ရန်ကုန်နဲ့မိုင်၅၀ ခန့်သာ ဝေးတဲ့ပဲခူးမြို့မှာ သပိတ်ခံတပ်ဖြိုခွဲခံရတယ်။ ထုံးစံအတိုင်းအင်အားသုံးပြီး ပစ်တယ်။ နောက်ဆုံးရရှိတဲ့သတင်းအရမြို့နေပြည်သူ ၈၀ ခန့်ကျဆုံးသွားပြီ။ အလောင်းတွေကို စစ်တပ်ကပုံထားပြီးထုတ်ယူခွင့်မပေးဘူး။ ကျဆုံးသူတွေထဲမှာ ဆေးကုသခွင့်မပေးလို့သွေးထွက်လွန်ပြီးသေဆုံးသွားသူတွေအတော်များများရှိတယ်။ တစ်မြို့လုံးနေရာအနှံ့ပစ်ခတ်နေလို့ ကိုယ့်အိမ်မှာကိုယ်မနေရဲတော့ဘဲ အတော်များများဟာလယ်ကွင်းတွေဘက်ကိုတိမ်းရှောင်နေရတယ်။
ဒီအဖြစ်အပျက်တွေဟာနေ့စဥ်နဲ့အမျှမုံရွာလို၊ ပဲခူးလိုမြို့ကြီးပြကြီးတွေမှာဖြစ်နေတာပါ။ တစ်နိုင်ငံလုံးမှာကျဆုံးသူအရေအတွက်၇၀၀ နားကပ်နေပြီ။ ခုချိန်ထိဘယ်သူကမှမကူညီကြဘူး။ ဘာအကူအညီမှလည်းကိုယ်ထိလက်ရောက်မလာသေးဘူး။ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကလေပစ်လို့ကောင်းနေတုန်းပဲ။