Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ပြည်တွင်းစစ်က ဖြစ်နေတာ မဟုတ်ဘူးလား?

April 29, 2021
in သုံးသပ်ချက်များ
Reading Time:2 mins read
Share on FacebookShare on Twitter

ဦးသန့်မြေး ဒေါက်တာသန့်မြင့်ဦးက ပြည်တွင်းစစ်မဖြစ်နိုင်ဘူး ပြောနေတယ်။ ပြည်တွင်းစစ်က ဖြစ်နေတာ မဟုတ်ဘူးလား? သူက ဘာတွေကို ကြည့်ပြီး ပြောတာလဲ? လူထုက နိုင်ပါ့မလား? ဦးဇင်းအမြင် ပြောပါဦး။

ဒေါက်တာသန့်မြင့်ဦးရဲ့ သုံးသပ်ချက်ကို ဖတ်မိပြီး သူ့ကို ဝိုင်းဆဲနေကြတာ တွေ့ရတယ်။ စိတ်ဓာတ်ကျစေတယ်ပေါ့လေ။ သူပြောတာ နားမလည်ကြလို့ ဖြစ်ပါလိမ့်မယ်။ သူက ရွေ့နိုင်တဲ့အရွေ့ကို ပညာရပ်ဆိုင်ရာအမြင်နဲ့ ကြည့်ပြီး ပြောနေတာဖြစ်ပါတယ်။ လူတွေအကြိုက်ကို လိုက်ပြီး ပြောနေတာမဟုတ်ပါဘူး။

 မိမိအကြိုက်ထက် အခုအချိန်မှာ False Hope တွေ မပေးတဲ့ ရွေ့နေတဲ့အရွေ့တွေရဲ့ အမှန်တရားကိုသာ နားလည်နေဖို့ လိုအပ်ပါတယ်။  မြန်မာတွေက ပြည်တွင်းစစ်ကို ဖြစ်နေတာ နှစ်၇၀လောက်ရှိပြီလို့ ယူဆကြတယ်။ အခုက ပြည်တွင်းစစ်လို့ မြန်မာအခေါ်နဲ့ ခေါ်နေကြပေမဲ့ ဗမာအကြမ်းဖက်စစ်တပ်လုယူထားလို့ တရသမျိုးနွယ်စုများရဲ့ ကိုယ့်ဒေသ ကိုယ်ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှု Rival War အဆင့်သာ ဖြစ်ပါတယ်။ တကယ့် Civil War က တပြည်လုံးအတိုင်းအတာနဲ့ ဖြစ်မှ ခေါ်ပါတယ်။ ​

မြေပြန့်ပြည်မမှာ စစ်တပ်ကို အားပြိုင်မဲ့ လက်နက်ကိုင်နောက်တဖွဲ့ပေါ်ပြီး မတိုက်ခိုက်နိုင်သေးသ၍ Civil War အဆင့် မရောက်သေးပါဘူး။ မြေပြန့်ပြည်မက လူဦးရေသိပ်သည်းပြီး နယ်မြေကျယ်တယ်။ သူပြောလိုတာက မြန်ပြန့်မှာ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တည်ပြီး တိုက်ခိုက်နိုင်ဖို့ မလွယ်သေးဘူးဆိုတဲ့သဘောပါ။ လက်နက်ကိုင်သူတွေ ဝင်လာဖို့ မလွယ်ကူသလို လက်နက်တွေ ရောက်လာပြီး တော်လှန်ရေးသမားတွေကို လက်နက်တပ်ဆင်ပေးနိုင်ဖို့ မလွယ်သေးဘူးလို့ ပြောလိုက်ခြင်း ဖြစ်ပါတယ်။ အဓိကအကျဆုံးက ငွေပါပဲ။

ဒီမိုကရေစီနိုင်ငံအများစုက CRPHကို ထောက်ခံပေမဲ့ ရော့အင့် ပြည်တွင်းစစ်ပွဲကြီး ဆင်နွှဲကြဆိုပြီး ငွေနဲ့ လက်နက်တွေ တန်းပြီးထောက်ပံ့ပေးမှာ မဟုတ်ပါဘူး။ ဒါမျိုးထောက်ပံ့တာက လူပေါင်းများစွာ သတ်ခိုင်းသေခိုင်းတာဖြစ်ပြီး ကိုယ်ကျင့်ဆိုင်ရာပြဿနာ ရှိနေပြန်ပါတယ်။ သူတို့ထောက်ရင် Humanitarian ခေါင်းစဥ်အောက်ကနေပဲ ထောက်လိမ့်မယ်။ အမေရိကားနဲ့ အင်အားရှိတချို့ကတဖက်, တရုတ်နဲ့ ရုရှားကတဖက် Proxy Warအတွက် ထောက်ပံ့လိုက်မှ ပိုပြီးကြေမွသွားတယ်ဆိုတာမျိုး ရှိပါသေးတယ်။ အမေရိကားဝင်ပါပြီဆိုရင် တရုတ်တို့ကလည်း ငြိမ်နေမှာ မဟုတ်ပါဘူး။ ထို့အတူပဲ တရုတ်က ပေါ်တင်ဝင်လို့လည်း မရပြန်ပါဘူး။

သူပေါ်တင်ပါရင် ကိုယ်လည်းပေါ်တင်ပါမယ်ဆိုတာမျိုးပဲ ဖြစ်သွားမှာပါ။ ဘယ်သူမှ ကိုယ်တိုင်ဝင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါက အကြောင်းမတော် ကမ္ဘာ့စစ်အဆင့်ထိ ငြိသွားနိုင်သလို အမေရိကားစသည်အတွက် မြန်မာက ဒီလောက်အထိ ရင်းရအောင် မတန်သေးပါဘူး။ လက်နက်နဲ့ ငွေတန်းပြီးထောက်လို့ မရလို့လည်း CRPHက R2Pနဲ့ No Flight Zone ရလဒ်အတွက် အရင်သွားထားတဲ့သဘောပါ။

 သို့သော် ဒါကလည်း အောင်မြင်မယ်ဆိုရင်တောင် ၂၀၂၂-၂၃ထဲလောက်မှ ဖြစ်ဖို့များပါတယ်။ R2Pလမ်းကြောင်းက နောင်တချိန်အတွက် ယခုကတည်းက အဆင်သင့်ပြင်နေရသလို လုပ်နေတာမှန်ပေမဲ့ တခြားနိုင်ငံများရဲ့ ကိုယ်တိုင်ဝင်ရောက်မှုက ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက်ကြောင့် တစ်ခုပြီးမှ တစ်ခုလုပ်ရင် မှားနေမှာဖြစ်တဲ့အတွက် မိမိကိုယ်ကိုအားကိုးရေးအစီအစဥ်ကို တပြိုင်တည်းပဲ အကောင်အထည်ဖော်ကြရမှာပါပဲ။ R2P က ဖြစ်နိုင်ပေမဲ့ ကြာမြင့်မယ်။

အခု အရှေ့တောင်အာရှငြိမ်းချမ်းရေးဆိုပြီး အသစ်ကြားရတဲ့ A4P=ငြိမ်းချမ်းရေးထိန်းသိမ်းခြင်းထောက်ပံ့ရေးဆိုတာကတော့ အမြန်ဖြစ်လာဖွယ်ရှိပုံရပါတယ်။ ကုလလည်း ဘာမှမသက်ရောက်တဲ့အဖွဲ့မဟုတ်ဆိုတာ ပိုပြီးထင်ရှားလာပါတယ်။ တရုတ်ဟာ ဘယ်မူကိုကိုင်ပြီး ဖက်ဆစ်ဆန့်ကျင်ရေးဘက် ပိုယိမ်းလာကြောင်းကိုလည်း ပြပါတယ်။  ASEANမှာ မငြိမ်းချမ်းတာလည်း မြန်မာပြည်ပဲ ရှိပါတယ်။ အခုလည်း ဘင်္ဂလားဒေ့ရှ်ကို စင်္ကာပူကနေ သယ်လာတာတွေ ပို့နေပြီဆိုတဲ့သတင်းအရ မြန်မာပြည်အတွက်ဆိုတာ သေချာသလောက်ပါပဲ။ ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်က အားလုံး ၁၂၀၀၀၀နီးပါးရှိပြီး တာဝန်ကိုယ်စီယူထားတဲ့နိုင်ငံတွေမှာပဲ နေကြပါတယ်။

ဘင်္ဂလားဒေ့ရှ်က ကုလတပ်ဖွဲ့ဝင်အများဆုံး ထောက်ပံ့တဲ့နိုင်ငံလည်းဖြစ်တော့ သူဦးဆောင်ပြီး ဝင်လာနိုင်ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်က ရိုဟင်ဂျာကိစ္စအတွက် ဘင်္ဂလားဒေ့ရှ်က ဝင်လာနိုင်လားမေးတော့ နှစ်နိုင်ငံစစ်မက်ပုံစံနဲ့ ဝင်မလာနိုင်ကြောင်း UNခေါင်းစဥ်အောက်ကတော့ ဝင်လာနိုင်မယ်ဖြစ်ကြောင်း ပြောခဲ့ဖူးတာ မှန်တော့မယောင် ရှိလာပါပြီ။ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာကိစ္စ ကိုင်တွယ်ပုံက မဟာဗျူဟာကျတယ် ပြောရမှာပဲ။ ဟိုပရမ်းပတာလျှောက်လုပ်နေတဲ့ဖက်ဆစ်အဖွဲ့ထက် အဆပေါင်းများစွာ စဥ်းစားညဏ်ပိုကြီးပါတယ်။ နိုင်ငံအနေနဲ့ဆို လက်နက်အင်အားသာသူနဲ့ပဲ အတူရပ်တည်ထားတယ်။

 အကယ်၍ တော်လှန်ရေးမှာ ဖက်ဆစ်အဖွဲ့က အပီအပြင်ထိန်းလိုက်နိုင်လည်း သူ့အတွက် နိုင်ငံရေးအမြတ်ကျန်မှာပါပဲ။ နိုင်ငံတကာအနေနဲ့ကျ ဖက်ဆစ်အဖွဲ့ကို ဖိအားပေးရေးဘက်မှာ ရှိနေတဲ့ပုံပါပဲ။ သို့သော် ဒီprocess ကလည်း ကုလလုံခြုံရေးကောင်စီရဲ့ အခွင့်အာဏာအောက် ရောက်နေတော့ တရုတ်ရဲ့ သဘောထားသာ အရေးပါတယ်။ တရုတ်ကလည်း တွေ့ဆုံငြှိနှိုင်းရေးမူကို ကိုင်ထားတဲ့အတွက် A4P အစီအစဥ်နဲ့ နီးကပ်တယ်လို့ ပြောယုံသာရှိပြီး လုံးဝအသေအချာလို့တော့ ယတိပြတ်မပြောနိုင်သေးပါဘူး။

 ဝင်လာခဲ့ရင်တော့ မိမိတို့ဘက်က ဖက်ဒရယ်အတွက် အလျှော့မပေးရေးမူနဲ့ ငြှိနှိုင်းရပါလိမ့်မယ်။ ဒီကြားထဲ စစ်ခွေးရူးများရဲ့ အောက်ခြေတပ်က A4P တပ်ကို ထတိုက်ချင်လည်း တိုက်နိုင်တာပဲ။ အောက်ကလူတွေက ဘာမှစဥ်းစားညဏ်ရှိလှတာမျိုး မဟုတ်ဘူး။ ဒီတော့လည်း R2P ပါ ပိုမြန်သွားတာပေါ့။ ဒီအချိန်ဟာ ဖက်ဆစ်စကစအတွက် မြောက်မီးခဲကိုင်မိနေသလိုပါပဲ။ သို့သော် မသေချာတဲ့အရာတွေအပေါ်မှာ အလုံးစုံမှီခို စိတ်ကူးနဲ့ လေထဲတိုက်ဆောက်နေလို့ မရပါဘူး။ ဒါကြောင့် မူလအတိုင်း ပြည်တွင်းနိုင်ငံရေး, စစ်ရေးတည်ဆောက်မှုက ဆက်ပြီးလုပ်နေရမှာပါပဲ။

ဖက်ဒရယ်အစိုးရစနစ်အတွက် အရင်တိုင်ပင်ခဲ့ကြတယ်။ ဖြစ်မလာခဲ့ဘူး။ အားလုံးပါဝင် ရေးဆွဲထားတဲ့ တကယ့်အချိုးကျကျ စနစ်တကျခွဲဝေတာဝန်ယူအခြေခံဥပဒေမျိုးက ကြိုရှိမထားခဲ့ဘူး။ အခုမှ ငြှိနှိုင်းတိုင်ပင်ရေးဆွဲရင်လည်း အချိန်များစွာ ယူရမယ်။ ဒီတော့ တနိုင်ငံလုံးက နိုင်ငံရေးအဖွဲ့တွေ စုပြီး အကောင်အထည်ဖော်တဲ့ တပ်ပေါင်းစုနဲ့ တွဲထားတဲ့ ကြားဖြတ်အစိုးရ အကောင်အထည်ဖော်ဖို့ တိုင်ပင်ကြည့်ခဲ့ကြမှာပါပဲ။ ဖြစ်မလာခဲ့ပြန်ပါဘူး။

ဒီနှစ်မျိုးလုံးက အကုန်လုံး မူလကတည်းက ညီထားပြီးမှ ဖြစ်မှာ။ ​မြေပြန့်ပြည်မမှာ အင်အားရှိတဲ့ တပ်လည်း မရှိသလို တရသတပ်အချင်းချင်းကလည်း တညီတည်း ဖြစ်ထားတာတော့ မဟုတ်ပြန်ပါဘူး။ လုပ်လို့မရဘူး။ ရလည်း တော်လှန်ရေးစိတ်ရှိတဲ့ တဖွဲ့နှစ်ဖွဲ့အပေါ်မှာပဲ အကုန်တာဝန်ပိသွားမှာ ဖြစ်ပါတယ်။ အခုတောင် KNUနဲ့ KIA အပေါ်မှာပဲ တာဝန်ပိနေတာ တွေ့ရပါတယ်။ ဒီတော့ နောက်ဆုံးရွေးချယ်မှုအနေနဲ့ ဖက်ဒရယ်စနစ်ကို ရည်ရွယ်ဦးတည်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တပ်ကို တည်ဆောက်ဖို့ပဲ လုပ်လိုက်ရပါတယ်။

ဒီနောက်ဆုံးတစ်ခုဟာ ပထမနှစ်မျိုးလောက် အားမကောင်းပါဘူး။ ပထမနှစ်မျိုးဟာ တစုတစည်းတည်း အတူတကွ အစိုးရတစ်ဖွဲ့တည်းရဲ့ ညွှန်ကြားချက်တွေအောက်မှာ အလုပ်လုပ်ရမယ်။ လက်ရှိအနေအထားက ကိုယ်နိုင်ငံရေးအဖွဲ့, ကိုယ့်တပ်ကိုယ်စီ သီးသန့်တွေပဲ ဖြစ်တည်သွားပြီး NUGနဲ့ ဖြစ်ပေါ်လာမဲ့ မြေပြန့်ပြည်မတပ်ဟာ ကျန်တရသ နိုင်ငံရေးပိုင်း, စစ်ရေးပိုင်းတွေနဲ့ တွဲလုပ်ယုံပဲ ရှိပါတော့မယ်။ အခုဖြစ်တည်သွားတာက KIA, AA, TLNA လို မဟာမိတ်ပုံစံပဲ ဖြစ်လာနိုင်လိမ့်မယ်။ KIAနဲ့ နီးရင် KIAနဲ့ တွဲလုပ်။ KNUနဲ့ နီးရင် KNUနဲ့ တွဲလုပ်။ ဒီလိုပဲ ဖြစ်သွားမယ်။ မြောက်ပိုင်းအဖွဲ့က တစ်ခုခုလုပ်ရင် သဘောတူညီချက်နဲ့ သွားကြပေမဲ့ ညီတယ်လို့ ပြောလို့ရသေးတယ်။ NUGဦးဆောင်မဲ့ တပ်နဲ့ တရသလက်နက်ကိုင်တွေက ညီပါ့မလား? ကိစ္စတစ်ခုကို တဘက်က လုပ်ချင်တယ် တဘက်က မလုပ်ချင်ဆိုတာမျိုး ဖြစ်နေနိုင်ပါတယ်။

