Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

နစက သက်တမ်းနဲ့ အာစီယံအက်ကြောင်း

မတ် 21, 2021
in သုံးသပ်ချက်များ
Reading Time:3min read
Share on FacebookShare on Twitter

နစက ဟာအာဏာသာသိမ်းယူလိုက်တယ်။ ဒါပေမယ့် သူ့လက်ထဲအာဏာပါမသွားဘူး။ ပြည်သူဟာကနေ့အထိ နစက ကိုအုပ်ချုပ်ခွင့်မပေးသေးဘူး.

သူ့ရဲ့ တရားဝင်မှုကို တည်ဆောက်ဖို့အတွက် ဇာတ်လမ်းတွေပုံတိုပတ်စတွေ လျောက်ပြီးထုတ်ပြန်နေပေမယ့် ဒီလို Conspiracy တွေနဲ့ အနှစ် ၃၀ လောက် DASSK ကိုတိုက်ခိုက်လာတာလူတိုင်းသိပြီးသားဖြစ်တော့ဘယ်သူမှလည်း အရေး လုပ်ပြီးဒီအကြောင်းတွေပြောမနေကြဘူး။မဲစာရင်းကိစ္စလည်းထို့အတူပဲ..သူတစ်ယောက်တည်းပတ်ကြေငြာနေတာ။ ဘယ်ကမာမီဒီယာကမ ဒီအကြောင်းကိုစိတ်မဝင်စားဘူး။ ယုံလည်းမယုံဘူး။ အဆိုးဝါးဆုံးက DASSK ကိုလာဒ်စားမှုဇာတ် လမ်းတွေဖန်တီးတာပါပဲ။ ဒါဟာ နစက ရဲ့အာဏာသိမ်းမှုဟာတရားဝင်ကြောင်း ပြည်သူမယုံတောင် အောက်ခြေက သူ့တပ်မတော်သား ယုံဖို့နဲ့ အောက်ခြေတပ်သားတွေဆီကနေ legitimacy ရဖို့ကြိုးစားလုပ်ယူနေတာပဲ။

လူနှစ်ယောက်သုံးယောက်ရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့အာဂါတ အမုန်းတရားတွေနဲ့ ကိုယ်ကျိုးစီးပွားကာကွယ်လိုမှု၊ အာဏာရူးမှုတွေကြောင့် နိုင်ငံအတွက်အရေးကြီးတဲ့တပ်မတော် ဆိုတဲ့အဖွဲ့အစည်းကြီးကိုပါ ချနင်းလောက်အောင်မိုက်မဲခဲ့ကြသူတွေပါ။ ဒီအတွက် နောက်ဆက်တွဲဆိုးကျိုးတွေကို စစ်တပ်ဟာခေတ်သမိုင်းအဆက်ဆက်ပြန်ပေးဆက် ရတော့မှာပါ။

လမ်းပေါ်မှာလူနည်းသွားတာကိုအခြေအနေကောင်းနေပြီးလို့ယူဆနေရင်မှားသွားပါလိမ့်မယ်။ နစက ဟာ နေ့စဉ်နဲ့အမျှအကြမ်းဖက်မှုတွေကိုရင်ဆိုင်နေရမှာပါ။ အင်အားကြီးသူနဲ့ အင်အား သေးငယ်သူယှဉ်ပြိုင်ကြတဲ့အခါ တိုက်ရိုက်ရင်ဆိုင်ဖို့ခတ်ခဲတာကြောင့်ပြည်သူတွေဟာ ရဲစခန်း၊ စစ်တပ်နဲ့ စစ်တပ်မိသားစုဝင်တွေကို ပြောက်ကျားစနစ်နဲ့ Hit & Run လုပ်ပြီးတိုက်ကြတော့မှာပါ။ ဒါကြောင့် ပြောက်ကျားအကြမ်းဖက်မှုကို weapon of the weak အားနည်းသူတို့လက်နက် လို့ပြောတာပါ

နစက အုပ်ချုပ်ဖို့ကြိူးစားနေသ၍ MRTV နဲ့မြဝတီဟာညတိုင်းရဲစခန်းတွေမီးရူံ့ခံရတာတွေ၊ တပ်စခန်းတွေပစ်ခံရတာတွေ၊ ရဲတွေသေဆုံးတာတွေကိုညတိုင်းကြေညာနေရမှာပါပဲ။ နစက ရဲ့ သတ်ဖြတ်မှုတွေ နောက် တဆင့်တတ်လာရင် စစ်တပ်ရဲ့အကျိုးစီးပွားဆိုင်ရာနေရာတွေ၊ တပ်မိသားစုတွေနေထိုင်ရာအိမ် ယာတွေကိုပစ်မှတ်ထားလာကြမှာပဲ။ ဒီထက်ဆိုးဦးမှာပါ

ဒီအာဏာသိမ်းမှုကြောင့် တပ်မတော်ဟာ တိုင်းရင်းသားတွေတင်မကပဲ ပြည်မက ဗမာတွေပါ လက်မခံနိုင်တော့တဲ့အဖွဲ့အစည်းတစ်ခုဖြစ်သွားပါတယ်။ စစ်တပ်၊ ရဲနဲ့ စစ်သားဆိုတာလူ့အသိုင်းအ ဝိုင်းထဲမှာ လုံခြုံမှုရော ဂုဏ်သိကာပါမရှိပဲမြောင်းထဲရောက်သွားတော့မှာပါ။ (ပြင်ဦးလွင်လို တပ်နဲ့ဗိုလ်လောင်းအပေါ်မှီခိုပြီးစီးပွါးရှာကြရတဲ့မြို့တွေမှာလူတွေသိန်းနဲ့ချီလမ်းပေါ်ထွက်လာတာ၊ တပ်ကစစ်ဗိုလ်တွေဆံပင်ညပ်နေကြဆိုင်ကပဲ အရပ်ဝတ်နဲ့ရဲ (ဒလန်) ကို ကြိုးတုတ်ကတုံး တုံးပေးလိုက်တာ..

DSA ကျောင်းသားတွေကို စနေ တနဂနွေမှာ Out Pass အပြင်ပေးမထွက်ရဲတော့တာတွေ၊ လက်တွေ့ဆန်တာမဆန်တာတပိုင်းထား…ပြည်သူဟာ ဒီတပ်နဲ့ရဲကိုအပြီး မောင်းထုတ်ပြီး တပ်မတော်သစ်ကြီးမျှော်လင့်နေတာတွေကို ကြည့်ရင် တပ်နဲ့ ပြည်သူကြားလူမှူရေးသဟဇာတဖြစ်မှုဟာ အဖက်ဆယ်လို့မရအောင်ပျက်စီးနေပါပြီ။

တကယ်တန်းအာဏာသာမသိမ်းခဲ့ရင်ဒီအချိန်ဟာတိုင်ပြည်အောင်ပွဲခံရမယ့်အချိန်ပါ။ ကိုဗစ်ဆေး တွေရရှိထိုးနှံပြီးဖြစ်မယ်၊ အစိုးသစ်ဟာနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးဖွံဖြိုးရေးဆိုင်ရာကိစတွေ အများ ကြီးလုပ်နိုင်မယ်။ လူငယ်တွေရဲ့ ပညာရေးအိမ်မက်၊ စီးပွားရေးအိမ်မက်တွေဟာအရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ဖြစ်နေကြမှာပါ။ အခုတော့ စစ်တပ်ဆိုတာလည်းမြောင်းထဲရောက်သွားပါပြီ။ လူငယ်တွေဟာအနာဂတ်ပျောက်ကုန်ကြပြီး လူငယ် ၂၀၀ ကျော်ရဲ့အဖိုးတန်နဲ့ဘဝတွေဟာ ကြေမွပျက်စီး သွားခဲ့ရပါပြီ.

အဲ့ဒီထဲမှာအရေးကြီးဆုံးကတော့ မြန်မာလူငယ်တွေရဲ့ဇွဲကြီးမှုနဲ့ ဒါကိုသတ်ဖြတ်တဲ့နည်းနဲ့တုန့်ပြန်ခဲ့တဲ့အတွက်နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ မြန်မာ နစက ကိုအကာကွယ်ပေးဖို့ ခတ်လာတဲ့ပြသနာပါ။ အသိသာဆုံးကတော့ အာစီယံအဖွဲ့ကြီးမှာဖြစ်လာတဲ့အက်ကြောင်းပါ။

အာစီယံအက်ကြောင်း

မြန်မာကြောင့်အာစီယံဟာ သားဆိုးအမေအဖြစ်ကိုရောက်ရှိနေပြီး၊ မြန်မာစစ်တပ်ရဲ့ မိုက်ရူးရဲ ဆန်စွာသတ်ဖြတ်အကြမ်းဖက်နေတာတွေအတွက်နိုင်ငံတကာက လာလာတိုင်ကြားဖိအားပေးနေ တာတွေအတော်များလာတဲ့အခါ အာစီယံဟာသမိုင်းမှာမဖြစ်ဘူးတဲ့ဆက်ဆံရေးအခြေအနေတစ်ခု ထိ ဖြစ်လာပါတယ်။ နစက ကတိုင်းပြည်ကိုကိုယ်တွယ်နေပုံဟာ ဘယ်လိုမ လက်မခံနိုင်စရာအခြေ အနေတစ်ခုဖြစ်လာတယ်။

ASEAN Way

အာစီယံမှာ အာစီယံနည်း အာစီယံစနစ်ဆိုတာရှိပါတယ်။ အာစီယံနိုင်ငံအချင်းချင်းကြားမှာ ညီရင်း အကိုသဖွယ်သဘောထားဖို့ ASEAN Brotherhood နဲ့ပြည်တွင်းရေးမှာဝင်မနှောက်ယှက်ကြဖို့။

နိုင်ငံတကာဆက်ဆံရေးပညာရှင်တစ်ဦးလည်းဖြစ်၊ Non-Wester IR လို့ခေါ်တဲ့အနောက်မမာက သီအိုရီတွေမဟုတ်ပဲ အာရှရဲ့နိုင်ငံတကာဆက်ဆံရေးယဉ်ကျေးမှုတွေကိုတင်ပြဖော်ထုတ်လာတဲ့ ပညာရှင် တစ်ဦးဖြစ်တဲ့ Amitav Acharya က the principle of non-interference in the domestic affairs of other states (အခြားနိုင်ငံများရဲ့ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ အာစီယံ မူ မှာ အပိုင်းကြီး ၄ ခုပါတယ်လိုဆိုပါတယ်။ အဲ့တာတွေကတော့

(၁) Refraining from public criticism – လူသိထင်ရှာ မဝဖေန်ရေး

 (၂) to criticize states that violate the non-interference principle – ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုတွေလုပ်တဲ့နိုင်ငံတွေကို ၀ဖေန်ရေး

(၃)  to refrain from supporting rebel groups – အစိုးရတွေကိုတိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေကို မထောက်ပံ့ရေး

(၄) to provide political and material support in the campaign against subversive rebel groups – လက်နက်ကိုင်တွေကိုပြန်တိုက်တဲ့လုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးနဲ့ လိုအပ်တဲ့ပစည်းတွေ ထောက်ပံ့ပေး အပ်ရေးဆိုတာတွေ ဟာအာစီယံရဲ့အသက်သွေးကြောသဖွယ်ဖြစ်တဲ့ စောင့်ထိန်း ရတဲ့ မူ တွေပါ။

လူသိထင်ရှာမဝဖေန်ရေး

လူသိထင်ရှာမဝဖေန်ရေး ဆိုတဲ့မူဟာဟာ နစက လုပ်ရပ်တွေကိုသည်းမခံနိုင်တော့တဲ့အတွက် အခု ဆို ပျက်ပြယ်သွားပါပြီ။ စင်ကပူနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံ နစကအပေါ်ပေးတဲ့မှတ်ချက်၊ မလေးရှားဝန်ကြီးချုပ်က ကထုတ်ပြန်တဲ့ “We in Malaysia and the larger ASEAN community cannot effort to see our brotherly nation of Myanmar become so destabilized at the hands of a selected few who seek to promote their own vested interests”

မြန်မာ နစက စစ်ကောင်စီကို ကိုယ်ကျိုးစီးပွားကိုပဲကြည့်တဲ့လူတစ်စု လို့ ပြင်းပြင်းထန်ထန် လူသိထင်ရှားထုတ်ပြော လိုက်တာဟာ အာစီယံအဖွဲ့ကြီးရဲ့အက်ကြောင်းပါပဲ။ ဒီသားဆိုးကို အာစီယံက အထူးအစီးအဝေးခေါ်ပြီးဘယ်လိုကိုယ်တွယ်ကြမလဲဆိုတာစဉ်းစားနေပါပြီ။

ပြည်တွင်းရေးဝင်ပါတဲ့သူကိုပြန်ဝဖေန်ရေး ဆိုတဲ့ ဒုတိယ မူဟာလည်း ပျက်ပြယ်နေပါပြီ။ စင်ကပူ မလေးရှားနဲ့ အင်ဒိုဆိုတာ အာစီယံရဲ့ခေါင်းကိုင်ဖခင်တွေပါ၊ ဒီသုံးနိုင်ငံလုံးကတစ်သံတည်းထွက်ပြီး ဆိုတော့ သူတို့ကိုဘယ်နိုင်ငံမှ ပြန်ဝဖေန်တော့မှမဟုတ်တဲ့အတွက် ဒုတိယမူလည်းပျက်ပါပြီ။

တတိယမူဖြစ်တဲ့ အစိုးရတွေကိုစိန်ခေါ်ပုန်ကန်သူကိုမထောက်ပံ့ပေးမူ

အင်ဒိုနီးရှားကပြောတဲ့ ဒီမိုကရက်တစ် တပ်မတော်တစ်ရပ်တည်ဆောက်ရေးအတွက်ကူညီမယ်ဆို တာဟာ CRPH ကပြောနေတဲ့ Federal တပ်မတော်တည်ဆောက်ရေးကိုရည်ရွယ်ပြီးပြောတာ ဆိုရင် နစက အာဏာသိမ်းအစိုးရကိုလက်မခံတဲ့ အဖွဲ့ကို အာစီယံခေါင်းကိုင်ဖခင်က ကူညီမယ် ဆိုကတည်းက ဒီမူဟာလည်းပျက်ပြယ်သွားပါပြီ။ ဒီလိုဆို နံပတ် လေးအချက်ဖြစ်တဲ့ သူပုန် နှိမ်နှင်း ရေးကူညီမယ်ဆိုတာကလည်း ဒီကိစမှာတော့ပျက်ပျယ်နေတဲ့သဘောပါပဲ။

အာစီယံနိုင်ငံတွေဟာအာဏာရှင်ဟောင်းတွေရဲ့ အစုအဖွဲ့ဖြစ်တဲ့အတွက် Democracy ကို စိတ် မဝင်စားပါဘူး။ ဒါပေမယ့် ASEAN Elite တွေစိတ်ဝင်စားတာ နိုင်ငံတော်ကိုတည်ငြိမ်အောင် ထိန်းသိမ်းနိုင်မှုနဲ့ legitimacy ပါပဲ၊ ဒါကို နစက ကရအောင်မယူနိုင်ပါဘူး။ ပြည်သူတွေဟာ NLD ဖြစ်ခြင်းမဖြစ်ခြင်းဆိုတာနဲ့မဆိုင်ပဲ ရွေးကောက်ခံမဟုတ်တဲ့ အာဏာသိမ်းအစိုးရရဲ့အုပ်ချုပ်မှု ကို လုံးဝ လက်ခံမှာမဟုတ်ပဲနည်းလမ်းပေါင်းစုံနဲ့ အာဏာဖီဆန်ကြဦးမှာပဲ၊ တပ်ကလည်း သူကျွမ်းကျင်တဲ့ လူသတ်တဲ့အလုပ်ကိုဆက်လုပ်နေဦးမှာပဲ။

ဒီလိုဆိုရင် တရုတ်နဲ့ အာစီယံဟာမြန်မာကိုအကာအကွယ်ပေးဖို့ခက်လာပြီး နစက အတွက် ထွက် ပေါက်ကိုသူတို့ကိုယ်တိုင်ဖန်တီးလာလိမ့်မယ်။

နစက ကထွက်ဖို့ငြင်းဆန်ရင် မြန်မာနိုင်ငံဟာမြို့ပြစစ်ပွဲတွေ၊ Proxy အဖွဲ့တွေကြားဖြစ်တဲ့စစ်ပွဲတွေ အောက်မှာ အာရှတိုက်ရဲ့ ဆီရီးယားအဖြစ်ကိုရောက်ရှိသွားမှာပါ။

တလောက Al Qaeda အဖွဲ့က မြန်မာ ကို ကြိမ်းမောင်းပြောဆိုတဲ့ Video ထွက်လာပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်က ISIS ကလည်း သူ့ရဲ့လစဉ်ထုတ် မဂဇင်းကနေ မြန်မာကိုကြိမ်းမောင်းထားပါတယ်။ မြန်မာဟာ ISIS တို့ Al Qaeda တို့ရဲ့ ကယ်လီဖိတ်အသစ်ပြန်တည်ဆောက်ရေးအတွက်နေရာကောင်းတစ်ခုဖြစ်လာနိုင်ပြီး၊ နိုင်ငံ တစ်ကာအကြမ်းဖတ်မှုတွေရဲ့ ဗဟိုချက်မ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမဖြစ်ပဲတောင် လက်ရှိ အခြေအနေ အတိုင်းမတည်မငြိမ်ဖြစ်နေရင်  ဒေသတွင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ခိုဝင်သူတွေများလာမယ်၊ နယ်စပ်ဖြတ်ကျော်မှုခင်း၊ မူးယစ်ဆေးဝါးပြသနာတွေနဲ့ နိုင်ငံတကာ အကြမ်းဖတ်မှုတွေဖြစ်လာမယ်။

ဒါဟာ အာစီယံ၊ တရုတ်အပါအဝင် ဘယ်နိုင်ငံကမှ လက်မခံနိုင်တဲ့အခြေအနေပါ။ ဒီတော့ မတည်ငြိမ်မှုများလာတာနဲ့တကွ…နစက ပြုတ်ကျရေးကို ကမာက ဦးတည်ပြီးလုပ်ဆောင်လာမှာပါပဲ။

စေတနာမှန်သူသာဒီပွဲမှာအနိုင်ရပြီး

ကိုယ်ကျိုးစီးပွားအတွက်နိုင်ငံကိုချနင်းသူများ အတုန်းအရုန်းကျရူံးပါစေ။

Crd.

ဆိုရှယ်မီဒီယာတွင် ရေးသားမျှဝေထားသည်များကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်၍ မူရင်းရေးသားသူအား လေးစားစွာ ခရစ်ဒစ်ပေးအပ်ပါသည်။

Related Posts

စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး
အာဏာသိမ်း ဒိုင်ယာရီ

စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး

ဖေ‌ဖော်ဝါရီ 3, 2023

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုလျင်...

ဇန်နဝါရီ ၁၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)
သုံးသပ်ချက်များ

ဘယ်ဘက်ကနိုင်နေပြီလဲ

ဇန်နဝါရီ 27, 2023

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကြာမြင့်လာသောအခါ ဘယ်ဘက်ကနိုင်နေပြီလဲ...

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

ဇန်နဝါရီ 23, 2023

၂၀၂၂ ခုနှစ် နှစ်ကုန်ခါနီး မြန်မာ့အရေးနှင့် ပတ်သက်သည့်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist