မြေပြင်အခြေအနေကို သုံးသပ်ရရင်နှစ်ဖက်လုံးပန်းနေကြတဲ့ အချိန်ကိုရောက်နေပါပြီ
သူတို့ဖက်ကပိုပန်းနေတာလဲ သေချာပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေကလဲ ထဆော်ကြတဲ့အခြေအနေမှာ သူတို့ဟာ ဘယ်ဖက်မှာမှနိုင်ခြေ မရှိတဲ့ စစ်မျက်နှာအများကြီးကို တပြိုင်နက်ဖွင့်ထားကြပြီးပါပြီ။
မကြာခင်မှာ တခြားတိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့လဲ တော်လှန်ရေးထဲကို ပါဝင်လာကြတော့ဖို့ များနေပါပြီ။
စကစ အနေနဲ့ အဲ့ဒီအခြေအနေကို တအားဖြုံတဲ့အတွက် AA ကိုပြေးဖားရတဲ့အဆင့်ကို ရောက်နေကြပါပြီ။ တပ်မတော်ရဲ့ဂုဏ်သိက္ခာတစ်ခုလုံး မြောင်းထဲကနေပြန်တတ်လာဖို့ မရှိတော့ပါဘူး။ဒါ တိုင်းရင်းသား လက်နက်ကိုင်အရေးပါ။
CRPH ဖက်ကို ကြည့်ပြန်တော့လဲCRPH ရဲ့ခပ်စိတ်စိတ် လှမ်းနေတဲ့ ခြေလှမ်းတွေကို ထိထိရောက်ရောက်တားဆီးနိုင်နေတာမျိုးမရှိပါဘူး။မြဝတီနဲ့ မြန်မာ့အသံ က ခြိမ်းခြောက် လွှင့်တဲ့ သတင်းလေးတွေနဲ့ပဲ CRPH ကိုနိုင်သလောက်တုံ့ပြန်နေရရှာတာပါ။ မထိရောက်ပါဘူး။ အစိုးရကိုတားဆီး ဖို့ သူတို့ရှုံးပါတယ်။
CDM လှုပ်ရှားမူ့ဖက်ကြည့်ပြန်တော့လဲ ပြောစရာဘာတစ်ခုမှ မရှိလောက်အောင်ကို ခြိမ့်ခြိမ့်သဲသဲ အောင်မြင်နေတာကို တွေ့ကြရမှာပါ။အစကတော့ CDM သမားတွေကို တစ်စိုက်မက်မက်လိုက်ဖမ်းပေမယ့်.နောက်ပိုင်းကျတော့ ဆန္ဒပြတဲ့လူပဲဖမ်းရမလို NLD ကအမတ်တွေပဲ ဂုတ်ကဆွဲရတော့မလို Cele တွေပဲဆွဲစိရမလို CDM လုပ်တဲ့လူတွေအိမ်ကိုပဲဝင်စီးရတော့မလိုနဲ့ သူတို့တကယ်တပ်ပျက်ပြီး ဦးတည်ချက်မဲ့လျောက်လုပ်နေတာကို မြင်အောင်ကြည့်နိုင်ကြရင် အားတက်စရာပါ။ သူတို့ဖွဲ့စည်းပုံပျက်နေပါပြီ။
နိုင်ငံတကာအရေးကိုပြန်ကြည့်ပြန်ရင်လဲ.လုံခြုံရေးကောင်စီရဲ့ရှုတ်ချတဲ့ထုတ်ပြန်ချက်ကို မြင်နေရပြီပဲဖြစ် ပါတယ်။ ရှုတ်ချတာခြင်းတူရင်တောင် အခုတခေါက် ရှုတ်ချတာက လုံခြုံရေးကောင်စီပါ။ဒါလေးသတိထားကြစေချင်ပါတယ်။
မြန်မာပြည်သူတွေရဲ့အသံကို တစ်ကမ္ဘာလုံးသိအောင်ပြောပေးနေတဲ့ ဒေါက်တာဆာဆာကို စိတ်ကူးယဉ်သမားဆိုပြီး အပုပ်ချဖို့ကလွဲရင် ဘာမှမတတ်နိုင်ပဲ ပြောသမျှငြိမ်ခံနေရလောက်အောင်ကို နိုင်ငံတကာအရေးမှာ စုတ်ပြတ်နေရပါပြီ။
ဒါကြောင့်လဲ ဒေါ်လာသန်းချီအကုန်ခံပြီး အစ္စရေးကလော်ဘီတွေကို ဌားရတာပါ။သို့ပေမယ့် သူတို့ဌားတဲ့လော်ဘီတွေဆိုတာ နိုင်ငံတကာမှာ ဇော်မဲလုံးအဆင့်တွေပါ။ဘယ်သူမှ
အဖက်မလုပ်ပါဘူး။နိုင်ငံတကာမှာလဲ ခွက်ခွက်လန်နေပါပြီ။
CDM ပြီးရင် စစ်ကောင်စီနဲ့ ဒုတိယထိပ်တိုက်တွေ့ခဲ့တဲ့ ဆန္ဒပြအင်အားစုကတော့ တိုက်ပွဲရက် ရှည်လာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ ပန်းလာကြတာကိုတွေ့ရပါတယ်။
ထို့အတူ ဟိုဖက်ကလဲ သေချင်စော်နံနေကြပါပြီ။
အဲ့အထဲမှာမှ အခုလောလောဆယ် အကျေနပ်ဆုံးအရာကတော့ အားလုံးကပြန်ခုခံဖို့စတင်လှုပ်ရှား နေကြပြီပဲဖြစ်ပါတယ်။ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ အခြေအနေတောင်မှ ဟိုဖက်ကသေချင်စော်နံနေရင် ပြန်ချတော့မယ်ဆိုတဲ့သတင်းကိုကြားတဲ့အခါ(ကြားလဲကြားပြီးနေလောက်ပါပြီ) အဲ့အဖွဲ့ဆီကိုကျလာမယ့် ဖိအားအထုအထည်ကို မှန်းဆကြည့်လို့တောင်မရပါဘူး။အခုတောင် ရန်ကုန်မှာ ရဲတွေနည်းလာပါပြီ။ပန်းနေကြ
တာချင်းတူတူကိုမှ သူတို့သေချင်စော်နံနေကြတဲ့အချိန် ဒီဖက်မှာကပြန်ချဖို့တွေးကောင်းတုန်း ရှိကြပါသေးတယ်။ ရပ်ကွက်အလိုက်ဆန္ဒထိန်းပြနေရာကနေ မကြာခင်မှာ လူအုပ်ကြီးကို ပြန်မြင်ရဖို့လဲ ရှိနေပါပြီ။ သေနတ်နဲ့ပစ်တာနဲ့
ဖမ်းတာကလွဲပြီး ကျန်တာသူတို့ဘာမှမလုပ်တတ်တော့ပါဘူး။လူထုကိုလဲ သူတို့ငြိမ်အောင်မထိန်း နိုင်ကြရှာပါဘူး။
ဆက်ပြောရင် အများကြီးရှိပါသေးတယ်။
ဖွင့်သမျှစစ်မျက်နှာတိုင်း အခုလိုခွက်ခွက်လန်အောင် ရှုံးဖို့ဆိုတာ တော်ရုံစောက်သုံးမကျရုံနဲ့ မဖြစ်နိုင်တဲ့ ကိစ္စပါ။
ဘုရားရှင်သာရှိရင် သောက်သုံးမကျတဲ့နေရာ ဧတဒဂ်ပေးရလောက်တဲ့ အဆင့်မျိုးရောက်နေပါပြီ။ အားလုံးကို သိစေချင်တာကတော့ လုံးဝ လုံးးဝ စိတ်ဓာတ်မကျဘူးးနော်
အားလဲ လုံးဝ လုံးးဝ မလျော့ကြေးး…
ကျနော်တို့ သေချာပေါက် နိုင်ကိုနိုင်ရမယ်….
အဆုံးထိ သွားကြမယ်…
Credit: LMH
ဆိုရှယ်မီဒီယာတွင်ဝေမျှရေးသားထားသည်များကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါ၍ မူရင်းရေးသား သူအား ခရစ်ဒစ်ပေးပါသည်။