တရသဘက်မှာလည်း ဗမာ, ပြည်မ စသည် တွေးလိုက်ယုံနဲ့ မယုံကြည်မှု ကဲပိုနေတာ တွေ့ရတယ်။ မိမိတို့က လက်နက်လူသူ အားနဲနေချိန် ဒါကပဲ နစအအတွက် အားသာစေတဲ့အချက်တစ်ချက် ဖြစ်နေတယ်။ တရသဘက်မှာလည်း အခုအချိန်မှာ သူတို့ကယ်တင်ပေးမှ ရမယ်ဆိုတဲ့အမြင်ကဲနေတာ တွေ့ရပါတယ်။ ဗမာတွေကို တောင်းပန်ရမယ်ဆိုတာတွေထိ တွေးခေါ်နေကြတယ်။ အင်စတီကျူရှင်နယ်လိုက်ဇေးရှင်း အလုပ်ခံထားရလို့ အခြေအနေမှန်ကို မသိခဲ့တဲ့ ဗမာတွေက ဘယ်သူ့ကိုမှ တောင်းပန်နေစရာ အကြောင်းမရှိပါဘူး။ တောင်းပန်ပါတယ်လို့ ခယဝယလုပ်တာမျိုးက မြန်မာ့ယဥ်ကျေးမှုစရိုက်မှာ မရှိသလို ဒါကို တန်းတူဆက်ဆံတယ်လို့လည်း မထင်ပါဘူး။ ပြည်သူလို့ မမြင်ပဲ ဗမာလို့ မြင်နေတာ ကဲနေတယ်။

 ဒါလည်း Militarism ​နဲ့ သေချာ လုပ်ယူထားလို့ ဖြစ်လာတဲ့ ဗမာအသာရရေးကို သာမာန် တောသူတောင်သားတွေကိုပါ တာဝန်ယူခိုင်းနေပုံမျိုးဆန်ပါတယ်။ စစ်တပ်ကျင့်သုံးနေတဲ့ Burmanism ကို အများပြည်သူကပါ ကျင့်သုံးနေသလို မျက်မုန်းကျိုးတဲ့အထိ တင်သွင်းခဲ့လို့ ဒီလို ဖြစ်နေတာပါ။ လျှော့ဖို့ လိုအပ်ပါတယ်။ အမှန်က ပြည်သူအများရဲ့ စိတ်မှာ ဗမာစစ်တပ်က သေဆုံးသွားပြီဖြစ်သလို တရသတပ်တွေကိုပဲ သူတို့စစ်တပ်လို့ မြင်ထားကြပြီးပါပြီ။ အမြင်ရဲ့နောက်မှာ action ပါလာလိမ့်မယ်။ ဒါသည်ပင် တကယ့်ပြောင်းလွဲမှုပါပဲ။ ဒီပြောင်းလဲမှုက တရသတပ်တွေက ဗမာတွေကို လာကယ်ပေးရမယ်လို့ တောင်းဆိုနေမှာ မဟုတ်ပါဘူး။

ခွဲထွက်သည်ဖြစ်စေ ဗမာအတွက် မတိုက်သည်ဖြစ်စေ လက်ခံနိုင်တယ်ဆိုတဲ့ ပြောင်းလွဲမှု။ မြေပြန့်ရဲ့ စစ်ရေးအခြေအနေ ပြောင်းလွဲမှုကို တကယ်လုပ်ရမှာ တရသလည်း မဟုတ်ဘူး။ မြေပြန့်ဗမာတွေကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အကျင့်ဆိုးတစ်ခုက နေလို့မရမှ ရုန်းကြတာမျိုး။ ဒါပေမဲ့ အခုက နေလို့မရဘူးလို့ ပိုင်းဖြတ်ထားပြီး ရုန်းမဲ့သဘောပါ။ နေလို့ မရတော့ဘူးဆို တကယ်ရုန်းပါတယ်။ သို့သော် တပြည်လုံး ညီနေမှဖြစ်မယ်။ တကယ့်အဖြစ်မှန်က အားလုံး မညီသေးသ၍ ဘယ်သူကမှ ဘယ်သူ့ကို ကယ်တင်လို့ မရပါဘူး။

ဖက်ဆစ်အကြမ်းဖက်အဖွဲ့ရဲ့ လောလောဆယ်အားသာချက်နောက်တစ်ခုက တရသလက်နက်ကိုင်များရဲ့ အခက်အခဲတမျိုးဖြစ်နေတဲ့ တရသများရဲ့ မြို့သိမ်းစစ်ဆင်ရေးဆင်နွှဲဖူးတဲ့အတွေ့အကြုံအားနဲတာပါ။ အတော်များများက မရှိကို မရှိသေးပါဘူး။ တောထဲမှာ ကြိုက်သလို တိုက်လို့ရပြီး မြို့တွင်းကို ဘယ်လိုတိုက်မလဲ တိုက်ပြီးဘယ်လိုထိန်းချုပ်မလဲဆိုတာကို နည်းဗျူဟာကျကျ တင်ကြိုစီမံထားရပါဦးမယ်။ KNUမှာတော့ ဒီအတွေ့အကြုံ အနဲငယ်ရှိဖူးတယ်။ လူထုရဲ့ ထောက်ခံမှု မရှိခဲ့လို့ ရေရှည် မထိန်းနိုင်ခဲ့ဘူး။

