Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

တစ်ယောက်က ” me too” ဟု ပြောသောအခါ ” me three” ဟု ဝင်ပြောသည့် န.ဝ.တ ထိပ်သီး စစ်ဗိုလ်ချုပ်

ဧပြီ 18, 2021
in သုံးသပ်ချက်များ
Reading Time:4min read
Share on FacebookShare on Twitter

၁။ တစ်ယောက်က ” me too” ဟု ပြောသောအခါ ” me three” ဟု ဝင်ပြောသည့် န.ဝ.တ ထိပ်သီး စစ်ဗိုလ်ချုပ်

၂။ ဆန်စက်တွင် စပါးနက်များ ပုံထားသည်ကို  “ မီးကျွမ်းနေတဲ့ စပါးတွေ ပုံထားပြီး ငါ့ကို ဘာ ကလိမ်ကျမလို့လဲ” ဟု မေးသော အလွန် လူရည်လည် ပါးနပ်ကာ အလွယ်တကူ လှည့်စားမရသည့် သမဝါယမ ဝန်ကြီး

၃။  ကြယ်ငါးပွင့်သင်္ဘော Weather မကောင်း၍ မထွက်နိုင်သည်ကို “ Weather မကောင်းရင် ပြင်လိုက် / ဝယ်လဲလိုက် နောက်ဒီလိုမဖြစ်စေနဲ့” ဟု မိန့်ကြားသော စစ်ဗိုလ်ချုပ်

၄။ ရေအရည်အသွေး pH7 ရကြောင်း တင်ပြသည်ကို “ 7 နဲ့တင် ကျေနပ်မနေဘဲ pH8 … 9 … 10 အထိ ရအောင် ကြိုးစားကြ” ဟု ဒဂုံမြို့သစ် တည်ဆောက်ရေး လုပ်ငန်းခွင် အစည်းအဝေးတွင် လမ်းညွှန်သော န.ဝ.တ ထိပ်သီး စစ်ဗိုလ်ချုပ်

၅။ သတင်းစာ ရှင်းလင်းပွဲတွင် နောက်ထပ် မေးမည့်သူ ရှိမရှိ မေးရာတွင် “ Any asker?” ဟု မေးသော န.ဝ.တ ထိပ်သီး စစ်ဗိုလ်ချုပ်

၆။ “ ဒီနှစ်ထန်းလျက် အထွက်ကောင်းတယ်ဆို အကုန်ရောင်းမပစ်နဲ့ မျိုးချန်ထားဦး” ဟ ု ထန်းလျက် မျိုးကောင်းကောင်း ချန်ထားခိုင်းသော ကုန်သွယ်ရေးဝန်ကြီး

၇။ လားနဲ့မြင်းမှားပြီး “ မျိုးကောင်းတယ်, စီးမြင်းကောင်းရအောင် သေချာဂရုစိုက်” ဟု လမ်းညွှန်သော န.ဝ.တ ထိပ်သီး စစ်ဗိုလ်ချုပ်

၈။ မြေကြီးထဲစိုက်ရသော Geophone များကို မြေကြီးပေါ်ပစ်ထားသည်ဟု ကြိမ်းမောင်းသော စွမ်းအင်ဝန်ကြီး

၉။ ရေနံတွင်းတူးရာတွင် တွင်းမပြိုအောင် ထည့်ရသော ရွှံ့များ၊ ဂလိုင်ဖြစ်နေသော မြေလွှာမျိုးရောက်လျှင် အပေါ်ပြန်တက်မလာပဲ ဂလိုင်ထဲဝင်သွား၍  ရွှံ့ပျောက်သည်ကို “ ရွှံ့ပျောက်ရင် ရဲတိုင် … လုံခြုံရေး ဂရုစိုက်” ဟုလမ်းညွှန်သော န.ဝ.တ ထိပ်သီး စစ်ဗိုလ်ချုပ်

၁၀။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသည့် (ကိုင်းပင်နှင် ကျွန်း/သောင် များ ရေမတိုက်စား / ကျွန်းရှိ သောင်ရှိမှသာ ကိုင်းပေါက်ရောက်နိုင်ကြောင်း) စကားပုံကို “ ကိုင်းပင်များက ကျွန်းပင်ကိုမှီ၊ ကျွန်းပင်များကလည်း ကိုင်းပင်ကိုမှီ” ဟု ဖွင့်ဆိုရှင်းပြသော စစ်တိုင်းမှူးဝန်ကြီး

