တိုက်ပွဲဖြစ်ပွားနေသော ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှ မြစ်ကြီးမြို့ရှိ စစ်ဘေးရှောင်စခန်းသို့ သွားရောင်မည့် ဒေသခံ ၂၀၀ နီးပါးကို စစ်ကောင်စီတပ်များက သွားရောက်ခွင့်မပြုဘဲ ပိတ်ဆို့တားဆီးထားသည်။
ယမန်နေ့ (မတ် ၁၅) ညနေပိုင်းက အင်ဂျန်းယန်မြို့နယ် ဂွေထောင်ရွာ၊ တန်ဘောင်ယန်ရွာတို့ အနီးတဝိုက် တွင် စစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျေးရွာနှစ်ခုမှ ရွာသား ၂၀၀ နီးပါးသည် မြစ်ဆုံ ( တန်ဖရဲ) ရွာရှိ ကက်သလစ်ဘုရားကျောင်း၌ ခေတ္တခိုလှုံနေကြရသည်။
အဆိုပါရွာသားများသည် ၂၀၁၈ ခုနှစ်တုန်းက တိုက်ပွဲများကြောင့် မြစ်ကြီးနားရှိ ပလန စစ်ဘေးရှောင် စခန်းသို့ တိမ်ရှောင်ခဲ့ကြသူများဖြစ်ပြီး ကိုရိုနာဗိုင်းရပ်ကပ်ရောဂါဖြစ်ပွားချိန်တွင် စစ်ရှောင်စခန်း၌ လူနေထူထပ်သောကြောင့် ကျေးရွာများသို့ ခေတ္တပြန်လည်အခြေချနေထိုင်သူများဖြစ်ကြောင်း သိရသည်။ စစ်ဘေးရှောင်များသည် လွန်ခဲ့သော နှစ်နှစ်ကျော်ကတည်းက ၎င်းတို့နေထိုင်ခဲ့သည့် မြစ်ကြီးနားပလန စစ်ရှောင်စခန်းသို့ သွားရောက်ရန် ကြိုပမ်းရာတွင် အာဏာသိမ်းစစ်ကောင်၏ တပ်များက မြစ်ဆုံရွာ အထွက်၌ ပိတ်ဆို့ထားကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ရာနှင့်ချီသော နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာသူများတွင် ကျန်းမာရေးမကောင်းသူများနှင့် တစ်လသားပင်မပြည့်သေးသော ကလေးငယ်များ ပါဝင်ကြောင်းလည်း သိရသည်။
မူရင်းသတင်း – မြန်မာနောင်း ( https://myanmar-now.org/mm/news/6105 )