မနေ့ကပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး UNSC တံခါးပိတ်အစည်းအဝေးဟာဘာမှတိကျသေချာတဲ့ရလဒ်တစ်ခုထွက်မလာခဲ့ပါဘူး။ ဆုံးဖြတ်ချက်တစ်ခုချဖို့နေနေသာသာ ကြေငြာချက်လေးတစ်စောင်တောင်မထုတ်ပြန်နိုင်ခဲ့ဘူး။
တကယ်တော့လည်း UN ဆိုတာ မြန်မာပြည်အတွက် သိပ်မျှော်လင့်လို့ရတဲ့အဖွဲ့အစည်းတစ်ခုတော့အရင်ကတည်းကမဟုတ်ခဲ့ပါဘူး။ တရုတ်နဲ့ရုရှားကအမြဲတမ်းကန့်လန့်တိုက်ပေးနေကျပဲလေ။
လက်ရှိပြည်တွင်းကအခြေအနေကလူထုဘက်ကအောင်မြင်ဖို့ရာခိုင်နှုန်းတွေတိုးလာခဲ့တယ်။ လူထုလှုပ်ရှားမှုအရှိန်လုံးဝကျမသွားဘူး။ CDM အောင်မြင်နေတယ်။ CRPH ကလဲနိုင်ငံတကာမျက်နှာစာခြေလှမ်းစိပ်စိပ်ဆက်သွားနေပြီးစစ်ကောင်စီကိုသွေးပျက်စေတယ်။
ဒါပေမယ့်ကိုယ်တွေအဓိကလိုချင်တဲ့အချက်ဖြစ်တဲ့ စစ်ကောင်စီပြုတ်ကျသွားခြင်း ဆိုတဲ့အချိန်ရောက်ဖို့အလှမ်းဝေးနေဆဲပဲ။ သူတို့ဟာလဲရွေးချယ်စရာလမ်းလုံးဝမရှိတဲ့အတွက်ဆက်လက်ပြီးတင်းခံနေဆဲပဲ။ ဒါကြီးမြန်မြန်ပီးသွားဖို့နိုင်ငံတကာကစစ်ရေးအကူအညီလိုမလား။ စဥ်းစားစရာအချက်တခုဖြစ်တယ်။
လက်ရှိအချိန်မှာ CRPH ကတဆင့် R2P ကိုတောင်းဆိုနေပေမယ့်လက်တွေ့မှာတော့အလှမ်းဝေးနေပါသေးတယ်။ UN မှာက Procedure တွေအများကြီးရှိနေတာမို့ချက်ချင်းဖြစ်လာဖို့မလွယ်ပါဘူး။ ဒါပေမယ့်တခုတော့ရှိတယ်။ UN ဘက်ကကြာနေမယ်ဆိုရင် US ဘက်ကဝင်မယ်ဆိုရင်ရော။ CRPH အနေနဲ့ ဒါကိုလဲ Optionတစ်ခုအဖြစ်စဥ်းစားထားဖို့လိုပါတယ်။ နောက်ပြီး CRPH ကခုလုပ်နေတဲ့ ဖက်ဒရယ်အခြေခံဥပဒေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေစုပေါင်းပြီး ဖက်ဒရယ်တပ်မတော်ဆိုတဲ့လမ်းကြောင်းတခုလဲရှိပါသေးတယ်။ ဒါကိုတော့နောက်နေ့မှဆက်ရေးပါ့မယ်။