ပြီးခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့်အနည်းငယ်ငြိမ်သွားတဲ့ ရန်ကုန်ဟာကားသပိတ်နဲ့ အတူပြန်လည်နိုးထလာပါတယ်။ ရန်ကုန်မြို့လမ်းမကြီးတွေပေါ်က ကားများဟာအချိန်တစ်ခု သတ်မှတ်ပြီးဟွန်းတွေတီး၊ လက်သုံးချောင်းထောင်ပြီး စစ်အာဏာရှင်ကိုရရာနည်းလမ်းနဲ့ ဆန့်ကျင်နေကြပါတယ်။ စစ်သူပုန်တွေဟာသူတို့ရဲ့ယန္တရားလည်ပတ်ဖို့အတွက် ပြည်သူလူထုက ပိတ်ဆို့ထားတဲ့ လမ်းတွေကို နည်းမျိုးစုံသုံးပြီးပြန်လည်ရှင်းလင်းခဲ့ပါတယ်။
ရန်ကုန်ဟာအထိနာလို့ခဏငြိမ်နေပေမယ့်မနေ့က နိုင်ငံတကာကမြို့ကြီးတွေမှာ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ပါတယ်။ နယူးယောက်၊တိုကျို နှင့် ထိုင်ဝမ်မှ မြန်မာလူမျိုးတွေစုပေါင်း ဆန္ဒဖော်ထုတ်ကြပါတယ်။
မန္တလေးမြို့မှာတော့ ပစ်ခတ်သတ်ဖြတ်မှုတွေရှိနေဆဲပါ။ ဒီနေ့ အောင်ပင်လယ်နားကမြရည်နန္ဒာ အိမ်ယာထဲမှာ စစ်သူပုန်အဖွဲ့ရဲ့အကြမ်းဖက်မှုကြောင့် ၄ ဦးထပ်မံကျဆုံးခဲ့ပါတယ်။ အိမ်ယာထဲကမော် တော်ကား များကိုလဲအကြောင်းမဲ့ဖျက်စီးသွားပါသေးတယ်။
ဖက်ဆစ်ဆန်ဆန်အကြမ်းဖက်မှုတွေပြုလုပ်နေတဲ့စစ်ကောင်စီကြောင့်တနိုင်ငံလုံးမှာတစ်နေ့ကိုအနည်းဆုံး ၁၀ ဦးခန့်သတ်ဖြတ်ခံနေရပါတယ်။ စုစုပေါင်းကျဆုံးသူအရေအတွက်ဟာလဲ ၃၀၀ နားကပ်လာပါပြီ။
ဒီမိုကရေစီပြန်ရဖို့ လူတွေနောက်ထပ်ဘယ်လောက်တောင်ထပ်စတေးရဦးမှာလဲ။