 လက်ရှိတရသတွေကိုယ်တိုင် သူတို့တွေရဲ့ ပြည်နယ်တွေရဲ့ အစိုးရအဆင့် မရောက်ကြသေးတာက မြို့သိမ်းတိုက်ပွဲတွေ မဆင်နွှဲနိုင်လို့သာ ဖြစ်ပါတယ်။ သူတို့ပြည်နယ်တစ်ခုချင်းက မြို့တွေကို မသိမ်းနိုင်သေးဘူး။ ဒီတော့ ပြည်နယ်အစိုးရအဆင့်ကို မတက်လှမ်းနိုင်ပါဘူး။ မြို့တွေမှာပဲ ရုံးစိုက်တယ်။ မြို့တွေကနေပဲ ထိန်းချုပ်တယ်။ မြို့ကို သိမ်းခြင်းသည်ပင် အစိုးရဖြစ်ခြင်း ဖြစ်ပါတယ်။ ဒါကို နားလည်ကြဖို့ လိုအပ်ပါတယ်။ ဒီအဆင့်ကို ရထားတာဆိုလို့ ဝအထူးဒေသပဲ ရှိသေးတာ တွေ့ရတယ်။ KNU, KIA, AA, TLNA အတိုက် သိပ်ကောင်းတယ်။ သို့သော် ဒုတိယအဆင့်ဆိုတာ ရွာလည်နေတဲ့အဆင့်သာ ဖြစ်ပါတယ်။ အဲဒီအဆင့်ကို မြေပြန့်ပြည်မစစ်ရေးလှုပ်ရှားမှု မပေါ်မချင်း ဘယ်သူမှ ဒီအခွင့်အရေး မရနိုင်ပါဘူး။ ပြောက်ကျားစစ်ဆင်ရေးဆိုတာ တော်လှန်ရေးရဲ့ ဒုတိယအဆင့်သာ ဖြစ်ပါတယ်။

မြေပြန့်မှာ အဲဒါပေါ်သွားရင်ကို တရသလက်နက်ကိုင်များဟာ နောက်တဆင့်တက်လို့ ရသွားပြီဖြစ်ပါတယ်။ သို့သော် မြေပြန့်မှာ ပြောက်ကြားစစ်ဆင်ရေးနဲ့ လည်နေရင် အဖြေအတိအကျ မထွက်ပါဘူး။ လုံးဝအားသာသွားပြီလို့တော့ ပြောနိုင်ပါတယ်။ CDM ကြောင့်ပါ။ CDMဟာ ဖက်ဆစ်တပ်နဲ့ ပြည်သူဟာ တဘက်လည်မြိုနဲ့ တဘက်လည်မြိုကို ပြိုင်တူညှစ်နေခြင်းသာဖြစ်ပါတယ်။ CDMနဲ့ စစ်ဆင်ရေး တွဲထားလို့ Failed State အဆင့်ထိ ဆွဲခေါ်နိုင်တာ မှန်ပေမဲ့ ဆီးရီးယားပုံစံအထိ မြန်မာက ရောက်စရာမရှိပါဘူး။

 ရေမြေမတူတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ မြန်မာပြည်ဟာ အပင်၁၀ပင်မှာ ၇ပင်လောက် စားလို့ရတဲ့နိုင်ငံမျိုးပါ။ ဆန်စပါးထုတ်လုပ်ရေးက မရပ်ပါဘူး။ ဆီးရီးယားက ကုန်သွယ်မှုရပ်တဲ့အချိန် စားစရာမရှိလို့ ဘာသာရေးဆရာများက ခွေးသား, ကြောင်သား စသည် စားခွင့်ရှိပါတယ် ကြေငြာပေးရတဲ့နိုင်ငံမျိုးပါ။ ထိတော့ထိမယ်။ ဆီးရီးယားလိုတော့ ဖြစ်လာမှာမဟုတ်ပါဘူး။ CDMကြောင့် အထိခိုက်ဆုံးက ငွေအဖြုန်းရဆုံး Institution သာ ဖြစ်ပြီး တကယ်သာ Failed State အဆင့်ထိ ကူးခဲ့ရင် အစစအရာရာ စိတ်ဓာတ်ပျက်ပြားပြီး အသိညဏ်မဲ့နေတဲ့ စစ်တပ်ဟာ စတင်ပြိုကွဲဖို့ သိပ်လွယ်သွားပါလိမ့်မယ်။

ယုံယုံကြည်ကြည် CDMကို ဆက်လက်တောင့်ခံဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာကြားဝင်မှု သို့ ပြောက်ကြားစစ်ဆင်ရေးမပေါ်မချင်း ဆန္ဒပြတာကိုလည်း ရပ်လို့မရသေးပါဘူး။ နောက်ထပ်ကမ်ပိန်းတစ်ခုလည်း လိုအပ်ပါသေးတယ်။ “တပ်ပြေးရေးကမ်ပိန်း’ပါ။ တိုင်းပြည်ကို ကယ်ချင် တပ်ပြေးကြဖို့ ဒီmessageကို အောက်ခြေစစ်သားတွေထံ ဘယ်လိုပို့မလဲ? သူတို့နဲ့ အနီးစပ်ဆုံးအထိ ဘယ်လိုပို့မလဲ? ကြည်းတပ်တိုက်ခိုက်ရေးက နှစ်မျိုးကွဲနေတယ်။

 ခမရနဲ့ ခလရ။ ခြေမြန်တပ်ရင်းနဲ့ ခြေလျင်တပ်ရင်း။ ခမရတွေက တိုက်ရည်ခိုက်ရည် အနဲငယ်ပိုသာပြီး ခလရတွေက combat skill နဲတာ တွေ့ရတယ်။ ခလရတွဟာ ယောင်ပေပေနဲ့ တပ်ထဲရောက်လာသူ ပိုများပါတယ်။ တရသနယ်တွေဘက်မှာ ခမရအနဲငယ်နဲ့ ခလရအများ တွဲလွှတ်တယ်။ ဒါကြောင့်လည်း အသေများတယ်။ ခမရဟာ အရေအတွက် နဲဟန်လည်း ရှိပြီး စစ်ခွေးလို brain washed အလုပ်ခံထားရတဲ့သူ ပိုများနေပုံပါပဲ။ ခလရဟာ ခိုင်းသမျှလုပ် ရိုးရိုးအူအူအအတွေပဲ များမယ်။

 ခမရတွေကို သူတို့ကို ကာကွယ်ဖို့နဲ့ မြို့တွေကို ထိန်းဖို့ မြို့သိမ်းတိုက်ပွဲတွေကို ကာကွယ်ဖို့ မြို့မှာပဲထားပြီး ခလရတွေကို ရှေ့တန်းလွှတ်တယ်။ အခုမြို့တွေမှာ သောင်းကျန်းနေသူတွေဟာ ခမရတွေ ဖြစ်ဖို့များပါတယ်။ စစ်ခွေးတွေ, ခွေးရူးတွေပေါ့။ မြို့ကို သိမ်းထားသူကသာ အစိုးရဆိုတာမျိုး ဖက်ဆစ်အုပ်စုက နားလည်ထားတဲ့သဘောပါပဲ။ တကယ်စတင် ပြိုကွဲလာရင် ခလရအုပ်စုဘက်ကသာ ပြိုကွဲလာဖို့ များတယ်။ အခုတပ်ပြေးတွေကလည်း သူတို့ပါပဲ။ သူတို့တွေထံ သတင်းစကားအရောက်ပို့နိုင်ဖို့ လိုအပ်ပါတယ်။ ကြိုလုပ်ထားရပါမယ်။