၁၁။ ဆင်သေကောင်ပေါ် အလိုက်မှားမိသော ကျီးအစား ဆင်သေကောင်ပေါ် အလိုက်မှားမိသော “ ကျေးသား” ဟု ပြောသော စစ်တိုင်းမှူးဝန်ကြီး (ကျေးသား ဆိုသည်မှာ ကြက်တူရွေးနှင့် အလွန် တူသော ငှက်မျိုး ဖြစ်ပြီး အသီးအနှံသာ စားပါသည်။ အသားမစားပါ)

၁၂။ မိမိနိုင်ငံအလံကို ကိုင်ကြရန် ပြောသည်ကို နားမလည်ပဲ လက်ကလေးပြ၍ ဆင်းလာသော နိုင်ငံ့ခေါင်းဆောင်

၁၃။ Twitter တွင် follow လုပ်ထားသူများ၏ tweet များ အထက်အောက် ကပ်လျက်ပေါ်သည်ကို ထိုသူများ အပြန်အလှန် ဆွေးနွေးနေကြသည်ဟု လူသိရှင်ကြား ပို့စ်တင်သော ပြန်ကြားရေးဝန်ကြီးဟောင်း

၁၄။ UN Human Rights Council President urged to remove UN Special Rapporteur on Myanmar Professor Yanghee Lee for bias ဟု passive တွင် verb to be ဖျောက်၍ သတင်း ခေါင်းစဉ်ရေးသည်ကို UNHR President က တောင်းဆိုသည်ဟု ဘာသာပြန်ကာ ထိုသို့မဖြစ်နိုင်ကြောင်း အစဉ်အလာမရှိကြောင်း ရှင်းပြသည့် ပြန်ကြားရေးဝန်ကြီးဟောင်း

၁၅။ Miss understand ဟု စာလုံးပေါင်း၍ Miss Universe, Miss Myanmar တို့ကဲ့သို့ “ မယ်” အသစ် ထွင်သည့် အမတ်(ပြုတ်)

၁၆။ စက်မှု (၁) ပခုက္ကူ အထည်စက်ရုံသစ် စီမံကိန်းတွင် ဝန်ကြီးလာစစ်ကာနီးထိ neutral ပျောက်နေ၍ စက်ရုံက မီးမလင်းသေး၊ အသည်းအသန် ချို့ယွင်းချက် ရှာနေကြရချိန်တွင် “ ဘာလို့မီးမလင်းသေးလဲ” ဟုမေး၍ “ neutral ပျောက်နေလို့ပါ အဘ” ဟု ဖြေသည်တွင် … “ မင်းတို့က ဒီလောက် အရေးကြီး ပစ္စည်းကို နမော်နမဲ့ ထားရလား, ခု အချိန်က မရှိတော့ဘူး၊ ပခုက္ကူမှာ ရမလား? ရရင် အချိန်ရှိတုန်း ပြေးဝယ် …” ဟု ဆူပူကြိမ်းမောင်းသော အဘ

၁၇။ နာဂစ်တုန်းက ” ရေထဲမျောနေတဲ့ လူသေအလောင်းတွေ ဘယ်လိုရှင်းမလဲအဘ” ဟုမေးသော်! ” ငါးပူတင်းတွေ စားသွားလိမ့်မယ်” လို့ ပြန်ဖြေတဲ့ ပညာရှိ တိုင်းဝန်ကြီးတစ်ဦး။

၁၈။ ” အင်္ဂလိပ်စာ ရေးတတ်၊ ပြောတတ်ဖို့မလို၊ ခိုင်းတတ်ဖို့ပဲလိုတယ်” ပြောထွက်ခဲ့တဲ့ ဗိုလ်မှူးချုပ်အဆင့်ဝန်ကြီးတစ်ဦး။

၁၉။ စာအုပ်တစ်အုပ်၏ ပထမစာမျက်နာ (first page) ကို  ” ဖတ်ပိတ်, ဖတ်ပိတ်” ဟု ညွှန်ကြားသော စစ်ဗိုလ်ချူပ်ကြီးတစ်ဦး

၂၀။ နိုင်ငံခြားဧည့်သည်များကို ဧည့်ခံပွဲမှာ ” Eat, eat,” လို့ ပြောပြီးဧည့်ခံတဲ့ ဗိုလ်မှူးဝန်ကြီး။

၂၁။ ညစာစားပွဲတစ်ခုမှာ ပုဇွန်ကင်စားပြီး လက်ဆေးဖို့ချပေးတဲ့ သံပုရာရေနွေးကို သောက်ချပစ်လိုက်ပြီး ” အအီပြေတယ်” ဆိုပဲ။ မီးရထားဝန်ကြီးတစ်ဦး။

၂၂။ မူလတန်းကျောင်းတွေမှာ ကလေးတွေကို အဟာရကျွေးဖို့ ကျောင်းအုပ်ဆရာမကြီးတွေကို နွားမွေးခိုင်းတဲ့ အရာရှိလူကြီးတစ်ဦး။

၂၃။ မြန်မာနိုင်ငံ၏ မီးရထားလမ်းအကျယ်ကို မသိ၊ မီးရထားလမ်းအကျယ်ခြင်း မတူသည်ကို နားမလည်ပဲ တရုတ်ဂျင်းထည့်၍ရောင်းသော တွဲဟောင်းများကို အချောင်ရပြီထင်ပြီး ဝယ်သော မီးရထားဝန်ကြီးဟောင်း

၂၄။ မြန်မာမြှားပစ် လက်ရွေးစင် အမျိုးသမီးတစ်ဦးက စွမ်းရည်ပြ ပစ်ခတ်စဉ်, ပထမ မြှားတံ၏ဖင်တည့်တည့်ကို နောက်မြှားတံက ထိုးဝင် ထိမှန်၍., ပထမမြှားတံ (၂) ခြမ်းကွဲတာကို လက်တွေ့ မြင်တွေ့လိုက်သောအခါ  ” မြှားတစ်စင်းကို ဒေါ်လာအများကြီး ပေးဝယ်ထား၍ နောင်တစ်ကြိမ် ဤကဲ့သို့ ထပ်ဖြစ်ပါက အရေးယူခိုင်းမည်” ဟုပြောသော နာမည်ကြီး န.ဝ.တ ဗိုလ်ချူပ်ကြီးတစ်ဦး။

၂၅။ ရထားထွက်ကာနီး vacuum power လေဟာလဘရိတ် လိုအပ်သည့်အနေအထား ဘရိတ်ဖမ်းရန်လုံလောက်မှု ရှိ၊ မရှိ  စမ်းသပ်ရတယ်။ (အဲဒါကို ဝါကင် ရ၊ မရ,  ဝါကင် လာ၊ မလာ ဟု ခေါ်ဝေါ်သုံးစွဲလေ့ ရှိကြပါတယ်)  ” ရထားဘာကြောင့် မထွက်သေးလဲ” ဟု မေးလို့ ဝန်ထမ်းမှ ” ဝါကင် မလာသေးလို့” ဟု သုံးနေကြ စကားအတိုင်း ပြောလိုက်သော်, ” အဲ့ကောင်ဝါကင်ကို ရာထူးချလိုက်” ဟု အော်ငေါက်ပြောသော မြန်မာ့မီးရထားမှ ဒုဝန်ကြီးတစ်ဦး။

၂၆။ တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေချိန်ပြီးခါနီး ခြေကျော်ပေါက်ပိတ်ချိန် အခန်းစောင့်အား ” စာမေးပွဲဖြေဆိုသူတွေကို စာကူးချဖို့ အခွင့်အရေးပေးသင့်တယ်” လို့ပြောခဲ့တဲ့ မိုးကျရွှေကိုယ် ပညာရေးဝန်ကြီးတစ်ဦး

၂၇။ ပြည်သူပိုင်သိမ်းပြီး ဂိုဒေါင်ထဲထည့်ထားသော ထန်းလျက်များ အပုူရှိနျကွောင့ျ အရည်ပျော်လျက်ရှိရာ ကလေးဝမှ အထက်ကိုကြေးနန်းဖြင့် ” ထန်းလျက်များ အရည်ပျော်, မည်သို့ဆောင်ရွက်ရန် အမြန်အကြောင်းပြန်” ဟု ကြေးနန်းရိုက်မေးရာ ထန်းလျက်ကို ” မျိုးချန်ပြီး အကုန်ရောင်း” ဆိုတဲ့ အဘတစ်ဦး

၂၈။ လစာနည်းနည်းလေးနှင့် မိုးပျံနေသော စားဝတ်နေရေးစရိတ်ကို အံကြိတ်အံတုနေတဲ့ ဆရာ၊ ဆရာမများကို ” ပီတိကိုစား အားရှိသည်” ဟု မိန့်မှာသော သာသနာရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးတစ်ဦး။

