မြန်မာပြည်သူတွေဘယ်လောက်ညီညွှတ်ကြောင်း၊ ဒီမိုကရေစီကိုဘယ်လောက်တောင်အာသီသပြင်းပြနေကြောင်း ပြသလိုက်တဲ့နောက်ထပ်နေ့လေးတစ်နေ့ပါ။
ဒီနေ့မှာ February 22 ၂ ငါးလုံးသပိတ်နေ့လိုမျိုးသပိတ်တစ်ခုဆင်နွဲကြတယ်။ အသံတိတ်သပိတ်ပါ။ ၂ ငါးလုံးနေ့ကပြည်သူတွေအကုန်လမ်းပေါ်ထွက်ဆန္ဒပြကြသလို ဒီနေ့မှာတော့လူတိုင်းလမ်းပေါ်လုံးဝ မထွက်ကြေး အသံတိတ်သပိတ်ကိုဆင်နွဲကြပါတယ်။ တစ်နိုင်လုံးက မြို့တိုင်းနယ်တိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြတယ်။ နေမကူးပဲနိုင်ငံတကာမီဒီယာတွေမှာသတင်းတွေတက်လာတဲ့အထိအောင်မြင်ပါတယ်။ စစ်ကောင်စီကသပိတ်ကိုပုံဖျက်ဖို့ဖမ်းထားတဲ့ကလေးတွေကိုလွှတ်ပေးပြီးလူစုလူဝေးဖြစ်အောင်ဖန်တီးရတဲ့အထိအောင်မြင်ပါတယ်။ ပြည်သူတွေစည်းလုံးညီညွှတ်နေတာကိုစစ်ကောင်စီအကြောက်ဆုံးပါ။
မှတ်မှတ်ရရ မနှစ်ကဒီနေ့မှာ မြန်မာပြည်မှာ Covid ပိုးစတွေ့လို့လူတွေရုတ်ရုတ်သဲသဲဖြစ်ကြတယ်။ ဒီနှစ်ကြတော့ စစ်အာဏာရှင်တော်လှန်ရေးသပိတ်ကြောင့် အရာအားလုံးတိတ်ဆိတ်လို့။ နောက်နှစ်ဒီချိန်မှာရောဘာတွေဖြစ်လာဦးမှာလဲ။ ကောင်းသောလာခြင်းတွေသာဖြစ်ပါစေ။