အိန္ဒိယနယ်စပ်က ကလေးမြို့လေးမှာခုချိန်ထိအခြေအနေတွေတင်းမာနေဆဲပါ။ ကလေးမြို့မှာမတ် ၂၇ ရက်နေ့ကတည်းက အခိုင်အမာသပိတ်စခန်းဖွင့်ပြီးစစ်ကောင်စီကိုတော်လှန်နေတာပါ။ စစ်သူပုန်တွေကနေ့ စဥ်နဲ့အမျှဖြိုခွဲဖို့ကြိုးစားနေပေမယ့် ခုထိမအောင်မြင်သေးပါဘူး။ မြို့နေပြည်သူလူထုက ရရာလက်နက်ကိုင်စွဲပီးတော်လှန်နေကြလို့အခက်တွေ့နေကြပါတယ်။ စစ်ကူတပ်တွေပို့ပီးဖြေရှင်းဖို့ကြိုးစားပေမယ့် လမ်းတလျှောက်မှာရှိတဲ့ရွာတွေက အတားအဆီးတွေလုပ်ပြီး ညီညွှတ်စွာပြန်လည်ခုခံနေကြပါတယ်။ အခုဆိုရင် ထိုခုခံမှုတွေဟာအနီးအနားကမြို့တွေဖြစ်တဲ့ တမူး၊ ကောလင်း၊ ဝန်းသို၊ ယင်းမာပင် မြို့တွေကိုကူးစက်ပြန့်နှံ့လာနေပါပြီ။ နှစ်ဖက်အထိအခိုက်အကျအဆုံးတွေလည်းရှိနေပါတယ်။
မြန်မာပြည်အတွင်းပိုင်းမြို့လေးတွေဖြစ်တဲ့အတွက် ခုလိုအင်တာနက်အဖြတ်ခံရချိန်မှာ ထိုသတင်းတွေဟာမီဒီယာတွေပေါ်ပြန့်နှံရောက်ရှိမှုအားနည်းနေပါတယ်။