ရခိုင့်တပ်တော် AA ဟာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်ခြင်းမရှိတော့လို့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတာကို ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီက မတ်လ ၁၁ ရက်နေ့ ဒီနေ့မှာ နိုင်ငံပိုင်သတင်းစာကနေ ကြေညာ လိုက်ပါတယ်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က စစ်ကောင်စီရဲ့ သဘောတူညီချက်နဲ့ ကြေညာတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်နဲ့ တိုက်ပွဲတွေအပြင်းအထန် ဖြစ်ခဲ့တဲ့ AAအဖွဲ့ ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့က အစိုးရက အကြမ်းဖက် အဖွဲ့အဖြစ်ကြေညာခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် အခုလိုရုတ်သိမ်းလိုက်တာ ဖြစ်တယ်လို့လည်း ဒီနေ့ ကြေညာချက်မှာ ထည့်သွင်းပြောထားပါတယ်။
မူရင်းသတင်း >>>> RFA ( https://www.facebook.com/39218993127/posts/10160904067428128/ )