ဒီနေ့ကျွန်တော့်ဇာတိမြေမှာအကြီးအကျယ်သွေးစွန်းခဲ့တယ်။
ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်မှာစစ်သူပုန်အဖွဲ့ရဲ့အကြမ်းဖက်ဖြိုခွဲမှုကြောင့် အနည်းဆုံး ၁၂ ဦးသေဆုံးပြီး ၅၀ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်။
စစ်သူပုန်အဖွဲ့ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး ရန်ကုန်မြို့ကငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့လူငယ်တွေကို အပြင်းအထန်အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။ လူငယ်တွေဟာလည်းရန်ကုန်မြို့လယ် မြေနီကုန်း၊ လှည်းတန်း လိုနေရာမျိုးမှာခံစစ်ထိုင်ပြီးကြံကြံခံဆန္ဒပြကြတယ်။ အသေအပျောက်တွေလည်းရှိလာခဲ့တယ်။ ရက်နည်း နည်းကြာလာတော့ သူတို့လေးတွေမခံနိုင်တော့မှာစိုးလို့ မြောက်ဥက္ကလာလူထုက ကိုယ့်မြို့နယ်မှာ ခံစစ်အထိုင်လုပ်ပြီးငြိမ်းချမ်းစွာဆန္ဒပြဖို့စီစဥ်ကြတယ်။ မြို့ထဲကစစ်သူပုန်အုပ်စုကိုခွဲထုတ်တဲ့သဘောပေါ့။
ဒီနေ့မြောက်ဥက္ကလာမှာ မြို့နယ်ရဲ့အဓိကလမ်းမကြီးကိုပိတ်ပြီးစတင်လှုပ်ရှားကြတယ်။ စစချင်း ဆောက်နဲ့ထွင်းဆိုသလို မနက်၁၀ နာရီလောက်ကတည်းက စစ်တပ်နဲ့ရဲတွေဆင်ချလာပြီး နည်းလမ်း ပေါင်းစုံသုံးဖြိုခွဲတယ်။ လူထုအင်အားကများတော့သိပ်မထိရောက်ဘူးပေါ့။ စစ်ကားတွေထပ်ရောက် လာမှာ စိုးလို့ နေ့လည်လောက်မှာမြို့နယ်ရဲ့ လမ်းကြီး၊ လမ်းငယ်အသွယ်သွယ်ကို လူထုကအထပ်ထပ် ပိတ်ဆို့လိုက်ကြတယ်။ မနက်တပိုင်းလေးတင်ကျနော်တို့ဘက်ကရဲဘော်နှစ်ယောက်ကျဆုံးခဲ့တယ်။
ပထမတစ်ခေါက်က လူထုအားကြောင့်စိတ်သွားတိုင်းကိုယ်မပါခဲ့တဲ့ စစ်သူပုန်အုပ်စုဟာ ညနေသုံး နာရီလောက်မှာတပ်မ ၇၇ နာမည်ခံထားတဲ့စစ်ကား ၂၀ ခန့်နဲ့ထပ်ဆင်းလာပြီးအဆုံးစွန်သော နည်းလမ်း တွေနဲ့ထပ်မံအကြမ်းဖက်ခဲ့တယ်။ ဖမ်းမိထားတဲ့အပစ်မဲ့ပြည်သူတစ်ဦးကို မျက်စိရှေ့တင် ပစ်သတ် ကြတယ်။ ပရဟိတလူနာတင်ကားပါမချန်သေနတ်နဲ့ချိန်ပြီး ကားပေါ်ကစေတနာ့ဝန်ထမ်း ကလေး တွေကိုရိုက်နှက်ကန်ကျောက်ပီးဖမ်းဆီခေါ်ဆောင်သွားတယ်။ အဆိုးဆုံးကတော့ သူတို့တပ်ပြန်ဆုတ်ခါနီး မှာ အပစ်မဲ့ပြည့်သူတွေကိုစစစက်သေနတ်တွေနဲ့စစ်မြေပြင်မှာလို အတွဲလိုက်ပစ်ခတ်သွားခဲ့တယ်။ ထိုပစ်ခတ်မှု ကြောင့်နောက်ထပ်ရဲဘော်အနည်းဆုံး ၁၀ ဦးခန့်ကျဆုံးခဲ့တယ်။ ဒဏ်ရာရသူတွေများပြား လွန်းလို့ မြောက်ဥက္ကလာပဆေးရုံကြီးရဲ့အရေးပေါ်ဌာနမှာလူနာတွေပြည့်လျှံသွားတယ်။ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေဒီနေ့ထိ တရက်ထဲမှာအသေအပျောက်အများဆုံးမြို့နယ် အဖြစ်မှတ်တမ်းဝင် သွားခဲ့ပါပြီ။
တစ်နိုင်ငံလုံးကကျန်တဲ့မြို့တွေမှာလဲ ဒီနေ့အကျအဆုံးများတယ်။ မန္တလေးမှာကျဆုံးခဲ့တဲ့ကလေးမလေး ဆိုရင်အသက် ၁၉ သာရှိပါသေးတယ်။ ဒီနိုင်ငံအညွှန့်အဖူးလေးတွေကို စစ်အာဏာရှင် အကြမ်းဖက်အုပ်စု ကတဖြည်းဖြည်းဝါးမျိုစားသုံးနေပါပြီ။ ကျွန်တော်တို့မြန်မြန်ရုန်းထွက်ဖို့လိုနေပြီ။
>>>>>