Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

CDM ဆရာဝန်များ၏ မိသားစုဝင်များကိုပါ စစ်ကောင်စီ ဖိအားပေးခြိမ်းခြောက်နေ

April 28, 2021
in သတင်း
Reading Time:2 mins read
Share on FacebookShare on Twitter

စစ်အာဏာရှင်ဆန့်ကျင်ရေးပြုလုပ်နေသူ CDM ဆရာဝန်များကို အာဏာသိမ်းစစ်ကောင်စီက ပစ်မှတ်ထားဖိနှိပ်လျက်ရှိရာ ပုဒ်မ ၅၀၅−က ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် CDM ဆရာဝန်ပေါင်း ၃၀၀ ခန့်ရှိပြီဖြစ်သည်

Myanmar Now

Published on Apr 27, 2021

အာဏာသိမ်းစစ်ကောင်စီက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူ ဆရာဝန်များကို ပစ်မှတ်ထားဖိနှိပ်လျက်ရှိရာ ပုဒ်မ ၅၀၅−က ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် CDM ဆရာဝန်ပေါင်း ၃၀၀ ခန့်ရှိပြီဖြစ်သည့်အပြင် သက်ဆိုင်ရာ မိသားစုဝင်များကိုပါ ဖိအားပေးခြိမ်းခြောက်လာသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးပြုလုပ်နေသူ CDM ဆရာဝန်များကို ဖမ်းဆီးရမိခြင်း မရှိသည့်အတွက် စစ်ကောင်စီက မိသားစုဝင်များကို ဖမ်းဆီးခြင်းနှင့် CDM ဆရာဝန်များ လုပ်ငန်းခွင်ပြန်ဝင်ရန် မိဘများအပေါ် ဖိအားပေးခြင်းများ ပြုလုပ်လာသည်။

ယမန်နေ့ (ဧပြီ ၂၆) မွန်းလွဲပိုင်းတွင် တောင်ဥက္ကလာပမြို့နယ်တွင် ဆရာဝန်တစ်ဦးကို စစ်တပ်က လာရောက်ဖမ်းဆီးစဉ် ၎င်းဆရာဝန်မှာ တိမ်းရှောင်နေသောကြောင့် ဖခင်နှင့် ညီမကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆွေမျိုးနီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

အသက် ၃၁ နှစ်အရွယ် ဒေါက်တာယုစန္ဒာမိုးကို ဖမ်းဆီးရမိခြင်း မရှိသဖြင့် ဖခင်ဖြစ်သူ အသက် ၆၀ ကျော်အရွယ် ဦးမိုးသိန်းနှင့် တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သည့် ညီမဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

“သူက CDM ဆရာဝန် မဟုတ်ဘူး။ အစိုးရဝန်ထမ်းမဟုတ်ဘူးလေ။ လမ်းထဲက ဒလန်တွေက CDM ဆိုပြီး တိုင်လိုက်တယ်လို့ သိရတာ။ တချို့ကလည်း (နာမည်စာရင်းအတိအကျ) စာရွက်နဲ့ လာတာလို့ ပြောတယ်” ဟု ဆွေမျိုးနီးစပ်သူက ဆိုသည်။

မိသားစုဝင်လေးဦးသာရှိသော ဒေါက်တာယုစန္ဒာမိုးတွင် ဖခင်နှင့် ညီမ အဖမ်းခံလိုက်ရသည့်အတွက် မိခင်တစ်ဦးတည်းသာ ကျန်ခဲ့ကြောင်း၊ ဦးမိုးသိန်းမှာလည်း သွေးတိုး၊ ဆီးချိုနှင့် ဂေါက်(အဆစ်ရောင်) ရောဂါများရှိသည့်အတွက် နေ့စဉ် မဖြစ်မနေဆေးမှီဝဲနေရသည်ဟု ယင်းဆွေမျိုးနီးစပ်သူက ပြောသည်။

“ရန်ကင်းရဲစခန်းမှာ ရှိနေတယ်လို့ပြောတယ်။ တွေ့ခွင့်တော့ မရသေးဘူး။ ရပ်ကွက်ဥက္ကဋ္ဌကနေတစ်ဆင့် ဆေးတွေ ထည့်ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တိမ်းရှောင်နေသော ဒေါက်တာယုစန္ဒာမိုးနှင့် မိသားစုဝင်များ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကာ လုံခြုံသည့်နေရာ ရောက်မရောက် အတည်မပြုနိုင်ကြောင်းလည်း ယင်းဆွေမျိုးနီးစပ်သူက ဆက်လက်ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး သုံးလနီးပါးရှိလာသည့်အချိန်ထိ CDM လှုပ်ရှားမှုများ အားကောင်းနေဆဲဖြစ်ရာ စစ်ကောင်စီက CDM ဆရာဝန်များ အလုပ်ပြန်ဝင်ရန် မိဘများကိုပါ ဖိအားပေးလျက်ရှိသည်။

ပုသိမ်ဆေးရုံအုပ် ဒေါက်တာသန်းမင်းထွဋ်ကို မတ်လအတွင်းက ဖမ်းဆီးခဲ့ပြီးနောက် ၎င်းဆေးရုံမှ CDM လက်ထောက်ဆရာဝန်များ အလုပ်ပြန်ဝင်ရန် မိဘများထံ ဧပြီ ၂၆ တွင် အကြောင်းကြားစာ ပေးပို့ခဲ့သည်။

“အမြန်ဆုံး အလုပ်ပြန်လည်ဝင်ရောက်နိုင်ရေး ၎င်းတို့၏ မိဘများမှ ကြပ်မတ်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ အောက်ဖော်ပြပါအစီအစဉ်အတိုင်း တွေ့ဆုံညှိနှိုင်းသွားမည်ဖြစ်သဖြင့် ကာယကံရှင်မိဘများ မပျက်မကွက် (မပျက်မကွက်) တက်ရောက်နိုင်ရေး ဖိတ်ကြားပေးနိုင်ပါရန်” ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာတွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးပြီးချင်း အစောဆုံး CDM ပြုလုပ်ခဲ့သူ ကျန်းမာရေးဝန်ထမ်းများကို စစ်ကောင်စီက လိုက်လံဖမ်းဆီးရာတွင် CDM နှင့် ပြင်ပဆရာဝန် ၁၅ ဦး၊ သူနာပြု ၂ ဦး အဖမ်းခံခဲ့ရကြောင်း ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂက ဧပြီ ၁၂ တွင် ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကုသပေးနေသည့် ဆရာဝန်များကိုလည်း စစ်ကောင်စီက လိုက်လံဖမ်းဆီးလျက်ရှိသည့်အတွက် ဆရာဝန်အများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ကောင်စီက CDM ဆရာဝန်များကို နိုင်ငံကူးလက်မှတ်ဖျက်သိမ်းမည်ဟုလည်း ကြေညာထားပြီး CDM ဆရာဝန်များကို လက်ခံပေးသည့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကိုလည်း လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု နေ့စဉ်ခြိမ်းခြောက် ကြေညာလျက်ရှိသည်။

စစ်အာဏာသိမ်းစစ်​မှုကို ဆန့်ကျင်သော မြန်မာပြည်သူများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အော်စလိုတက္ကသိုလ်ရှိ ပါမောက္ခ ၆ ဦးက မတ်လကုန်ပိုင်းတွင် လက်မှတ်ရေးထိုး အဆိုပြုခဲ့သည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင် အကြမ်းမဖက်သည့်လှုပ်ရှားမှုဖြစ်သော CDM လှုပ်ရှားမှုသည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ခိုင်မာအားကောင်းရေးအတွက် အပြုသဘောဆောင်သည့် လုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် အဓိကကျကြောင်းနှင့် CDM လှုပ်ရှားမှု အောင်မြင်မှုရရှိပါက နိုင်ငံအတွင်း နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် စစ်တပ်အုပ်ချုပ်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခများကို ချုပ်ငြိမ်းစေမည်ဖြစ်ကြောင်း ထိုပါမောက္ခများ၏ အဆိုပြုလွှာ၌ ထည့်သွင်းရေးသားသည်။

Source – Myanmar NOW ( https://myanmar-now.org/mm/news/6621 )

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English