Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မြန်မာကားကြည့်တာ များနေပြီလား…

ဧပြီ 18, 2021
in သုံးသပ်ချက်များ
Reading Time:2min read
Share on FacebookShare on Twitter

2021 နွေဉီးတော်လှန်ရေး အတွက် ပွဲရှည်လာတာနဲ့အမျှ လူတွေလည်း ပမ်းလာကြတာ သိရ ကြားရပါတယ်.. အဲဒါကြောင့် သူတို့အုပ်မိသွားပြီလားဆိုတဲ့ အတွေးတွေ ဝင်လာကြပါတယ်.. သူတို့ မအုပ်မိပါဘူး အုပ်မိဖို့လည်း မလွယ်တော့ပါဘူး အဲ့ဒါကြောင့် လူတွေ ပိုသတ်ပြနေတာပါ.. သူတို့ပြန်အုပ်မိပြီဆိုရင် ချော့တော့မှာပါ… အဲဒီ စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာကို နားလည်ထားဖို့ လိုပါတယ်…

ဖေ့စ်ဘွတ်ပေါ်မှာ ငြိမ်ကုန်လို့ လှုပ်ရှားမှု့တွေ မရှိတော့ဘူးလား မထင်ပါနဲ့ အံ့သြစရာကောင်းပြီး မထင်မှတ်ထားတဲ့ လှုပ်ရှားမှု့တွေ ရှိနေပါတယ်.. ဒါပေမယ့် ပြောပြလို့မရတဲ့ တော်လှန်‌ရေးကာလမို့ အားလုံးပြီးရင် ဘာတွေလုပ်ခဲ့ကြလည်းဆိုတာ ဗီဒီယိုနဲ့တကွ ပြန်ပြောပြပါ့မယ်..(ရီစရာတွေတောင် ပါသေး..) တော်လှန်ရေးကာလ လုံခြုံရေး အရေးကြီးပါတယ်.. နုတ်လုံကြပါ.. ၈၈ ကမို့ ၂၀၀၇ ကမို့ ထောင်ထဲ အတူတူနေခဲ့တဲ့သူမို့ သွားမယုံပါနဲ့ ကျစ်ကျစ်လစ်လစ် သိုသိုသိပ်သိပ် လုပ်ကြပါ…

ကျွန်တော်တို့ ဘာလုပ်လည်း မပြောဘဲ သူတို့ ဘာလုပ်နေလည်းသိရင် ကျွန်တော်တို့ ဘယ်ခရီးရောက်လည်း သိရောပေါ့.. ဇော်မဲလုံးပြောသွားတဲ့ Online ပေါ်က အစိုးရဆိုတဲ့ CRPH ဟာ ၁၉၈၈ တုန်းကလည်း အလားတူ ပေါ်ဖူးပါတယ် အရေးလုပ်စရာ မရှိပါဘူးလို့ ပြောထားတယ်.. ဒါပေမယ့် ဒီနေ့ တိုင်းရင်းသား လက်နက်ကိုင်တွေဆီသွားပြီး CRPH ကို မထောက်ခံဖို့ သွားစည်းရုံးနေရပြီ.. ကုလလုံခြုံရေးကောင်စီကလည်း ဖိတ်ခေါ်ဆွေးနွေးနေပြီ.. သူတို့ဘက်ကလူ တရုတ်ကြီးကတောင် ဖုန်းလှမ်းဆက်စကားပြောနေပြီ..

ရွေးကောက်ပွဲ ရလာဒ်ကို ကြိုဆိုထားတဲ့ ဝ ကြီးကို သွားပြောတာလည်း ၂ ကြိမ်ရှိပြီ ဟိုက အင်းမလုပ် အဲမလုပ် SSPP ကို သွားပြောတော့ သေနတ်နဲ့ ပစ်လွတ်လို့ အရာရှိကြီးတွေ ဒါဏ်ရာရပြီး ထွက်ပြေးလာရတယ်.. လူနဲစု တိုင်းရင်းသားလက်နက်အဖွဲ့သေးတွေက CRPH ကို မထောက်ခံဖို့ စာထုတ်တယ်.. အဲဒါက ဘာကိုပြလည်းဆိုတော့ အသေးလေးတွေကအစ မရှက်မကြောက် ကောက်သင်းကောက် မျက်နှာချိုသွေးနေရပြီ.. သူတို့ရဲ့ အကျင့်က ကချင်နဲ့တိုက်ရင် ကရင်နဲ့ရပ်တယ် ကရင်နဲ့တိုက်ရင် ရှမ်းနဲ့ရပ်တယ် အားလုံးဝိုင်းတိုက်မယ်ကြားတော့ တဖက်သတ် အပစ်ရပ်ဆိုတာ ကြေငြာပြီး ကရင်ကို ရွေးတိုက်တယ်..ကျန်တဲ တိုင်းရင်းသား လက်နက်ကိုင်တွေ သဘောပေါက်ကြပါ..

ကလေးမြို့ အကြမ်းဖက်ဖြိုခွဲစဉ်က မနက် ၁၀ နာရီခွဲအထိ ဘာမှ မလုပ်ကြေးညှိပြီး စိတ်ချလက်ချ နေနေချိန် မနက် ၃ နာရီအိပ်မောကျတော့မှ လက်နက်တွေနဲ့ ဝင်ပစ်ခတ်ပြီး Dawn Attack လုပ်တာကိုကြည့်ရင် မနိုင်တဲ့သူတွေ မဲတတ်တယ် အောက်စည်းကလူတွေ ကတိမတည်နိုင်အောင်ကို အခြေအနေဆိုးနေပြီဆိုတာ သက်သေပါဘဲ.. သူတို့ကလွဲရင် အားလုံးရန်သူဆိုတဲ့ ပုံစံဖြစ်နေတော့ အန္တရာယ်ကြားက ဝမ်းသာရမယ့် သတင်းပေါ့.. နောက်နောင် သူတို့နဲ့ ညှိနှိင်းပြီး သဘောတူညီချက်ယူချင်တဲ့သူတွေအတွက်လည်း သခ်န်းစာပေါ့..

တရားဉပဒေစိုးမိုးရေးလို့ ကြွေးကျော်ထားတဲ့သူတွေက ပစ္စည်းတွေလု ပိုက်ဆံတွေလု အစားတွေလုဖြစ်နေကတည်းက ပြန်လည်တည်ငြိမ်ရေး လုပ်ဖို့နေနေသာသာ ကြောက်အောင် အရင်ခြောက်ရင်း ပြန်အဖတ်ဆည်မရ ဖြစ်နေပုံပေါက်တယ်.. ကုန်သွယ်ရေးကလည်း တရုတ်နဲ့ဘဲ ရှိတော့တာ တရုတ်နယ်စပ် ကိုဗစ်ဖြစ်တော့ လုံးဝ ရပ်သွားပြီ..ငွေကြေးလည်ပတ်ဖို့ အကြိမ်ကြိမ်ကြိုးစား အကြိမ်ကြိမ် ပြိုလဲ Sanction တွေ ထပ်ထိ..

အခုပွဲအတွက် ပြည်တွင်းက CDM ရယ် လမ်းပေါ် ဆန္ဒပြပွဲရယ် CRPH ရယ် နိင်ငံတကာဖိအားရယ် ဟန်ချက်ညီညီ သွားနေတဲ့နေရာမှာ ပြည်တွင်းက လူတွေအားလုံး တာဝန်ကြေကြပါတယ်. အတိုင်းထက်တောင် လွန်နေပါသေးတယ်.. CNN က မမကို သတင်းမှန်ရအောင် လုပ်ပြသွားတာလည်း ကမ္ဘာကတောင် ချီးကျူးကြပါတယ် … သူတို့တွေတောင် ကြည့်ရင်း မျက်ရည် ဝဲသတဲ့..

အခု လိုနေတာက ပြည်ပဖိအား.. ပွဲစကတည်းက ရှိသမျှသော အဆက်အသွယ်တွေ သတင်းတွေ အရောက်ပို့ပြီး သတင်းစီးဆင်းမှု့ တုံ့ပြန်မှု့ မြန်ခဲ့ပေမယ့် တရုတ်နဲ့ ရုရှားလို အစွန်းရောက် နိုင်ငံတွေကြောင့် လိုသလောက် ခရီးမရောက်ခဲ့ဘူး ဖြစ်နေတယ်.. ဒါပေမယ့် ပြည်ပက မြန်မာတွေ လုံးဝ အားမလျှော့ဘဲ တက်မရ လက်နဲ့လှော်ဖို့ လမ်းကြောင်းတွေရှာကြ ချည်းကပ်ကြနဲ့ ဆက်လက်လှုပ်ရှားနေကြပါတယ်.. အဲဒီထဲက ဒီနေ့ ကုလ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဉီးကျော်မိုးထွန်း (သူကတော့ CRPH ကိုယ်စားပြု  ကုလ အမြဲတမ်း ကိုယ်စားလှယ်…) ဒေါ်ဇင်မာအောင်..(CRPH နိုင်ငံခြားရေး ဝန်ကြီး) အဲဒါကြောင့် CRPH ကို အသိအမှတ်ပြုတယ်လို့ ယူဆနိုင် ကိုစိုင်းစိုင်းခမ်း..( မြန်မာလူမှု့အဖွဲ့အစည်း ကိုယ်စားပြုလို့ ယူဆနိုင်ပါတယ်..) တို့ကို တက်‌ရောက်ခွင့်ပြုတာ စစ်တပ်အတွက်တော့ မဟာကျဆုံးမှု့ဘဲ .. သိပ်မကြာခင်လည်း ကုလ အထွေထွေ ညီလာခံကနေ အခြေအနေထူး တခုထူးခြားလာနိုင်ပါတယ်..

ဉီးကျော်မိုးထွန်းကတော့  သံတမန် တယောက်ပီသစွာ လိုအပ်ချက်များကို သံတမန်ရေးရာ အသုံးအနှုန်း နည်းပညာနှင့် အသေးစိတ် အချက်အလက်များ ကို ထဲထဲဝင်ဝင် တင်ပြဆွေးနွေးသွားပါတယ်.. အဲဒီထဲမှာ စစ်တပ်ရဲ့ အပစ်မဲ့ အရပ်သားတွေ ( ၇ နှစ်သ္မီးလေး အပါအဝင်) စနစ်တကျနဲ့ ရက်ရက်စက်စက် သတ်ဖြတ်နှိပ်စက်နေမှု့များ ဖြစ်နေလင့်ကစား နိုင်ငံတကာရဲ့ တုန့်ပြန်ချက်က အမျှော်အမြင်မဲ့ခြင်း အစွန်းရောက် အယူအဆများနဲ့အတူ ကူညီကယ်တင်ရန် ပျက်ကွက်ခဲ့မှု့များကြောင့် မြန်မာနိုင်ငံသားများ အနေဖြင့် အကူအကာ မဲ့ နေရကြောင်း အထူးသဖြင့် ကုလသမ္မဂ လုံခြုံရေး ကောင်စီဖြစ်ကြောင်း အချိန်ဆွဲလေ အပစ်မဲ့ပြည်သူများ ထပ်မံ ဖမ်းဆီး နှိက်စက် သတ်ဖြတ်မှု့များ ထပ်မံဖြစ်ပွားအုံးမည် ဖြစ်သဖြင့် အချိန်မဆွဲဘဲ ချက်ခြင်းပင် အရေးယူသင့်ကြောင်း တင်ပြရင်း တိုက်တွန်းသွားပါတယ်..

အဲဒီနောက် အောက်ပါအချက်များကို တောင်းဆိုသွားပါတယ်.

စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်များကို ချက်ခြင်းရပ်တပ်ပြီး လူသားခြင်းစာနာတဲ့ အထောက်အပံ့များကို လိုအပ်နေသူတွေထံ ချက်ခြင်းပေးပြီး စစ်ဘေးကြောင့် အခြားနိုင်ငံများကို ပုန်းရှောင်နေရသူတွေ ကိုပါ လူသားပီသစွာနေထိုင်နိုင်ရေး အိမ်နီးချင်းနိုင်ငံများကပါ.. အကူအညီချက်ခြင်းပေးရန်..

တိုင်းရင်းသားလက်နက်ကိုင်တွေကို သတ်ဖြတ်နေတဲ့ လေယာဉ်ဗုံးကျဲမှု့များကို ထပ်မံ မလုပ်ဆောင်နိုင်အောင် လေယာဉ် မပျံသန်းရဇုံ အဖြစ်ကြောငြာပေးရန်..

လက်နက်ရောင်းချနေမှု့ ရပ်တန့်ရေးကို ချက်ခြင်းဆောင်ရွက်ပေးရန်..

ပြည်ပရင်းနှီးမြှုပ်နှံမှု့တွေကို ခတ္တရပ်ဆိုင်းငံ့ထားရန်..

ကုလအဖွဲ့ဝင်နိုင်ငံများအားလုံးကိုလည်း အထက်ပါမေတ္တာ ရပ်ခံမှု့များအရ ဖြစ်နိုင်သမျှ အရေးယူမှု့အားလုံးကို လုပ်နိုင်သလောက် ခုချက်ခြင်းပင် လုပ်ဆောင်စေလိုပါတယ်..

စစ်တပ်ရဲ့ သွေးထွက်သံယို နှိမ်းနင်းမှု့များကို အပြီးတိုင် အဆုံးသတ်ရေး ဆောင်ရွက်ရာမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု့များကို ဖြေရှင်းဖို့ ရနိုင်တဲ့ နည်းလမ်းပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံ နိုင်ငံရေး စီးပွားရေး မူဘောင်များပါမကျန် လူနဲစု လူမျိူးစုများ၏ လုံခြုံရေး သာမက ယဉ်ကျေးမှု့ များပါ ပါဝင်သည့် ရည်ရှည် တည်တံ့ခိုင်မြဲသည့် အဖြေတခု ရရှိရေးအတွက်ပါ ဆောင်ရွက်သွားမှာပါ..

ဒေါ်ဇင်မာအောင် အလှည့်မှာ များများစားစား မပြောပေမယ့် အင်မတန် ပြင်းပြပြီး အင်အားရှိတဲ့ သတင်းစကားကို နှစ်ကြိမ်တိတိ ပြောသွားပါတယ်.. “ ကျွန်မဟာ ကျွန်မတို့ နိုင်ငံသားတွေကို ကိုယ်စားပြုပြီးလာပြောတာပါ.. ကျွန်မတို့ နိုင်ငံသားတွေဟာ သူတို့ရဲ့ အခွင့်အရေးနဲ့ လွတ်လပ်မှု့အတွက် ဘယ်လို တန်ဖိုးမျိူးကိုမဆို ပေးဆပ်ဖို့ အဆင်သင့် ဖြစ်နေကြပါပြီ.  “ တဲ့

ကိုစိုင်းစိုင်းခမ်းကလည်း နိုင်ငံတကာအထူးသဖြင့် ‌ဒေသတွင်းနိုင်ငံများမှ ပြည်သူများဟာ မြန်မာပြည်သူများနဲ့ တသားထဲရှိနေကြတယ်ဆိုတာ သိရှိထားပါတယ်.. တချိန်တည်းမှာဘဲ မြန်မာနိုင်ငံတွင်းက စစ်တပ်နဲ့ အရပ်ဖက်ပြည်သူများရဲ့ ဆက်ဆံရေးဟာလည်း ပြန်လည်တည်ဆောက်လို့ မရနိုင်အောင် ပျက်စီးသွားပြီဆိုတာ သိလိုက်ရပါတယ်.. တထောင့် တည ပုံပြင်တွေလို စကားတွေအများကြီးပြော ထိရောက်မှု့မရှိ အားပျော့တဲ့  ကြေငြာချက်တွေ ထုတ်ပြီး ဘာမှ ဖြစ်မတာတာကို မလိုချင်ပါဘူး.. ကုလ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ပြီး လက်နက်ကိုင်တပ်များဖြန့်ချထားရန်နှင့် စစ်ခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာ တရားရုံးများတွင် အရေးယူနိုင်ရေး ဆောင်ရွက်ပေးရန်ဖြစ်ပါတယ်…

အဲဒါကတော့ ကုလ လုံခြုံရေးကောင်စီမှာ ကျွန်တော်တို့ဘက်က ဒီနေ့ ကြိုးပမ်းချက်တွေပါဘဲ… အကျိူးထူးဖို့လည်း အလားအလာကောင်းတွေ ရှိပါတယ်..

တော်လှန်ရေးဆိုတာ ဘတပြန် ကျားတပြန် ရှိစမြဲဘဲ ဒါတောင် ကျွန်တော်တို့ ဘက်က တက်ရှိန် အတော်ကြမ်းတာ.အုပ်စီးမိတဲ့ အကန့်တွေကလည်း အားလုံးနီးပါးဘဲ. . ပြည်သူတွေရဲ့ ပြင်းပြတဲ့ စိတ်အာထက်သန်မှု့တွေကြောင့်ပေါ့. အခုအရှိန်ကျတာကို ဝမ်းနည်းမနေနဲ့ သေနတ်နဲ့ပစ်ရင် အိမ်ထဲမှာ ပုန်းနေမယ်. နင်တို့ပြန်ရင် ငါတို့ ပြန်ထွက်မယ်…ဘယ်မှာလည်း သူတို့ အာဏာစက်..

နွေဉီးတော်လှန်ရေးမှာ ရဲရင့်စွာ တိုက်ပွဲဝင်ကြ တိုက်ပွဲတိုင်းအောင် ရန်သူတွေ ကားကနဲ ကားကနဲ ကျဆုံး အချိန်တို အတွင်းမှာ ကျန်တဲ့ရန်သူတွေ ထွက်ပြေးကုန်တာမြင်ချင်ရင်တော့ ကိုယ့်ကိုကိုယ် စမ်းစစ်ကြည့်ပါ.. ငါ မြန်မာ စစ်ကားတွေ ကြည့်တာ များနေပြီလား..လို့…

ဝင်းဗိုလ်..

April 09 2021 United nation New York USA

ဆိုရှယ်မီဒီယာပေါ်တွင် ဝေမျှထားသည်များကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါ၍ မူရင်းရေးသားသူကို ခရစ်ဒစ်ပေးပါသည်။

Related Posts

ဇန်နဝါရီ ၁၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)
သုံးသပ်ချက်များ

ဘယ်ဘက်ကနိုင်နေပြီလဲ

ဇန်နဝါရီ 27, 2023

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကြာမြင့်လာသောအခါ ဘယ်ဘက်ကနိုင်နေပြီလဲ...

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

ဇန်နဝါရီ 23, 2023

၂၀၂၂ ခုနှစ် နှစ်ကုန်ခါနီး မြန်မာ့အရေးနှင့် ပတ်သက်သည့်...

ဇန်နဝါရီ ၀၇၊ ၂၀၂၃။ (စနေ)

UNSC ရဲ့ ဆုံးဖြတ်ချက်နဲ့ အာဏာရှင်တို့ရဲ့ အဆုံးသတ်”

ဇန်နဝါရီ 13, 2023

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၂)နေ့ မြန်မာစံတော်ချိန်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist