြာမြင့်လာသောအခါ ဘယ်ဘက်ကနိုင်နေပြီလဲ...

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

ဇန်နဝါရီ 23, 2023

၂၀၂၂ ခုနှစ် နှစ်ကုန်ခါနီး မြန်မာ့အရေးနှင့် ပတ်သက်သည့်...

ဇန်နဝါရီ ၀၇၊ ၂၀၂၃။ (စနေ)
သုံးသပ်ချက်များ

UNSC ရဲ့ ဆုံးဖြတ်ချက်နဲ့ အာဏာရှင်တို့ရဲ့ အဆုံးသတ်”

ဇန်နဝါရီ 13, 2023

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၂)နေ့ မြန်မာစံတော်ချိန်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist