Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အဆုံးအဖြတ် ရက်သတ္တပတ်ဖြစ်လာမလား

မတ် 4, 2021
in သုံးသပ်ချက်များ
Reading Time:2min read
Share on FacebookShare on Twitter

CRPH ကမနေ့က အာဏာလုစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာလိုက်ပြီး သည်နှင့်တစ်ပြိုင်နက် သတင်း ၂ ခု တက်လာတာ ဖတ်လိုက်ရပါတယ်

အဲ့တာကတော့ ဒေါက်တာဆာဆာက To ICC လို့ ပို့စ်တင်လိုက်သလို UN လုံခြုံရေးကောင်စီက စစ်ရေး အရ အရေးယူနိုင်တဲ့ Chapter 7အတွက် Action Plan စတင်တော့မယ် လို့ဆိုပါတယ်

ဒါဟာ အကုန်လုံးဟန်ချက်ညီညီ တစ်ပြိုင်နက်ထဲ လုပ်ဆောင်မူ့လို့ မြင်ပါတယ်။ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ကလဲ ဆန္ဒပြနှိမ်နှင်းတဲ့ ပုံစံမျိုးမ ဟုတ်တော့ဘဲ အကြမ်းဖက်တာတွေအပြင် ပစ္စည်းလု တာ ငွေတွေလက်နက်ပြလုတာ ဖျက်စီးတာ ရပ်ရွာ တွေထဲ အကြောင်းမဲ့ပစ်တာ တွေလုပ်နေတာ တ ကယ့်ကို စစ်မြေပြင်အတိုင်းပါပဲ

CRPH လုပ်ဆောင်ချက်တွေဟာ ထိရောက်တဲ့အ တွက် အာဏာလုအဖွဲ့က သံတမန်ရေးရာနဲ့ ပြည်ပ ရေးရာဆက်ဆံမူ့ပိုင်းမှာ လုံးဝကိုကျရူံးသွားပါတယ်။ နိုင်ငံတကာကသံတမန်တွေကို ပြောင်းလဲခန့်အပ်ဖို့ စာထုတ်ပေမယ့် သူတို့ခန့်မယ့်လူတွေကို ဘယ်နိုင်ငံ ကမှ ဗီဇာပေးတာအသိအမှတ်ပြုတာ မလုပ်တော့ နိုင်ငံတကာဆက်ဆံရေးမှာ အဆင်မပြေတော့ပြန်ဘူး။

စိတ်ဝင်စားစရာကောင်းတာ အာစီယံ ပါ သူတို့မ လူပ်ရဲပါဘူး အမေရိကန်နဲ့ UN ရဲ့တင်းကျပ်မူ့ကို ဘောင်ကျော်ပြီး သူတို့လုပ်လို့မရတော့ အာဏာလု အဖွဲ့ကိုမဆက်ဆံရဲကြတော့ဘူး သာတဲ့ဘက်မှာအ မြဲနေတတ်တဲ့ စင်ကာပူက အာဏာလုအဖွဲ့ကို ပြင်း ပြင်းထန်ထန်ပြောလာတာတွေဟာ အာဏာလုအဖွဲ့ အခြေအနေ မဟန်မှန်းသိသာနေတယ်။

စင်ကာပူဟာ စစ်အုပ်စုရဲ့ ငွေကြေးကို အဓိက ထိန်း ညှိပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီနေ့တော့ CRPH က အစိုးရဖွဲ့လိုက်ပါပြီ။ ဒါလုပ်ကိုလုပ်ရမယ့် အချက်ပါပဲ ၁၉၉၀ တုန်းက နောက်ကျခဲ့လို့ အနှစ်နှစ်ဆယ်ကျော် စစ်ဖိနပ်ရောက်ခဲ့ရတဲ့ သင်ခန်းစာကြီးကြီးကို CRPH ကယူ တတ်ခဲ့သလို နိုင်ငံတကာနဲ့ အချိန်ကိုက် လူပ်ရှားနေ တာ နိုင်ငံရေးဘက်ကကြည့်ရင် လုံးဝ အနိုင်ရသွား ပါတယ်။

အာဏာလုအဖွဲ့က သူ့ဘာသာ ဘယ်လိုပဲအော်အော် လက်နက်ကိုင် လူသတ် လူဖမ်းနေတာ သောင်ကျန်း သူအဆင့်အလိုလိုဖြစ်သွားပါပြီ ပြည်သူကလဲ လက် မခံသလို ကမ္ဘာကရော ပတ်ဝန်းကျင်နိုင်ငံတွေကပါ လက်မခံပါဘူး အခုပုံစံက သူပုန်က နိုင်ငံကိုစီးထားသလိုဖြစ်နေတာပါ။

