ကုလသမဂ္ဂဆိုင်ရာအထူးသံတမန် ဒေါက်တာဆာဆာကို ကျွန်တော်တို့အရမ်းအားကိုးနေမိတယ်။ ဒါပေမဲ့ ဒီနေ့ညတော့လုံးဝ Surpriseပဲ။
တစ်နေ့လုံးဆန္ဒပြ သူတို့ရဲ့အကြမ်းဖက်ဖြိုခွင်းမှုကို ခံပြင်းစွာနဲ့ နေလာခဲ့အပြီးမှာတော့ အံအားသင့်စရာ ကိစ္စတစ်ခုဖြစ်ပေါ်ခဲ့တယ်။ အားလုံးအတွက် ဟီးရိုးတစ်ယောက်ပေါ်ထွက်လာခဲ့တာပါ။ သူကတော့ ကုလ သမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ဦးကျော်မိုးထွန်းပါ။
ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက် နယူးယောက် စံတော်ချိန် မနက် ၁၀ နာရီမှာ ကုလအထွေထွေအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Christine Schraner Burgener ကနေ လက်ရှိမြန်မာနိုင်ငံအခြေအနေကို တင်ပြမှာဖြစ်ပါတယ်။ informal session ဖြစ်တဲ့အတွက် ဘာဆုံးဖြတ်ချက်မှတော့ တရားဝင် ထွက်လာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်တာတွေ ဆွေးနွေးဖို့အတွက် သူမရဲ့ ပြောကြားဆွေးနွေးချက်တွေက အထောက်အကူ ဖြစ်မှာလို့ တွေးထားခဲ့ပါတယ်။ တကယ်တမ်းမှာတော့ အရာအားလုံးထက်ပိုခဲ့ပါတယ်။
Christine Schraner Burgener ထက်နာမည်ကြီးသွားတာကတော့ မြန်မာကိုယ်စားလှယ်ဦးကျော်မိုးထွန်းဖြစ်ပါတယ်။ အလှဆုံးအကွက်လေးဖြစ်ပါတယ်။ စစချင်းမှာ NLD အစိုးရကို ကိုယ်စားပြုပြီး CRPH အသံကို တင်ပြမယ်လို့သူကဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကို အားလုံးကိုယ်စား ပြောဆိုခဲ့ပြီး အဆုံးမှာတော့ “အရေးတော်ပုံအောင်ရမည်” ကို မြန်မာလို ကြွေးကြော်သွားပါတယ်။ ဒီည တော့ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေအားလုံးအတွက် သူက ဟီးရိုးပါ။