နွေဦးတော်လှန်ရေးကြောင့်အဖမ်းခံရသူတွေလွှတ်ပေးဖို့တောင်းဆိုတဲ့ သပိတ်လုပ်ကြတယ်။ အင်္ကျီအပြာ ဝတ်ပြီးလက်ဝါးပေါ်မှာ ကိုယ်လွတ်စေချင်တဲ့သူရဲ့နာမည်ရေးပြီး ဓါတ်ပုံရိုက်တယ်။ အဲဒီပုံကို ဖေ့စ်ဘုတ် ပေါ်မှာတင်ပြီး ဆန္ဒထုတ်ဖော်ကြတာမျိုးပါ။ အင်တာနက်အသုံးပြုခွင့်ရနေသေးတဲ့သူတော်တော်များများ ပါဝင်ကြတယ်။ စစ်တပ်က အများပြည်သူကိုမတရားဖမ်းဆီးမှုအတွက် တတ်နိုင်သမျှဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုတွေထဲကတစ်ခုဖြစ်တယ်။ စစ်တပ်ကပြုလုပ်ခဲ့တဲ့ သင်္ကြန်မှာပါဝင်ခဲ့သူတစ်ချို့ဟာ သူတို့ဟာ ဒလန်မဟုတ်ပါဘူးဆိုပြီး စာအရှည်ကြီးတွေရေးပြီးတင်ကြရတာတွေ့ရတယ်။ ပြည်သူကတော့လက်မခံ တော့ပါဘူး။ စစ်တပ်နဲ့ပတ်သက်တာမှန်သမျှကို ပြည်သူတွေက နာကျင်ကုန်ကြပြီလေ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


