Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

သွေးမြေကျခဲ့ကြရပြန်ပြီ

မတ် 12, 2021
in သုံးသပ်ချက်များ
Reading Time:5min read
Share on FacebookShare on Twitter

“ ကိုယ့်ကို ခွင့်လွှတ်ပါ၊ အားလုံးက ကိုယ့်လိုပဲ အိမ်ထဲမှာ နေကြမယ်ဆိုရင် ကိုယ်တို့လို

ချင်တဲ့ ဒီမိုကရေစီ ဘယ်တော့မှ ရတော့မှာ မဟုတ်ဘူး’

ဤသည်ကား မြောက်ဒဂုံတွင် ကျဆုံးသွားသော အသက် ၂၅ နှစ်ရှိ ကိုချစ်မင်းသူ မှ ကိုယ်ဝန်ဆောင် ဇနီးသည်အား အိမ်မှ မထွက်ခင် နောက်ဆုံးပြောခဲ့သော စကားပင် ဖြစ်သည်။

ထိုနေ့တွင် ကိုချစ်မင်းသူ တယောက်သာ

မဟုတ် တိုင်းပြည်အနှံ တွင် အသက်ပေး

သွားသူ များစွာ ရှိလာခဲ့သည်။

ဟိုဖက် ဒီဖက် ဆယ်မိနစ် လျှောက်

လျှင်ပင် မြို့တပတ် ပြည့် သည့် သနပ်ခါး

ထွက်ရှိရာ အညာ မြို့ငယ်လေး မြိုင်တွင်တော့ မင်းအောင်လှိူင်၏ သွေးဆာနေသော လူရမ်းကား တပ်များ၏ ကြက်ကလေး ငှက်ကလေးများသဖွယ် ပြစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ကြရသဖြင့် ရိုးသားသော ပြည်သူများ က ၎င်းတို့ နေတဒူဝ ခြေရာချင်း ထပ်အောင် လျှောက် ခဲ့ကြသည့် လမ်းပေါ်တွင်ပင် အသက်ပျောက်

သွားကြရရှာပြီ ဖြစ်သည်။

နယူးယောက်တိုင်း သတင်းစာက အဆိုပါ

လူသတ်ပွဲကြီးတွင် ရှစ်ဦးသေဆုံးပြီး နှစ်

ဆယ်ကျော် ဒဏ်ရာရရှိသွားသည်ဟု ဖေါ်ပြထားသည်။

ယမန်နေ့ တရက်တည်းတွင်ပင် မြိုင် တွင် ၈ ဦး၊ မြိတ်တွင် ၃ဦး၊ ပဲခူးတွင် ၂ ဦး၊ မန္တလေး၊ မြင်းခြံ နှင့် ရန်ကုန် မြောက်ဒဂုံတို့တွင် ၁ ဦးစီ၊ စုစုပေါင်း ၁၆ ဦးသေဆုံးသွားခဲ့ရပြီ ဖြစ်သည်။

ထိုသို့ ကြိုတင် သတိပေးခြင်း မရှိပဲ ကျည်အစစ်များ သုံးကာ သတ်ဖြတ်ခဲ့မှူ

အပေါ် ရဲများက အရေးတယူ လုပ်၍ပင်

ရှင်းပြခဲ့ခြင်း မရှိပေ၊ ၎င်းတို့အတွက်ကား

အကြောင်းပြရန်လည်း မလိုတော့ပေ။

စစ်တပ် ၏ သတ်ဖြတ်နှိမ်နှင်းခဲ့မှုများနှင့်ရင်းပါးနေပြီဖြစ်သော လူထုကြီးသည်ပင်

ယခုတကြိမ် ရက်စက်စွာ ပြုကျင့် နေမှူများကို တုန်လှုပ်လာခဲ့ကြရသည်၊ စစ်သားများက သေနတ်ပြစ်ကွင်းက ပြစ်မှတ်ကို

ချိန်ရွယ် လေ့ကျင့်နေသည့် အလား ဦးခေါင်းတည့်တည့်ကိုသာ ချိန်ရွယ် ပြစ်ခတ်ပြီး အချင်းချင်း သူလက်ဖြောင့်သည် ငါ လက်ဖြောင့်သည်ဆိုကာ ပြိုင်ဆိုင်လျက် ရှိနေကြသည်။

နယ်စပ်ဒေသများတွင် လူသတ်မုဒိန်းကျင့်၊ လုယက်ပြီး တိုင်းရင်းသားကလေးသူငယ်များကို မိုင်းကွင်းထဲ လျှောက်ခိုင်းခဲ့သူများက ရန်ကုန် နှင့် မြို့ကြီးများပေါ် တက်လာကြပြီလည်း ဖြစ်သည်။

ထို့အတွက် ဗမာတိုင်းရင်းသားများက ရှမ်း၊ ကရင်၊ ချင်း၊ ရှမ်း၊ မွန် တိုင်းရင်းသားများ

နှင့် စုစည်းကာ ဖက်ဒရယ် တပ်မတော်ကြီး ဖွဲ့စည်းပြီး မင်းအောင်လှိုင် သစ္စာခံတပ်များအား ဘင်္ဂလား ပင်လယ်အော်ထဲ မောင်းချရန် အပူတပြင်း ပြောဆို‌နေပြီလည်း ဖြစ်သည်။

ထိုသို့ ဖြစ်ပေါ်လာနေသော အခြေအနေကို

တနည်းတဖုံ ရှုပ်ထွေးသွားစေရန် စစ်တပ်မှ AA အား အကြမ်းဖက် အဖွဲ့အစည်းဟု သတ်မှတ်ထားခြင်းမှ ပယ်ဖျက်လာခဲ့သည်။

လက်ရှိ တွင် မြန်မာပြည်သူများ အဖို့ အာဏာသိမ်းပွဲ အောင်မြင်သွားမည်ဆိုက

ဗိုလ်သန်းရွှေ လက်ထက် တွင် တွေ့ကြုံခဲ့

ရမှုများသည် ပန်းနှင့် ပေါက်သလောက်သာ ရှိပါလားဟု မှတ်ထင်ရလောက်အောင်

အပုံတရာမက ဆိုးဝါးလာတော့ အဖြစ်နှင့်

နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ကြရတော့မည်

အရေးပင် ဖြစ်သည်။

ကုလ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ CNN နှင့် အင်တာဗျုး

တွင် နိုင်ငံအတွက် ရွေးကောက်ပွဲ ထပ်လုပ်

စရာ မလိုကြောင်းနှင့် စစ်တပ်၏ အနိုင်

ကျင့် စော်ကားမှုများ အောက်တွင် အကာ

အကွယ် မဲ့နေသော မြန်မာ ပြည်သူများကို

ကူညီပေးကြပါရန် ထပ်မံ ပန်ကြားလိုက်

ပြန်သည်။

လက်ရှိ အနေအထားအရ ပြည်ပရင်းနှီးမြုပ်နှံမှု များ ပြိုလဲလာနေပြီး ကိုဗစ် နှင့် အာဏာဖီဆန်နေသည့်

အရေးများကြောင့် အချိန်မီ နောက်မဆုပ်ပါက တိုင်းပြည်၏ စီးပွားရေးသည် နာလံ ပြန်ထူနိုင်စရာ မရှိတော့ပေ။ အာဏာသိမ်း

ခေါင်းဆောင်များ အဖို့က နေပြည်တော်ရှိ

နန်းတော်ကြီးများထဲမှ ဟိုစပ်စပ် ဒီစပ်စပ်

စိတ်ကူးပေါက်ရာ လက်တည့်စမ်းကြပေဦး

မည်သာ။

ရန်ကုန်ရှိ သင်္ဘော ကုမ္ပဏီ ရုံးခန်းများ ပိတ်ကုန်ကြပြီး ကုန်စည်တင်ဆောင်ရန် ဘုတ်ကင် လုပ်ခြင်းများကို လက်မခံတော့ဟု သိရသည်။ ရန်ကုန် ဆိပ်ကမ်းတွင်လည်း ကုန်တင်ရန် စောင့်ဆိုင်းနေသော သင်္ဘောများ

