အခု ဒီစာကို ဖတ်နေသူဟာ အသက် ၂၅ နဲ့ ၃၅ ကြားဖြစ်မယ် စားဝတ်နေရေးက အလယ်အလတ် Middle Class လည်းဖြစ်မယ်ဆိုရင် ကျနော်ရေးထားတာတွေကို အကုန်ကြုံဖူးပါလိမ့်မယ် . .
ကျနော်တို့ရဲ့ မိဘတွေဟာ အခု အသက်အားဖြင့် ၅၀ နဲ့ ၇၀ ကြား လောက်ဖြစ်နေကြပြီပေါ့ ကျနော်တို့ ငယ်ငယ်က မိသားစုက ဝင်ငွေ အတော်အသင့် ကောင်းရဲ့သားနဲ့ မိဘတွေက ချွေတာနေတာကို နားမလည်ဖြစ်ခဲ့ကြဖူးမယ် – သူငယ်ချင်းထဲမှာလည်း အဖေက သေင်္ဘာသား တဲ့၊ အိမ်မှာ အသားဟင်းကို တစ်ပတ် ၂ ရက်ပဲချက်စားကြတာမျိုးရှိတယ် ကျနော့်အမြင်မှာတော့ ဒီကောင့်အမေက ယောက်ျားဝင်ငွေကောင်းရဲ့သားနဲ့ တော်တော်ကပ်စီးနည်းတာပဲပေါ့။
ခက်တာက အဲ့ဒီတစ်အိမ်တည်းလားဆို မဟုတ်ပါဘူး သူငယ်ချင်းတွေ အိမ်တော်တော်များများမှာ – အပြင်မှာ လုံးဝ ဝယ်မစားဘူး – အပန်းဖြေဖို့အတွက်ဆို ငွေမသုံးဘူး – အပန်းဖြေခရီးဆိုတာ မရှိဘူး – ဇိမ်ခံပစ္စည်းဆိုတာ ဝေလာဝေး ရေးရင်တော့ အများကြီးပါ ကျနော် အလယ်တန်းလောက်တုန်းက ကလေးအတွေးနဲ့ အမေ့ကို ပြန်ပြောခဲ့ဖူးတယ် ဥပမာ…..(ဥပမာနော် အတိအကျမသိတော့ဘူး) အမေတို့ တစ်လ ၅ သောင်းဝင်ငွေရှိတာပဲ တစ်သောင်းလောက် သုံးပါလားဗျာ ဘာလို့ ငွေသုံးဖို့ကို တွန့်နေရတာလဲ အမေက ကပ်စီးလည်းမနည်းပါဘူး လှူနေတာပဲ အဖွားကိုလည်း ပေးနေတာပဲ ကိုယ်သုံးဖို့ကျမှ ဘာဖြစ်နေတာလဲ ပေါ့ (ဒါတောင် အမေတို့က အိမ်မှာ နေ့တိုင်း အသားဟင်းချက်ပါသေးတယ်) လမ်းထဲမှာ တိုက်ကြီးနဲ့နေတဲ့အိမ်တောင် တစ်ပတ်ကို အသားဟင်း ၂ ရက် ၃ ရက်ပဲ ချက်တာ သား တဲ့ အမေက ပြန်ပြောတယ် ကျနော်နားမလည်ခဲ့ဘူး လူကြီးတွေ တော်တော်ကြောင်တာပဲ လို့ ပဲ တွေးဖူးတယ်။
ဒါဟာ လူကြီးတွေက ချွေတာစုဆောင်း သူဌေးလောင်းဆိုတာထက် တကယ်က ကြောက်လို့ပါ ဘာကိုကြောက်တာလဲဆိုတော့ အောက်က အကြောင်းရင်း ၂ ချက်ကြောင့်ပါပဲ ၁) တစ်ဦးချင်း ဝင်ငွေနည်းတာ ၂) မျက်စိရှေ့မှာ ဖြတ်ခနဲပျောက်သွားတာ …. …. …. နံပါတ် ၁ ကတော့ ရှင်းပါတယ် နိုင်ငံက အဖက်ဖက် ချွတ်ခြုံကြနေတော့ တစ်ဦးချင်းဝင်ငွေနည်းတယ် ဒီတော့ နိုင်ငံသားတွေ မသုံးနိုင်ကြဘူး ကျနော်လည်း ဆယ့်ငါးနှစ်လောက် လူစောဖြစ်ရင် အခုလိုတွေ နေနိုင် စားနိုင် သုံးနိုင်မယ် မထင်ပါဘူး။
နံပါတ် ၂ က ငွေတွေတရားမဝင်ကြေငြာပစ်တာ ပြည်သူပိုင်ဆိုပြီး ဆိုင်တွေသိမ်းပစ်တာ မြေတွေသိမ်းပစ်တာ လုပ်ငန်းတွေ အပိုင်စီးသွားတာ လုပ်ပိုင်ခွင့်တွေ အလွဲသုံးစားလုပ်သွားကြတာ တိုင်းရင်းသားဒေသတွေကို ဖိနှိပ်တာ အဲ့တာတွေ ကြုံဖူးထားတဲ့ ကျနော်တို့မိဘတွေဟာ လက်ထဲငွေဘယ်လောက်ရှိရှိ မသုံးရဲကြတော့တာ မဆန်းပါဘူး ။
