မနေ့ကတည်းက စခဲ့တဲ့စစ်တပ်ရဲ့ငြိမ်းချမ်းစွာဆန္ဒပြပြည်သူလူထု အပေါ်အကြမ်းဖက်ဖြိုခွင်းမှုဟာ ဒီနေ့ မှာပိုပြင်းထန်လာခဲ့တယ်။ ရန်ကုန်၊ မန္တလေး၊မုံရွာ၊ မြိတ်၊ ထားဝယ်စတဲ့မြို့ကြီးတွေမှာသာမက တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ရက်စက်စွာဖြိုခွဲမှုတွေရှိလာပြီ။ မျက်ရည်ယိုဗုံး၊ ရာဘာကျည်သာမက ကျည် အစစ်တွေပါသုံးလာကြတယ်။ လူသေဆုံးမှုတွေလဲရှိလာပြီ။ ရန်ကုန်မှာဆို အထင်ကရ သပိတ်စခန်းတွေ ရှိတဲ့ လှည်းတန်း၊ မြေနီကုန်းတို့လိုနေရာမျိုးတွေကိုအဓိကထားပီးပစ်ခတ်ရိုက်နှက်ဖမ်းဆီးမှုတွေ လုပ်ကြ တယ်။
စစ်ကိုင်းတိုင်း ၊မုံရွာမြို့ကြီးမှာလည်း စစ်ကားတွေမလှည့်ပတ်နိုင်အောင် မြို့နေပြည်သူလူထုက လမ်းတွေ ကိုကိုယ့်အစီအစဥ်နဲ့ကိုယ်ပိတ်ပီးဆန္ဒပြကြတယ်။ စစ်ကူတပ်တွေရောက်လာမှာစိုးလို့မြို့အဝင် အဝေးပြေး လမ်းမကြီးတွေကိုပါပိတ်ဆို့ထားကြတယ်။
ကျွန်တော်တို့သူငယ်ချင်းတွေကတော့အိမ်တအိမ်မှာစုပြီး viedo file တွေ edit လုပ်ကြတယ်။ အာဏာသိမ်းပြီး ဖေဖော်ဝါရီ၁ရက်နေ့ကနေခုချိန်ထိစစ်ကောင်စီရဲ့အကြမ်းဖက်ယုတ်မာမှုတွေကို မှတ်တမ်းတင် English စာတန်းထိုးပီး UN လိုအဖွဲ့အစည်းတွေ၊ CRPH ကဒေါက်တာဆာဆာတို့လို လူမျိုးတွေဆီပို့ဖို့ပါ။ လူတိုင်းဟာကိုယ်တတ်နိုင်တဲ့ဘက်ကအစွမ်းကုန်တော်လှန်ကြဖို့လိုတယ်။