နှင့် ပြည့်နှက်နေပြီ ဖြစ်သဖြင့် လက်ရှိ

အနေအထားတွင် supply chain က ပြိုလဲသွားခဲ့ပေပြီ။

တရုတ်သည် ၎င်းတို့၏ ရေနံ ပိုက်လိုင်းနှင့် အခြားသော အကျိုးစီးပွားများကြောင့်မြန်မာပြည်အား ဒီတိုင်း ကြည့်နေ၍ မဖြစ်

တော့ဟု တိုး၍ တိုး၍ သဘောပေါက်လာနေသဖြင့် တရုတ် ၏ ကုလသံအမတ်ကြီး

သည် နိုင်ငံတွင်း တင်းမာနေမှုများ လျော့

ချရန်၊ ဆွေးနွေးကြရန် အချိန်ရောက်ပြီဟု

ပြောဆိုလာပြန်သည်။

ထိုင်း၊ ဗီယက်နမ် နှင့် ကမ္ဘောဒီယားတို့မှ

လည်း မြန်မာပြည် အရေး‌အပေါ် စိုးရိမ်

တကြီး ဖြစ်လာနေပြီး ပြည်သူများနှင့်

ဆွေးနွေးရန် ကြေညာချက်များ ထုတ်ပြန်ပြီး အပူတပြင်း တိုက်တွန်းလာကြသည်။

မနေ့က ထုတ်ပြန်သော လုံခြုံရေး ကောင်စီ၏ ကြေညာချက်သည် အဖွဲ့ဝင်

၁၅ နိုင်ငံ စလုံးမှ ဒုတိယအကြိမ် တသံတည်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သော်လည်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး မှ ကုလသည် အပြောသာ ရှိပြီး၊ တကယ်တမ်းတွင် မည်သို့မျှ ဆောင်ရွက်ပေးခဲ့ခြင်း မရှိ၍ နောက်တနေ့မှာပင် စစ်တပ်၏ လက်ချက်ဖြင့် လူအများအပြား ဆက်လက် သေဆုံးနေရပြီ ဖြစ်သည်ဟု ပြစ်တင်လိုက်ပြီး အဓိက တရားခံဖြစ်သူ မင်းအောင်လှိုင် ကို အိုင်စီစီ မှတရားစွဲနိုင်ရေး အား ထောက်ခံရန် တိုက်တွန်းလိုက်သည်။ ၎င်းတို့တွင်  ဗီဒီယို မှတ်တမ်း ၅၀ ခန့် ရရှိထားပြီးလုံလောက်သည်ထက် ပိုနေပြီဟု ‌ဆိုသည်။

မြန်မာ အတွက် ကုလ လူ့အခွင့်အရေး တာ

ဝန်ခံ တွန် အင်ဒရူးက မြန်မာအား လက်ရှိ ထိန်းချုပ်ထားသော လူသတ် တရားမဝင် အစိုးရအား ကမ္ဘာနိုင်ငံများမှ အသိအမှတ် မပြုရန် နှင့် ရေနံ နှင့် ဓါတ်ငွေ့ လုပ်ငန်းကို ပိတ်ဆို့ဒဏ်ခတ်ရန် ကုလ လူ့အခွင့်အရေး ကောင်စီ ကိုယ်စားပြု၍ ကြေညာချက် ထုတ်ပြန်  တောင်းဆိုလိုက်သည်။

ဥပဒေ ရေးရာ ပညာရှင် နှင့် မြန်မာ ပြည်

အတွက် ကုလ အချက်အလက် ရှာဖွေရေး

ကော်မရှင် အဖွဲ့ဝင်လည်း ဖြစ်ပြီး လက်ရှိ

မြန်မာပြည်အတွက် သုံးဦးပါ အထူးအကြံပေးကောင်စီဝင်လည်း ဖြစ်သော

ခရစ် ဆီဒိုတီမှ မြန်မာ တွင်  ဖြစ်ပေါ်နေ

သည့် အကြမ်းဖက်မှုများအတွက် R2P

ဖေါ်ဆောင်ရန် တောင်းဆိုလိုက်သည်။

ကုလသည် R2P ဖြင့် ၂၀၁၁ တွင် လစ်ဗျား နိုင်ငံ အတွင်း ဝင်ရောက်တိုက်ခိုက်ရန်

နေတိုး အဖွဲ့အား ခွင့်ပြုပေးခဲ့ဘူးသည်။

ထိုသို့ တိုင်းပြည်က ပြည်တွင်းစစ်ကြီး မီးဟုန်းဟုန်း တောက်ရန် ဦးတည်နေသည်ကို

အားလုံးက သိရှိနေကြပြီ ဖြစ်သော်လည်း

စစ်အာဏသိမ်း အဖွဲ့က တော့ ဆုပ်လည်း

စူး စားလည်းရူး ဖြစ်လာက “ ဓါးဓါးခြင်း

လှံလှံခြင်း” နောက်ဆုံးအကြိမ် အထိ ရင်

ဆိုင်ရန် ပြင်ဆင်ထားပုံ ရပြီး ဒေါ်အောင်

ဆန်းစုကြည်ကိုပင် ‌လဒ်စားသည်ဆိုကာ

အရူးချီးပန်း ပြောဆိုလာသည်အထိ အခြေ

အနေ ဆိုးလာနေပေသည်။

 ၎င်းတို့ ပြောသမျှ ကို ယုံကြည်သူဟူ၍

သူရူးမျှပင် ရှိမည်ဖြစ်ရာ ထိုအကြောင်းကို

အရေးအရာ လုပ်၍ ဖေါ်ပြနေပါက မိမိပင် သူရူးစာရင်းထဲ ဝင်သွားနိုင်၍ ဆက်လက် ပြောဆိုမည် မဟုတ်ပေ။

မင်းအောင်လှိုင်သည် သေချာစဉ်းစားနိုင်

စွမ်း မရှိပဲ ထိုင်း စစ်တပ်ကို အားကျယုံ

သက်သက် ဖြင့် လုပ်ခဲ့မှုကြောင့် တိုင်းပြည်အား ကပ်ဆိုးကြီး ဆိုက်ရန် ဖိတ်

ခေါ်သလို ဖြစ်သွားခဲ့ရပြီဟု အီကော်နော်မစ် မဂ္ဂဇင်းကြီးမှ သုံးသပ်ခဲ့သည်။

ထိုင်းစစ်တပ်သည် မြန်မာစစ်တပ်လို တနိုင်ငံလုံး ၏ မုန်းတီးခြင်း မခံရပဲ ထောက်ခံမှု အတိုင်းအတာ တခုထိ ရှိနေပြီး

ပြည်သူများကို ပြစ်ခတ်ပြီး မှ အာဏာ

တည်မြဲအောင် လုပ်လာသူများကို ဘုရင်က

ဝင်ရောက် ထိန်းကျောင်းပေးပြီး ရာထူးမှ

စွန့်လွှတ်ခိုင်းခဲ့သည်ခြည်းသာ ဖြစ်၍ အခြေ အနေများက မတူကြောင်း ရေးသားထားသည်။

အရေးတော်ပုံ အောင်ရမည်!!!

Credit – Original artist

ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေထားသည်များကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါ၍ မူရင်းရေးသားသူကို ခရစ်ဒစ် ပေးပါသည်။

Related Posts

ဇန်နဝါရီ ၁၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)
သုံးသပ်ချက်များ

ဘယ်ဘက်ကနိုင်နေပြီလဲ

ဇန်နဝါရီ 27, 2023

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကြာမြင့်လာသောအခါ ဘယ်ဘက်ကနိုင်နေပြီလဲ...

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

ဇန်နဝါရီ 23, 2023

၂၀၂၂ ခုနှစ် နှစ်ကုန်ခါနီး မြန်မာ့အရေးနှင့် ပတ်သက်သည့်...

ဇန်နဝါရီ ၀၇၊ ၂၀၂၃။ (စနေ)

UNSC ရဲ့ ဆုံးဖြတ်ချက်နဲ့ အာဏာရှင်တို့ရဲ့ အဆုံးသတ်”

ဇန်နဝါရီ 13, 2023

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၂)နေ့ မြန်မာစံတော်ချိန်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist