တွံတေးမြို့နယ်မှာ ရဲနဲ့တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် သေဆုံးသူ ၃ဦးထက်မနည်းရှိနေပြီး လက်ရှိမှာ သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို တပ်ကယူဆောင်သွားတယ်လို့ ဒဏ်ရာရသေဆုံးသူတွေကို ကူညီပေးနေတဲ့ ပရဟိတအသင်းက ဘီဘီစီကိုပြောပါတယ်။
“အခုထိစစ်ကား ၁၄စီးလောက်နဲ့ပတ်နေတုံးပဲ။ ဆရာဝန်တွေနဲ့အတူ ကျည်ထိမှန်တဲ့သူအချို့ကိုတော့ ကုသပေးနေတယ်။ သေတဲ့သူက ပထမ ၃ဦးရှိတယ်။ တယောက်ထပ်တိုးတယ်လို့တော့ကြားရတယ်။ ဆေးရုံမှာရှိနေတဲ့ အလောင်းတွေကို တပ်က တွံတေးမှာရှိတဲ့ ပရဟိတ အသင်းကားတချို့နဲ့စစ်ဆေးရုံကို ယူသွားပြီ။ “လို့ သူက ည၉နာရီကျော်ဝန်းကျင်က ပြောပြပါတယ်။
တွံတေးမြို့ပေါ်က အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဖြိုခွင်းမှုတွေရှိတာ ၂ရက်ဆက်တိုက်ရှိသွားပြီဖြစ်ပြီး ဒီကနေ့ မတ်၁၃ရက်နေ့မှာတော့ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူတွေရှိလာခဲ့ပါတယ်။
မူရင်းသတင်း – ဘီဘီစီ ( https://www.facebook.com/BBCnewsBurmese/posts/3937019399687249 )