ဆိုလိုတာက စစ်ခွေးနဲ့ ခွေးရူးအနဲငယ်သာ ကျန်ရစ်ပါစေဆိုတဲ့သဘောပါ။ ပြည်တွင်းပြည်ပအဘက်ဘက်ကကြည့်ရင် ဒီတပွဲက ပြည်သူနိုင်မဲ့ပွဲပါ။ မဟာဗျူဟာကျကျ လှုပ်ရှားတတ်ဖို့သာ လိုအပ်ပါလိမ့်မယ်။ ဒီတခါ လူထုရဲ့ ပြည့်ဝတဲ့ထောက်ခံမှုကြောင့် ဒီအဆင့်တွေကို ကျော်ဖြတ်သွားနိုင်မယ်လို့ပဲ ယုံကြည်ရပါတယ်။  လက်ရှိအခြေအနေမှာတော့ ပြောင်းလွဲသွားပြီဆိုပေမဲ့ အကြမ်းဖက်တပ်ကြီးရဲ့ နောက်မြှီးဆွဲလူအုပ်ကလည်း မသေးဘူးဆိုတာ သတိရပါ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲ နေရာအတော်များများမှာ ကြံ့ဖွတ်ပါတီထောက်ခံသူတွေ NLDရဲ့ သုံးပုံတစ်ပုံရှိခဲ့တာကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။

 ဒါကပဲ ဒလန်သိပ်များနေခြင်းရဲ့ အကြောင်းအရင်းလည်းဖြစ်ပါတယ်။ ဒီအခြေအနေကို ကျော်လွှားမဲ့ စစ်ရေးဗျူဟာကို အစီအစဥ်ရေးဆွဲပြီး တကယ်အကောင်အထည်ဖော်လိုက်နိုင်ရင်တော့ လူထုအားအသာနဲ့ လက်နက်ကိုင်, လက်နက်အားအသာနဲ့ အကြမ်းဖက်တပ်ဟာ အင်အားမျှသလို ဖြစ်သွားမှာပါ။ သို့သော် ပြည်သူတွေဟာ Failed State အထိ ဆွဲခေါ်ရဲဖို့ လိုအပ်သလို ခေါ်နိုင်ရင်လည်း ငွေအသုံးရဆုံးစစ်တပ်က ပြိုကွဲဖို့ များသွားပါပြီ။ စစ်ခွေးရူးများအတွက် ပြည်တွင်းပြည်ပ စစ်မျက်နှာက အတိုင်းအဆမဲ့ ကြီးထွားသွားပြီး အဆုံးသတ်ရတော့မှာပါ။

ဒေါက်တာသန့်မြင့်ဦးအလိုအရ လက်ရှိ Rival War ပိုမိုကြီးထွားလာပြီး Failed State အရင်ကူးမယ်။ လက်နက်အဆင်သင့်ရှိပြီး တပ်တွင်းပြိုကွဲမှသာ civil war တကယ်ဖြစ်လာမယ်လို့ ဆိုလိုဟန်တူပါတယ်။ လူထုကို ရှုံးမယ်လို့ ပြောလိုဟန်မတူပါဘူး။ ပြောရရင် အဆင့်လိုက် ဖြစ်လာမဲ့အရာကို တွက်ချက်ပြီး ဒီအတွက် ပြင်ထားကြရမဲ့ နောက်တဆင့်မဟာဗျူဟာနဲ့ ပြည့်စုံတဲ့အထောက်အပံ့ လိုအပ်တယ်လို့ ညွှန်ပြနေခြင်း ဖြစ်ပါတယ်။  Civil War မရောက်ခင် Rival and Revolutionary Warအဆင့်နဲ့ Failed State ကို အရင်ဖြတ်သန်းရဦးမယ်လို့ ဆိုလိုပါတယ်။ Failed State အထိပါ ဆွဲခေါ်ရဲတဲ့အထိ ပြည်သူက ပြင်ထားပြီးပြီဆိုရင်တော့ ဒီပွဲကို အပြတ်နိုင်ပြီလို့သာ ပြောပါရစေ။

ဆိုရှယ်မီဒီယာပေါ်တွင် ဝေမျှထားသည်များကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါ၍ မူရင်းရေးသားသူ ကို ခရစ်ဒစ်ပေးပါသည်။ Photo – Credit

Related Posts

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

သုံးသပ်ချက်များ

“၂၀၂၅ စိန်ခေါ်မှု”

March 28, 2025

ဘာကြောင့် တော်လှန်ရေး လုပ်ခဲ့ကြတာလဲဆိုတာကို မျက်ခြည်ပြတ်လာကြလေသလားလို့ စိုးရိမ်စရာတွေ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English