၂၉။ ” ဆေးရုံတွေများလာခြင်းဟာ လူနာတွေများလာလို့ပဲ၊ ဒါကြောင့်, ဆေးရုံတွေများလာခြင်းဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး” ပြောခဲ့တဲ့ သ.မ ဝန်ကနေ သာဝန်ပြောင်းသွားတဲ့ န.ဝ.တ ဝန်ကြီးတစ်ဦး။

၃၀။ မြန်မာဘောလီဘောပွဲတွေရှုံးတာ ဘာလို့လည်းလို့မေးတော့ Lifter (ဘောလုံးပင့်ထောင်ပေးမယ်သူ) ကောင်းကောင်း မရှိလို့ပါလို့ နည်းပြအဖွဲ့ကဖြေတယ်။ ဒီတော့, ဗိုလ်ချူပ်ဆိုသူက ” မင်းတို့ကို ပိုက်ဆံတွေအများကြီးပေးထားတာ အဲဒီ့ လိုတဲ့ Lifter ဝယ်ပေါ့၊ ဘာလို့မဝယ်လဲ” ဆိုပြီး ကြိမ်းသွားသေးသဗျာ့။

၃၁။ ” ဆိုက်ကားနင်းပြီး သူဌေးဖြစ်အောင် လုပ်လို့ရတယ်” ဆိုတဲ့ ၂၀၁၀ ဧရာဝတီဝန်ကြီး။ (ဒါကတော့ တကယ်လဲ ပြင်ဦးလွင်မှာ ရှိတာကို နမူနာပေးပြီး ဆိုက္ကားဆရာတွေကို မိုတီပေးသွားတာပါ။)

၃၂။ ဘုရားမှာ စိုက်ပျိုးထားတဲ့ပန်းပင်တွေကို လိုက်စစ်ဆေးတော့ တာဝန်ခံက  ” စိတ်ချပါခင်ဗျာ့ ကျွန်တော် အပင်အားလုံးကို ခါးဆွ (အပင်အောက်ခြေတဝိုင် မြေဆွပေးပြီး မြေလုံးလေး ပုံပေး) ထားပါတယ်” လို့ ပြောပြတဲ့အခါ ” အပင်တွေ ခါးနာပြီးသေလို့ကတော့ မင်းအပြုတ်ပဲ” လို့ ဒေါသတကြီးဖြင့် အော်ငေါက်ပြောတဲ့ စိုက်ပျိုးရေးဝန်ကြီးဖြစ်ခဲ့ဖူးတဲ့ တိုင်းမှူးတစ်ဦး။

၃၃။ ရထားလမ်းဖေါက်ရာ ဒိုဇာတစ်စီးရပ်ထားသဖြင့်” ဘာလို့အလုပ်မဆင်းလဲ” လို့မေးသောအခါ ” ပန့်ကျလို့အဘ” လို့ပြောရာ,” ပန့်ကျရင်ပြန်ရှာလေ, ငါ့ရဲဘော်တွေ ကူရှာပေးလိုက်” ဆိုပြီး ပြန်တုန့်ပြန်တဲ့ တပ်ရင်းမှူးတစ်ဦး

၃၄။ မော်လမြိုင်လျှပ်စစ်ရုံးတွင် Load(ဝန်) မနိုင်၍ Breaker ကျသည်ဟု Report တင်ရာတွင် (Ioad = လုပ်မနိုင်) ဒေသသုံးစကား (Load = မလုပ်နိုင်ဘူး) ဟု အတွေးပေါက်၍ ” လုပ်မနိုင်လျှင် ငါလာလုပ်ပေးရမလား” ဟု ကြိမ်းမောင်းသွားပါသော အပူးတပ်မှူးကြီးတစ်ယောက်။

၃၅။ ” မြန်မာပြည်မှာ လျှပ်စစ်တွေပိုနေလို့ နိုင်ငံခြားကို ရောင်းစားခြင်းဖြစ်ပါတယ်” တဲ့။ သူပြောနေတဲ့ မိုက်ခရိုဖုန်းက မီးစက်နဲ့ ” လျှပ်စစ်မီးမလာရင် ဖယောင်းတိုင်နဲ့နေပါ” ဆိုတဲ့ တိုင်းဝန်ကြီးတစ်ဦး