UN အနေနဲ့ကတော့ အာဏာလုအဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ် မြင်လာအောင် တစ်ရစ်ချင်းကျပ်လာတဲ့ သဘောပါပဲ ဒီအချိန်မှာ အခွင့်အရေးက တိုင်းရင်း သားလက်နက်ကိုင်တွေပါ CRPH ဘက်က ကာကွယ်ရေး ဝန်ကြီးခန့်တာ မတွေ့ရသေးပါဘူး။

ဒါဟာလဲအရေးကြီးလို့ CRPH က သတိထားလုပ် နေတယ်လို့ မြင်ပါတယ် လေ့လာမိသလောက်အခု အခြေအရ အာဏာလုအဖွဲ့ကလဲ သူတို့ဘယ်လိုမှ အုပ်ချုပ်မရလို့ နောက်ဆုတ်မယ် မထင်ပါဘူး သေ မထူးနေမထူးတွေမို့ ဆက်မိုက်အုံးမှာပါ။

နိုင်ငံရဲ့အခြေအနေက လစ်ဗျားအခြေအနေမျိုး ဖြစ်လာပါပြီ USနဲ့ UNက မဝင်ခင် တိုင်းရင်းသားလက်နက်ကိုင်တွေကို လက် နက်တွေထုတ်ပေးလိုက်ရင်တော့ City War တွေဖြစ်လာနိုင်ပါတယ် အခုချိန်ပြည်သူကလဲ စိတ်နာ နေတာဆိုတော့ တိုင်းပြည်ဟာ စစ်တလင်းဖြစ်ဖို့အ ခြေအနေမျိုး ဖြစ်လာနိုင်ပါတယ် (ကိုဆိုဗို လိုမျိုး)

နောက်တစ်ချက်က တိုင်းရင်းသားသူပုန်တွေကို လက်နက်ထုတ်ပေး သူ တို့လဲဝင် လစ်ဗျားပုံစံမျိုးလဲ ဖြစ်လာဖို့လဲ များပါ တယ် ပနားမားလို သူတို့ချည်းသက်သက်ဝင်တိုက် တာမျိုးဆို အနာသက်သာမယ်လို့ထင်ပါတယ် ယီမင်ကိုတော့ ဆော်ဒီဦးဆောင်တဲ့တပ်တွေ ဝင်တိုက်ပေးပေမယ့် တရုတ်ရှိနေတဲ့ မြန်မာကိုတော့ ဝင်လာရင် US က တိုက်ရိုက်ဝင်တိုက်လာနိုင်မယ် လို့ယူဆပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ သာဝ အာဏာသိမ်းတာ မအောင်မြင်ပါဘူး။ မတ်လ ၂၇ ရက်နေ့မှာ တပ်မတော်နေ့ရော အာဏာ သိမ်းတာ အောင်မြင်တဲ့နေ့ပါ လုပ်ဖို့ရည်ရွယ်ပေမယ့် သာဝ မျှော်လင့်မူ့ဟာ အိမ်မက်လိုပဲပျောက်သွား ပါပြီ ပြည်သူကလဲ ဆန္ဒပြတုန်း ဝန်ထမ်းကလဲ CDM လုပ်တုန်း နိုင်ငံတကာကလဲ ဝင်မယ်တကဲကဲ နဲ့ TV ရှေ့တောင်မထွက်ရဲပါဘူး။

အမှန်အတိုင်းပြောရင် စစ်ဆိုဘယ်စစ်မှ မဖြစ်စေချင်ပါဘူး သေမထူးနေမထူးသာဝကတော့ ဇွတ်ကို ရှေ့ဆက်တိုးနေပါတယ် ဒီတော့လဲ ရှောင်လွှဲမရတဲ့ အခြေအနေတစ်ရပ်မှာ ပြည်သူဘက်ကလဲ ရူံးလို့မဖြစ်တာကြောင့် အာဏာလု အကြမ်းဖက်အုပ်စု ကျရူံးရေးကို ကျရာနေရာကနေ အစွမ်းကုန်ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်ဗျာ

အရေးတော်ပုံ မုချ အောင်ရမည်

မုဆိုး လက်🇲🇲

ဆိုရှယ်မီယာတွင် တင်ထားသည်များကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်၍ မူရင်းရေးသားသူနှင့် မူရင်း ဓါတ်ပုံများကို ခရစ်ဒစ်ပေးပါသည်။

>>>>> 

Related Posts

စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး
အာဏာသိမ်း ဒိုင်ယာရီ

စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး

ဖေ‌ဖော်ဝါရီ 3, 2023

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုလျင်...

ဇန်နဝါရီ ၁၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)
သုံးသပ်ချက်များ

ဘယ်ဘက်ကနိုင်နေပြီလဲ

ဇန်နဝါရီ 27, 2023

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကြာမြင့်လာသောအခါ ဘယ်ဘက်ကနိုင်နေပြီလဲ...

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

ဇန်နဝါရီ 23, 2023

၂၀၂၂ ခုနှစ် နှစ်ကုန်ခါနီး မြန်မာ့အရေးနှင့် ပတ်သက်သည့်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist