Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ပစ်သတ်ခံရသူတို့၏အုတ်ဂူများ ပဲခူးသုသာန်တွင် ဖျက်ဆီးခံရ

April 19, 2021
in သတင်း
Reading Time:2 mins read
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် ပြည်သူလူထုကို ပစ်သတ်ရုံသာမက သုသာန်တွင် ဂူသွင်းမြှုပ်နှံထားခြင်းကိုလည်း လိုက်လံ​ဖျက်ဆီးလျက်ရှိသည်

Myanmar Now

Published on Apr 19, 2021

ပဲခူးမြို့တွင် အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်မှုကြောင့် သေဆုံးသွားသူတို့၏ အုတ်ဂူများကို စစ်ကောင်စီက ဖွင့်ဖောက်ဖျက်ဆီးလျက်ရှိသည်ဟု မြို့ခံများက ယနေ့ (ဧပြီ ၁၉) တွင် ပြောသည်။

နံနက်ပိုင်းတွင် သေနတ်သမားများ ဆင်ဖြူကွင်းသုသာန်သို့ ကား ၃ စီးဖြင့် ရောက်လာကြပြီး ဖျက်ဆီးကြသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။

“ဒီဂူထဲက ဟာတွေက ဘာမှ မကြာသေးဘူး။ လဆန်းပိုင်းလောက်က။ အလောင်းတွေက အခုမှ ပုပ်ကောင်းတုန်းအချိန်ဆိုတော့ နံစော်နေတာပဲ”ဟု ထိုဖျက်ဆီးမှုကို တွေ့ရှိခဲ့သည့် မြို့ခံက ပြောသည်။

“ဂူတွေကို တစ်လုံးချင်းစီ ပြန်ဖောက်နေတယ်။ အလောင်းတွေ ဆွဲထုတ်နေတယ်။ သူတို့ဖောက်ထားတဲ့ဂူထဲက အလောင်းတွေကို နောက်ထပ်တစ်လုံးချင်းစီ ပြန်ခွဲထည့်မှာ။ ဒီဂူက ဥပဒေနဲ့မညီဘူးလို့ ပြောတယ်။ ဘာဥပဒေလည်း မသိဘူး”

အုတ်ဂူများကို ဖျက်ဆီး၍ ရုပ်အလောင်းများအား ဆွဲထုတ်ထားကာ အပြင်၌ ချထားကြောင်း၊ အုတ်ဂူအသစ်မလုပ်ရသေးကြောင်း သိရသည်။

ဧပြီ ၁၈ တွင် အာဏာသိမ်းစစ်ကောင်စီက ပဲခူးမြို့အခြေစိုက် ပရဟိအဖွဲ့ ၁၇ ဖွဲ့ကို သီးသန့်ခေါ်ယူတွေ့ဆုံခဲ့ကာ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သူများကို မြှုပ်နှံထားသော ဆင်ဖြူကွင်းသုသာန်မှ အုတ်ဂူများကို ဖျောက်ဖျက်ရန်၊ နေရာခွဲပြီး ပြန်လည်မြှုပ်နှံရန် ဖိအားပေးခဲ့သေးသည်။

ဆင်းဖြူကွင်းသုသာန်၌ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သူများကို အာဇာနည်ဗိမာန်အဖြစ် သတ်မှတ်၍ ရုပ်အလောင်း ၁၀ခုခန့်ကို တဆက်တည်းတွဲ၍ မြို့ခံများက အထိမ်းအမှတ်အုတ်ဂူ ပြုလုပ်ထားခြင်းဖြစ်သည်ဟု ပရဟိတသမားတစ်ဦးက ပြောသည်။

အုတ်ဂူကို တစ်ဆက်တည်းထားခြင်းသည် စည်ပင်ဥပဒေနှင့် မကိုက်ညီဟု စစ်ကောင်စီက အကြောင်းပြခဲ့သည်ဟု ဆိုသည်။  

လက်ရှိတွင် ဆင်ဖြူကွင်းသုသာန်ကို စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက လုံခြုံရေးတင်းကြပ်ထားသည်။

ပဲခူးမြို့ အုတ်ဂူဖျက်ဆီးမှုများနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီပြောခွင့်အရာရှိကို ဆက်သွယ်၍ မရသေးပေ။

ပဲခူးမြို့တွင် တစ်နေ့တည်း လူ ၈၀  ကျော် ပစ်သတ်ခဲ့သော စစ်ကောင်စီ၏ တပ်များသည် ယခင်ကလည်း ကျောင်းသားခေါင်းဆောင်တစ်ဦး၏ နာရေးအစီအစဉ်ကို နှောင့်ယှက်ခဲ့ဖူးသည်။

ဗကသကျောင်းသား ကိုသဲမောင်မောင်၏ မတ်လ ၂၈ ရက်နေ့ နာရေးအစီအစဉ်ကို ဘုရားကြီးမြို့၊ သုသာန်တွင် ပြုလုပ်နေစဉ် စစ်ကောင်စီ၏ သေနတ်သမားတို့က ပစ်ခတ်ဖြိုခွဲခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဧပြီလ ၁၇ အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် ပြည်သူ ၇၃၀ ဦး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည်။

သို့သော်လည်း ဧပြီလဆန်းပိုင်း CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင် စစ်ကောင်စီပြောခွင့်အရာရှိက သေဆုံးမှုအရေအတွက်မှာ ရဲ ၁၀ ဦး၊ စစ်သား ၆ ဦး အပါအဝင် စုစုပေါင်း ၂၄၈ ဦးသာ ရှိသည်ဟု ပြောခဲ့သည်။

လမ်းပေါ်ထွက် ကန့်ကွက်ဆန့်ကျင်သူတို့၏ ရန်ပြုမှုကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ရခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စစ်ကောင်စီ၏ ပထမအကြိမ် သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ထားသည်။ ဆန္ဒပြမှုများတွင် ရဲတပ်ဖွဲ့က စတင်ပစ်ခတ်ခြင်းမရှိဟု အာမခံကြောင်း သူက ဆက်ပြောသည်။

Source – Myanmar NOW ( https://myanmar-now.org/mm/news/6546 )

Related Posts

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

သတင်း

မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု

July 24, 2025

မြန်မာစစ်ကောင်စီသည် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေစဉ် တရုတ်သည်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English