၃၆။ လျှပ်စစ်မှာ one  phase, two phase  သာရှိ၍ အချို့နေရာတွေမှာ မီးအားနဲသောကြောင့် three phase, သာဆိုပါက မီးအားပိုကောင်းလာမည်ဟု သိရှိသွားသောအခါ၊ နောင်ကို four phase, five  phase,  အထိရောက်အောင် လုပ်ပါပြောသော လျှပ်စစ်ဌာနမှူး။

၃၇။ ကင်းတားဆည်ကြီး တည်ဆောက်ပြီးတော့ ဖွင့်ပွဲတွင် တစ်နှစ်မှာတစ်သီးသာ စိုက်လို့ရတဲ့ကုလားပဲကို နှစ်သီးစား၊ သုံးသီးစားစိုက်ဖို့ ပြောသွားတဲ့ စိုက်ပျိုးရေးဒုဝန်ကြီး။

၃၈။ ” ဘုရားဆိုတာ လူစင်စစ်ကဖြစ်တာ” လို့ ပြောတော့! ” ဘုရားကို လူသားစင်စစ်ကဖြစ်တယ် ပြောရမလား” ဆိုပြီး တိုင်းသိပြည်သိ သံဃာနာယကထံ လျှောက်တင်ခဲ့တဲ့ ဗိုလ်ချုပ်တစ်ဦး

၃၉။ ကုန်ဈေးနှုန်းများတက်သည်ကို “ အမြတ်ကြီး မစားကြနဲ့ အမြတိကြီးစားလျင် ဘီလူး ဖြစ်မည်” ဟု မိန့်ကြားသော ဒုတိယဗိုလ်ချုပ်ကြီး။

၄၀။ အပူကြီးပြီး ဖျားနေတာကို ” နှစ်ရောင်စပ်ဆေးပြား (တရုတ်ပြည်မှလာတဲ့ ပါရာစီတမော) သောက်လိုက်” ဟုပြောသော ကျန်းမာရေးဝန်ကြီးတစ်ဦး။

၄၁။ ပဲကုန်ရုံများသို့ စစ်ဆေးစဉ် ပဲဆင်းငုံတွေကို ကိုင်ကြည့်ပြီး “ မင်းတို့ မတ်ပဲတွေ တော်တော်ကောင်းတယ်” လို့ မှတ်ချက်ပေးသွားတဲ့ စီးပွားကူးသန်းဝန်ကြီး။

၄၂။ ၁၉၉၉ ခုနှစ်လောက်က Tower တိုင်ကို မိုးကြိုးပစ်တဲ့အခါ စက်အစိတ်အပိုင်းတွေပျက်၊ ဆက်သွယ်မှုပြတ်တော့ ထုံးစံအတိုင်း ရောက်လာကြတာပေါ့။ ကြိမ်းမောင်းပြီးတဲ့အခါ ” မောင်ရင့်ဖြစ်စဉ်နဲ့တကွ နောက်နောင် မိုးကြိုးမပစ်အောင် စီမံချက်ဆွဲပြီး ချက်ချင်းတင်ပါ” ဆိုတဲ့ နတ်ပိုင် သကြားပိုင် အဘတစ်ဦး။

သိထားတာလေးတွေ ပြောပြကြသူများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ် … နောက်ထပ် သိထားတာလေးတွေရှိသေးရင်လည်း ပြောပြကြပါဦး

#အေအန်န်အမ်မ်တီ

Credit. Aung Nyein Pye

ဆိုရှယ်မီဒီယာပေါ်တွင် ဝေမျှထားသည်များကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါ၍ မူရင်းရေးသားသူ ကို ခရစ်ဒစ်ပေးပါသည်။ Photo – Credit

Related Posts

စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး
အာဏာသိမ်း ဒိုင်ယာရီ

စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး

ဖေ‌ဖော်ဝါရီ 3, 2023

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုလျင်...

ဇန်နဝါရီ ၁၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)
သုံးသပ်ချက်များ

ဘယ်ဘက်ကနိုင်နေပြီလဲ

ဇန်နဝါရီ 27, 2023

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကြာမြင့်လာသောအခါ ဘယ်ဘက်ကနိုင်နေပြီလဲ...

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

ဇန်နဝါရီ 23, 2023

၂၀၂၂ ခုနှစ် နှစ်ကုန်ခါနီး မြန်မာ့အရေးနှင့် ပတ်သက်သည့်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist