Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဗျုဟာပြောင်းကြမယ် ခေါင်းကြီးတို့

March 12, 2021
in သုံးသပ်ချက်များ
Reading Time:2 mins read
Share on FacebookShare on Twitter

မြေပြင်အခြေအနေပြောင်းလာတာအားလုံးအသိပါဆန္ဒပြရတဲ့ကိစ္စကလည်း လွယ်တာတော့မဟုတ်ဘူး။

ရဲတွေလာပြီဟေ့ဆိုရင်

မပြေးနဲ့ မပြေးနဲ့ …

အိုကေလေ မပြေးဘူး ခံချမယ်ဆိုပြီး တွေ့ရာခဲနဲ့ကောက်ထုတော့

ဟေ့ ဟေ့ မထုနဲ့ မထုနဲ့ ….

အေး… ဒါဆိုလည်း မထုဘူး ပြေးကြမယ်ဟေ့ဆိုတော့လည်း

မပြေးနဲ့ အရမ်းမပြေးနဲ့ ဖြည်းဖြည်းချင်းပဲဆုတ်တဲ့ …..

ဟိုကတကယ်အနားလည်းရောက်လာရော သုတ်ချေတင်ပြီးပြေးရတာပဲ။

နှေးတဲ့ကောင်တွေတော့ ပါသွားတာပေါ့။

အစောပိုင်းရက်တွေမှာ စစ်သူပုန်တွေဟာကိုယ်တွေရဲ့ခံစစ်ကိုဖြိုခွဲဖို့အတော်ကြိုးစားယူရတယ်။ လေးငါးရက်လောက်ကြာတော့ဒီကောင်တွေအထာနပ်လာကြတယ်။ လူအုပ်ကသူတို့ကိုဘာမှပြန်မလုပ်မှန်းသိတော့ သူတို့ဘက်ကလူအင်အားနည်းနည်းပဲသုံးလာတယ်။ ခုဆိုတချို့နေရာတွေမှာဒိုင်းကိုင်တွေတောင်မသုံးတော့ဘူး။ Tear Gas သုံးပြီးတခါတည်းတန်းဆွဲတော့တာပဲ။ သူတို့အတွက်သိပ်လွယ်လွန်းနေပြီ။

ကား ၂ စီးလောက်နဲ့တစ်မြို့နယ်လုံးကိုချုပ်ကိုင်နေတာနော်။

ကိုယ်တွေရဲ့သပိတ်နယ်မြေဟာလဲတဖြည်းဖြည်းကျဥ်းမြောင်းလာတယ်။ လှည်းတန်းကိုပဲနမူနာကြည့်ပါ။

အဖြိုခွဲမခံရစဥ်တုန်းက လှည်းတန်းစင်တာရှေ့လမ်းဆုံလမ်းခွ..အချက်အခြာကျတဲ့နေရာမှာအေးဆေးဆန္ဒပြလို့ရတယ်။ စစ်ခွေးတွေစအကြမ်းဖက်တော့ လမ်းဆုံကနေ လှည်းတန်းစျေးရှေ့၊ ဂမုန်းပွင့်ရှေ့ကိုဆုတ်ပေးရတယ်။ နောက်တော့အင်းစိန်လမ်းမကြီးပေါ်…ခုနောက်ဆုံး ဘူတာရုံလမ်းလိုကြားလမ်းတွေထဲရောက်ကုန်ကြပြီ။ ဒီတိုင်းဆက်သွားရင်လမ်းသွယ်လေးတွေထဲဝင်ပြရမယ်။ နောက်ဆုံးတိုက်ခန်းတွေထဲထိဝင်ဆွဲခံရလိမ့်မယ်။ ခုလည်းဆွဲနေပါပြီ။

နောက်တစ်ချက်စိုးရိမ်စရာတခုရှိသေးတယ်။

အရင်တုန်းကဆန္ဒပြသူတွေကိုဖမ်းမိရင် နောက်နေ့ပြန်လွတ်ပေးလေ့ရှိတယ်။ အခုမဟုတ်တော့ဘူး။ ဖမ်းမိရင် ၅၀၅ နဲ့တခါထဲဆွဲစိတော့တာပဲ။ ကြာရင်ကိုယ်တွေဘက်ကလုံးပါးပါးလာလိမ့်မယ်။

ဘယ်လိုဖြေရှင်းကြမလဲ..

ရိုးရိုးလေးပါပဲ။ ဒေါက်တာဆာဆာပြောတဲ့ Self Defense ကိုအကောင်အထည်ဖော်ရမယ်။ ခုအခြေအနေက အကြမ်းမဖက်ရဘူးတို့၊ အကွက်ထဲဝင်သွားမယ် စတဲ့ဆိုက်ဝါးတွေမိလို့ကောင်းနေတုန်းပဲ။ သူတို့က အနိုင်ကျင့်လို့ရမှန်းသိလေ နည်းမျိုးစုံနဲ့အနိုင်ကျင့်လေပဲဖြစ်တော့မှာ။ပြီးခဲ့တဲ့အပတ်က ထိုင်းမှာဆန္ဒပြကြတယ်။ထိုင်းကကောင်တွေ ကျွေးချက်က လက်လန်တယ်။ရေကားတောင် မနည်းပြန်မောင်းပြေးရတယ်။ဖမ်းသွားတဲ့လူတွေကိုလည်း အချုပ်ကားကို ပိတ်ပြီး အကုန်ပြန်ကယ်ထုတ်တာပဲ။

တခါတလေမှာ ကိုယ့်လူတွေက ဆိုက်ဝါးမိပြီး အလျော့ပေးလွန်းနေကြတယ်။ကမ္ဘာမှာလည်း ကျုပ်တို့ကအကြမ်းမဖက်ဘဲ သူတို့ပဲပစ်ခတ်နေတယ်ဆိုတာ လုံလောက်တဲ့သက်သေတွေလည်းရှိနေပြီးပါပြီ။ထိုင်းကျောင်းသားတွေ ဟောင်ကောင်ကျောင်းသားတွေနဲ့ ချီလီကဆန္ဒပြပွဲတွေ အင်္ဂလန်ကျောင်းသားဆန္ဒပြပွဲတွေတောင် ကျုပ်တို့လောက် ခန္တီစတရားနဲ့မပြည့်စုံဘူး။

တော်လှန်ရေးက အပြေးချည်းပဲဆို မလွယ်ဘူးရဲဘော်တို့။ အနည်းဆုံးတော့ ခဲနဲ့ပေါက်တာတို့၊ အနားကပ်လာရင်တုတ်နဲ့ပြန်ရိုက်တာမျိုးတော့စလုပ်သင့်ပြီ။

ကိုယ်တွေကအကြမ်းစဖက်တာမဟုတ်ဘူးနော်။ ကိုယ့်ကိုကိုယ်ကာကွယ်ပိုင်ခွင့်ကိုအသုံးချတာ။

နယ်မြို့တွေကတချို့နေရာတွေမှာလဲစလုပ်နေကြပြီ။ ဥပမာ ဟိုတလောက ကလေးမြို့ကဗီဒီယိုဖိုင်လိုပေါ့။ အဲ့ဒါကိုမှအကွက်ထဲဝင်သွားမယ်ထင်နေတုန်းပဲဆိုရင် ဒီစာကိုဆက်မဖတ်ပါနဲ့တော့။ ကျနော့်ကိုလဲ Report သာထုသွားလိုက်ပါ။

ဘာတွေအကျိုးရှိလာမလဲ။

(၁) စစ်ခွေးတွေအလုပ်ရှုပ်ကုန်မယ်

အရင်လိုသေနတ်လေးဖောက်၊ လမ်းလေးလျှောက်ပြီးဝင်ဆွဲလို့မရတော့ဘူး။ ကိုယ်တွေပြန်လုပ်မယ်ဆိုတာသိထားရင်သူတို့ဘက်ကလဲအများကြီးပြင်ဆင်ရတော့မယ်။ ဖြစ်သလိုစတင်းဂန်းနဲ့ပစ်..ဖြိုခွဲလို့လဲမရဘူး။ အသေအပျောက်တွေရှိလာရင်ကြိုးစင်နဲ့ပိုနီးလာမယ်။ ခုတောင်ဒီကောင်တွေသိပ်မရမ်းရဲတော့တာပဲကြည့်။

(၂) ကိုယ်တွေကိုပြန်ရှိန်လာမယ်။

အရင်လိုအေးဆေးအနိုင်ကျင့်လို့မရမှန်းသိတဲ့အခါသူ့တို့ဘက်မှာလဲအကြောက်တရားတစ်ခုပြန်ဝင်လာမယ်။ လွယ်လွယ်နဲ့တက်လာရဲမှာမဟုတ်တော့ဘူး။

(၃) ဒင်းတို့တတွေလူအင်အားပိုသုံးရမယ်။

 ကိုယ်တွေပြန်ခုခံမယ်ဆိုရင် သပိတ်တခုကိုဖြိုခွဲဖို့အတွက်ခုလက်ရှိသူတို့သုံးနေတဲ့အင်းအားရဲ့အနည်းဆုံး၂ဆပိုသုံးရလိမ့်မယ်။ နဂိုကတည်းကလူအင်အားသိပ်မသုံးနိုင်တဲ့အခြေအနေမှာတနိုင်ငံလုံးကသပိတ်တွေပြန်ခုခံကြမယ်ဆိုရင် သူတို့တော်တော်တိုင်ပတ်ကြလိမ့်မယ်။ နောက်ဆုံးညဘက်တွေမှာရမ်းချင်တိုင်းရမ်းဖို့တောင်ခက်ခဲသွားလိမ့်မယ်။

ဘာတွေကောင်းလာနိုင်လဲ

(၁) ဆန္ဒပြလူငယ်တွေ motivation တက်လာမယ်

အရင်လို ပြ ပြန် ပြေးမဟုတ်တဲ့အတွက်စိတ်ပိုင်းဆိုင်ရာမှာအများကြီးတိုးတက်လာမယ်။

(၂) အခုထက်ပိုပြီး စည်းလုံးလာမယ်

ပြန်ခုခံဖို့ဆိုတာ Plan တွေလိုတယ်။ ဗျူဟာတွေလိုတယ်။ လေ့ကျင့်မှုတွေလိုတယ်။ အဲ့ဒါတွေကိုအချင်းချင်းတိုင်ပင်လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် အဖွဲ့အစည်းသဘောပိုဆန်လာမယ်။ ပိုစည်းလုံးလာမယ်။

(၃) တော်လှန်ရေးကြီးပိုပြီးအရှိန်အဟုန်ကောင်းလာမယ်

အဲ့ဒါကိုတော့အကျယ်ချဲ့ရှင်းပြမနေတော့ဘူး။ ကိုယ့်ဘာသာကိုယ်စဥ်းစားကြည့်ကြပါ။

နောက်ဆုံးပြောချင်တာကတော့ ကျွန်တော်တို့ဒီတိုင်းဆက်သွားလို့မရပါဘူး။ အဖမ်းခံရတဲ့သူတွေများလာတဲ့အခါလမ်းပေါ်ကဆန္ဒပြပွဲတွေလုံးပါးပါးလာပါလိမ့်မယ်။ အဖမ်းခံရရင်တောင်ရဲဝံ့စွာတိုက်ပွဲဝင်ပြီးအဖမ်းခံရတာပိုအဓိပ္ပါယ်ရှိပါတယ်။

အခုပြောခဲ့တာတွေမှာ လူသတ်တာ၊ လုယက်ရမ်းကားတာ၊ ရဲစခန်းမီးရှို့တာတွေတစ်ခုမှမပါပါဘူး။ Self Defence ပိုင်းကိုသာပြောနေခြင်းဖြစ်ပါတယ်။ အကွက်ဝင်မှာစိုးရင်တော့ လဲသာသေလိုက်ပါ။

ကဲ..ကျနော်တို့ဗျူဟာပြောင်းဖို့လိုနေပြီ။

Related Posts

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English