အခုခေတ်လူငယ်တွေရဲ့ အနေအထားကို ပြန်ကြည့်ရအောင် ကျနော်နဲ့နီးစပ်တဲ့ Middle Class တွေအကြောင်းပဲ ရေးမှာပါနော် – သူငယ်ချင်းတွေ အပန်းဖြေခရီးထွက်ကြတယ် – သူငယ်ချင်းတွေ တစ်ပတ်တစ်ခါ / နှစ်ပတ် တစ်ခါလောက် မုန့်ထွက်စားကြတယ် – ခေတ်ပေါ်ပစ္စည်းတွေသုံးကြတယ် ဒါတွေဟာ ဒီလူငယ်တွေ အသုံးအဖြုန်းကြီးလာတာ မဟုတ်ပါဘူး အပေါ်မှာရေးထားတဲ့ ဝင်ငွေထွက်ငွေ အကြောက်တရားတွေ မရှိတော့လို့ပါ။
အခုတော့…… နိုင်ငံရဲ့အစိုးရကို ကမ္ဘာကလက်မခံရင် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေ အလျှိုလျှိုပြန်သွားကြမှာ စကားလုံးတွေက ကြီးနေမှာစိုးလို့ တည့်တည့်ပဲ ရေးရရင် အော်ရီဒူးလို လုပ်ငန်းကြီး ပြန်သွားပြီဆိုပါစို့ တစ်လ ဆယ်သိန်း သိန်းနှစ်ဆယ်လောက် ရပြီး ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းလို့ရနေတဲ့ အိုင်တီပညာရှင် လူငယ်တွေနဲ့ လူလတ်ပိုင်းတွေ စထိပါပြီ (မန်နေဂျာ level မဟုတ်သေးဘူးနော်) ကိုယ်က အိုင်တီပညာရှင်ပဲ အော်ရီဒူးမရှိလည်း တခြားအိုင်တီနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေမှာ အလုပ်ပြန်ရမှာပါ ။
ပူစရာမရှိဘူး ဟုတ်ပါတယ် Professional staff အတွက် အလုပ်ပြန်ရဖို့ မပူရပါဘူး “ဒီလစာတော့ ပြန်မရနိုင်တော့ပါ” အပြည်ပြည်ဆိုင်ရာ လုပ်ငန်းစုကြီးတွေ ၂၀၀၀ ခုနှစ်လောက်ကလိုပဲ ပြန်နည်းသွားမယ် ၊ အကန့်အသတ်နဲ့ပဲ ရှိတော့မယ်ဆိုရင် ???? ကျနော်တို့တွေလည်း ကျနော်တို့မိဘတွေတုန်းကလိုပဲ ပြန်နေသွားကြရတော့မှာပါ မိသားစုအပန်းဖြေခရီးသွားဖို့ ငွေ ၃ သိန်းကုန်မယ်ဆိုရင် မသွားတော့ပါဘူးကွာ လစာက အရင်လောက်မရှိတော့ဘူး၊ Part time အလုပ်တွေ၊ Other income တွေလည်း အရင်လို မရှိတော့ဘူးလေ အိုင်ဖုန်းမကိုင်ပါနဲ့တော့ သမီးရယ် သမီးဖေကြီးက လစာတွေနည်းသွားပြီ အိမ်က Honda Fit လေးပြန်ရောင်းပြီး လုပ်ငန်းသုံးကားလေးပြန်စီးကြမယ် သားတို့ကို ကျောင်းလိုက်ပို့လည်းရတယ် အငှားချရင်လည်း ဝင်ငွေပြန်ရှာရတော့မယ် အမေ့ရဲ့ Digital Marketing က အရင်လို ဝင်ငွေ ရေရေရာရာမရှိတော့လို့ပါ။
မာလာရှမ်းကော? မစားပါနဲ့တော့ သည်းလေးရယ် ကိုကို့ အဖေက အရင်လောက် မုန့်ဖိုးမပေးနိုင်တော့ဘူး ဒါတွေက မိဘတွေကျပ်တည်းလာရင် ကိုယ့်သားသမီးတွေ ဖြစ်လာနိုင်မယ့် အကျိုးဆက်ပါ ကိုယ်တိုင်က လုပ်ငန်းခွင်က လူဆိုရင်တော့ ကျနော် ရေးထားတာတွေကို သေသေချာချာကြီး ပိုသိပါလိမ့်မယ်။ ကျနော်တောင် ရေးရင်းနဲ့ ပိုပူပန်နေမိပါတယ် ငါတို့အစိုးရပဲ ငါတို့ကို ပြန်ပေးပါကွာ ! crd