Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဖေဖော်ဝါရီ အာဏာသိမ်းအနှစ်ချုပ်

March 1, 2021
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:2 mins read
Share on FacebookShare on Twitter

၂၈ ဖေဖော်ဝါရီ ၂၀၂၁

ဒီနေ့တော့ ဒီလအတွက်အနှစ်ချုပ်ရေးပါ့မယ်။

ပထမပတ် (ဖေ ၁ – ၇)

ပထမပတ်ဟာ သူပုန်စစ်အာဏာသိမ်းတပ် တာထွက်ကောင်းတဲ့ အပတ်လို့ အကြမ်းပြောနိုင်တယ်။ ဖေဖော်ဝါရီ ၁ရက်ကနေ ၃ရက်နေ့မှာ သူတို့ရဲ့အရေးကြီးဆုံးဖြစ်တဲ့ စစ်အာဏာသိမ်းကောင်စီကိုဖွဲ့တယ်။  ၁ရက်နေ့မှာစဖွဲ့တာဖြစ်ပေမယ့် ၃ရက်နေ့မှာ အဖွဲ့ဝင်တိုးတာတွေ့ရတယ်။ တကယ်တော့ ၁၂ရက်နေ့မှာပါ နောက်တဦးထပ်တိုးပါသေးတယ်။

အဲဒီရက်တွေအတွင်းမှာ ရဲချုပ်အပြောင်းအလဲလုပ်တယ်၊ စာရင်းစစ်ချုပ်နဲ့ ရှေ့နေချုပ်ခန့်တာတွေလုပ်တယ်။ ဗဟိုဘဏ်ဥက္ကဌ အပါအဝင်ပေါ့။ အစိုးရတရပ်အတွက် လိုအပ်မယ့် ကီးပလေယာတွေကို ပြန်တည်တာပါ။ ပြည်သူဘက်ကသံပုံးစတီးပါပြီ။ လမ်းပေါ်စတက်လာပြီ။ CDM အသက်ဝင်လာပြီ။ CDM ဘာလည်းဆိုတဲ့ သဘောတရားရုပ်လုံးပေါ်ပြီ။ CRPH ကို ၄ရက်နေ့မှာ စည်ပင်ရိပ်သာမှာ စဖွဲ့လိုက်တယ်။ ယူအင်အတွင်းရေးမှူးချုပ်ကစစ်အာဏာသိမ်းတာကို ပစ်တင်ရှုတ်ချ လိုက်သလို အမေရိကန်သမ္မတဘိုင်ဒင်ကလည်းချက်ခြင်းနောက်ပြန်ဆုတ်ဖို့ ဆိုတယ်။ မြန်မာစစ်တပ် အာဏာသိမ်းတာကို အမေရိကန် အမျိုးသားလုံခြုံရေးကို ထိခိုက်တဲ့ကိစ္စအဖြစ်သတ်မှတ်လိုက်တယ်။ ကုလလုံခြုံရေးကောင်စီကနေ မြန်မာ့အရေးကိုဆွေးနွေးတယ်။ ကြေညာချက်ထုတ်တယ်။

ဒုတိယပတ် (ဖေ ၈ – ၁၅)

စစ်သိမ်းတွေက ၂၀၀၈ ခြေဥဂိမ်းအတွက်အခြေခံတွေကို ဒီအပတ်မှာဆက်အသက်သွင်းတယ်။ ၈ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံခုံရုံးဖွဲ့၊ ၉ရက်နေ့မှာ ရွေးကော်အသစ်ကိုပြန်ဖွဲ့တယ်။ မအလ တီဗွီကနေထွက် စကားပြောတဲ့ရက်တွေက (၉ နဲ့ ၁၁)။ အခြေအနေတွေစတင်ရှုပ်ထွေးလာပြီလို့ မအလ ခံစားရတဲ့ရက်တွေ ဖြစ်ပုံပဲ။ မအလ ၁၁ရက်နေ့မှာ ဘုရားသွားတာလည်းတွေ့ရ။ ၁၂ ရက်နေ့မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီတွေ ဆက်ဖွဲ့တယ်။ အကျဉ်းသား ၂သောင်းကျော်လွှတ်တယ်။ ၁၃ရက်နေ့မှာ ရပ်ကျေးတွေအထိ ဖွဲ့ဖို့စစီစဉ်လာပြီး ဧည့်စာရင်းပြန်တိုင်ရမယ်ဆိုတာတွေဖြစ်လာတယ်။

၈ ရက်နေ့မှာ လမ်းပေါ်ဆန္ဒပြသူတွေရဲ့ ပထမဆုံးအောင်မြင်မှုကိုစရတယ်။ နေပြည်တော်မှာ ဆန္ဒပြပွဲအတွင်း ပစ်ခတ်နှိမ်နှင်းမှုတွေရှိလာပြီး မြသွဲ့သွဲ့ခိုင် ဦးခေါင်းကို သေနတ်ထိမှန်ခဲ့ပြီး နောက်အပတ်မှာ ကွယ်လွန်သွားတယ်။ အဲဒီနေ့မှာပဲ CRPH ဖွဲ့စည်းပုံ ပိုအားကောင်းလာတယ်။ သို့သော် ဒုတိယတပတ်လုံး CRPH ဟာ ရုန်းကန်နေရဆဲပဲရှိတယ်။ ဘယ်မူနဲ့ ဘယ်လူနဲ့ ဆက်တက်မယ်ဆိုတာ အထိုင်ချနေရဆဲပဲ ဖြစ်ပုံရတယ်။ CDM ကောင်းကောင်းအသက်ဝင်နေပြီ။ ဒုတိယပတ်ကုန်ခါနီးနဲ့ တတိယပတ်အဝင်မှာ တရုတ်စစ်သားတွေပဲ စစ်ကားပေါ်ရောက်နေသလိုလို၊ အင်တာနက်ပဲ ဖိုင်းယားဝေါခံဖို့လုပ်နေသလိုလို၊ ရန်ကုန် ကူမင်း လေယဉ်တွေညဘက်တွေ အခေါက်ခေါက်ပျံနေတဲ့ ရက်တွေ။ နေ့ပိုင်းမြင်မြင်ထင်ထင်မှာ အင်အားစတင်သုံးလာသလို၊ ညဘက်တွေမှာ ထောင်ထွက်တွေ အဆိပ်ခတ်မလိုလို၊ မီးကွင်းပစ်သလိုလိုတွေ စလုပ်လာတဲ့အချိန်တွေ။

ဘိုင်ဒင်က ၁၀ရက်နေ့မှာ အမေရိကန်မှာရှိနေတဲ့ မြန်မာအစိုးရရဲ့ ငွေစာရင်း ဒေါ်လာ၁ဘီလီယံကို ပိတ်လိုက်တယ်။ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု ကိုစတယ်။ ၁၂ရက်နေ့မှာ ကုလလူ့အခွင့်အရေးကောင်စီမှာ မြန်မာစစ်အာဏာသိမ်းမှုကို ဆွေးနွေးတယ်။

တတိယပတ် (ဖေ ၁၅ – ၂၁)

စစ်ဖြစ်လာနိုင်သလားဆိုတဲ့ အသံတွေစကြားလာရတယ်။ အဓိကကတော့ စစ်တပ်က တင့်ကားတွေ ရန်ကုန်မှာထုတ်မောင်းပြလာတာက တကြောင်းဖြစ်တယ်။ ၁၇ ရက်နေ့ဟာ ၈ရက်နေ့နောက်မှာ လမ်းပေါ်ဆန္ဒပြပွဲတွေရဲ့ အမြင့်ဆုံးတက်တဲ့ ဒုတိယအကြိမ်ဖြစ်လာတယ်။ တရုတ်သံအမတ်က မြန်မာစစ်ခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းစီးထားတဲ့ ရွေးကောက်ခံ ခေါင်း‌‌ဆောင်တွေကို ပြန်လွှတ်ပေးဖို့နဲ့ အေးအေးချမ်းချမ်းနဲ့ ညှိညှိနှိုင်းနှိုင်းလုပ်ဖို့ စာထွက်လာတယ်။ သူတို့ မြန်မာစစ်တပ်ကို နောက်ကထောက်ကူပေးနေတယ် (စစ်သားတွေပို့တယ်၊ အင်တာနက်ဖိုင်းယားဝေါခံတယ်) ဆိုတာတွေဟာ အခြေအမြစ်မရှိဘူးလို့ငြင်းတယ်။ 

တရုတ်ပုံစံအပြောင်းမှာ ကေအိုင်အေဘက်ကလည်း အသံထွက်လာတယ်။ အပစ်ရပ်တိုင်းရင်းသား ၁၀ဖွဲ့ (PPST) ဘက်ကလည်း စစ်အာဏာသိမ်းဆန့်ကျင်တဲ့ စာတဆောင်ထွက်လာတယ်။ CRPH ကိုလူထုထောက်ခံမှု မြင့်တက်လာတဲ့အပတ်ဖြစ်တယ်။ တောင်တရုတ်ပင်လယ်စစ်‌ရေးပြမှုတွေ၊ အမေရိကန်နဲ့ QUAD ဆွေးနွေးပွဲတွေဟာ အမေရိကန်နဲ့ တရုတ်စစ်ရေးထိပ်တိုက်ရင်ဆိုင်နိုင်ခြေကို တွက်ဆလာရသလို ဒီစစ်ရေးဟာ မြန်မာစစ်အာဏာသိမ်းနဲ့ဘယ်လိုဆက်စပ်နိုင်သလည်းလို့ နိုင်ငံတကာသတင်းတွေ က ဆွေးနွေးလာကြတာတွေတွေ့ရတယ်။ 

မန်းရတနာပုံသင်္ဘောကျင်းမှာ ပစ်ခတ်မှုဖြစ်ပြီး နောက်ထပ်သွေးမြေကျမှုတွေပေါ်ပေါက်လာတယ်။

စတုထ္ထပတ် (ဖေ ၂၂ – ၂၈)

၂၂ရက်နေ့ဟာ ၂ ငါးလုံးလူထုဆန္ဒပြပွဲဟာ ဖေဖော်ဝါရီလ လမ်းပေါ်ဆန္ဒပြမှုတွေရဲ့ အမြင့်ဆုံးနေ့အဖြစ် ပေါ်ထွက်လာတယ်။ အထွေထွေလူထုသပိတ်ကော်မတီ (GSC) ပေါ်ထွက်လာပြီး လူထုကြား ငြင်းခုံ ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့တယ်။ GSC ထွက်ပေါ်လာမှုဟာ လက်ရှိဆန္ဒပြနေမှုတွေကို ဦးဆောင်မှုဝင်ယူ တယ်လို့ ဝေဖန်သံတွေထွက်လာပေမယ့် တကယ်တမ်းက မြန်မာ၂၀၂၁ နွေဦးတော်လှန်ရေးအတွက် တကယ်လိုအပ်လာတဲ့ သဘောတရားပိုင်းဆိုင်ရာအပြောင်းအလဲတခုကို ဖန်တီးဖို့ကျိုးစားမှုအဖြစ် မြင်နိုင်ဖို့ လိုတယ်။

နောက်ဆုံးပတ်အတွင်းမှာပဲ လက်ရှိလူထုတော်လှန်ရေးအတွက် CRPH ကို ခြေဥအပေါ်ဖက်တွယ်ထားမှုကို စွန့်လွှတ်ဖို့ ဖိအားပေးလာကြတယ်။ တော်လှန်ရေးဟာ ခြေဥနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားထက် ကျော်လွန်သွားပြီလို့ ဆိုလိုတာဖြစ်ပြီး အခြေခံဥပဒေသစ်ပေါ်ပေါက်ရေး စစ်အာဏာရှင် အပြီးတိုင်ဖျက်သိမ်းရေးနဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးတွေအထိ ဆန့်ထွက် သက်ရောက် လာခဲ့ပြီလည်းဖြစ်တယ်။

တရုတ်ဘက်ကလှုံ့ဆော်မှုနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ထိုင်းကိုလာပြီး စစ်သိမ်းကောင်စီက ဝဏ္ဏမောင်လွင် နဲ့ ထိုင်းလေဆိပ်မှာတွေ့ကြတယ်။ အင်ဒိုကအဆိုပြုတဲ့ အာစီယံကမကထလုပ်တဲ့ ဆွေးနွေးညှိနှိုင်းမှုကို မြန်မာစစ်ခေါင်းဆောင်တွေ တုံဏှီဘာဝေလုပ်ခဲ့ကြတယ်။ ယူအင်ဘက်မှာ ကုလက ဂျနီဗာ အခြေစိုက်မြန်မာသံတမန် မြင့်သူနှုတ်ထွက်ခဲ့သလို နယူးယော့ အခြေစိုက်မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဖမ်းစီးခံအရပ်သားအစိုးရနဲ့ CRPH ဘက်ကရပ်တည်ခဲ့တာဟာ စစ်သိမ်းတွေရဲ့ သံတမန်ရေးမျက်နှာစာနဲ့ အာဏာသိမ်းအစိုးရတရားဝင်ဖို့တိုက်ပွဲမှာ လုံးဝရှုံးနိမ့်သွားမှုအဖြစ်မြင်တွေ့ရတယ်။ ၂၄ ရက်နေ့မှာ အမေရိကန်က မြန်မာစစ်တပ်ကိုလက်နက်ရောင်းချမှုပိတ်ပင်တဲ့ ပိတ်ဆို့မှုတခုထပ်လုပ်တယ်။

တောထဲမှာ စစ်တပ်ရဲ့ ကေအိုင်အေ၊ ကေအင်ယူတို့နဲ့ တိုက်ပွဲတွေပြန်အသံထွက်လာသလို ရန်ကုန်လမ်း တွေပေါ်ကို ငါးထောင်စားတွေတက်လာပြန်တယ်။ စစ်တပ်ဟာ အလွန်အောက်တန်းကျတဲ့ အလုပ်တွေကို ဆက်လုပ်နေဆဲဖြစ်ပြီး လူထုထောက်ခံမှုမရှိသလောက်ဖြစ်လာတာကိုတွေ့လာရတယ်။ ၂၆ရက်နေ့မှာ သူပုန် ရွေးကော်အသစ် ပါတီတွေနဲ့တွေ့တယ်။ မဲလုံးဝမနိုင်တဲ့ပါတီအများစုနဲ့ မဲဆယ်ဂဏန်းလောက်ပဲနိုင်တဲ့ ပါတီတချို့အပါအဝင် ပါတီ ၅၃ ပါတီတက်ရောက်တယ်။ မင်းတို့ နိုင်ငံရေးကလည်းအချောင်သမားစိတ်ဓါတ် အပြည့်နဲ့ပါလားကွာလို့ ညည်းတွားရမယ့်သဘောပါပဲ။ စစ်တပ်နောက်မြှီးဆွဲလုပ်လိုတဲ့ နိုင်ငံရေးသမားတွေ ဆီကနေ ပြည်သူက ဘာမှမမျှော်လင့်နိုင်ဘူး။ ၂၈ ရက်နေ့မှာ လူထုဆန္ဒပြပွဲတွေကို စစ်တပ်က ဆက်လက် ပြင်းထန်စွာ လူစုခွဲ နှိမ်နှင်းလာတာကိုတွေ့ကြရတယ်။

CRPH ရဲ့ အင်တာနက်စာမျက်နှာမှာ နယူယော့မြန်မာသံအမတ်ဦးကျော်မိုးထွန်းဟာ ၂၀၂၁ စက်တင်ဘာအထိ တရားဝင် သံအမတ်အဖြစ်ဆက်လက်တည်ရှိနေဦးမယ်လို့ သတင်းကြေညာချက် (စာထုတ်တာမဟုတ် ၊ တီဗီလိုအသံလွှင့်တာ) ထုတ်ပြန်တယ်။

အနှစ်ချုပ်

စစ်ကောင်စီဟာ အာဏာသိမ်းပထမလမှာပဲ တရားဝင်မှုပျောက်ဆုံးသွားတဲ့အတွက် သူပုန်ကောင်စီအဖြစ် ကူးပြောင်းသွားပြီဖြစ်တယ်။ ဒီသတ်မှတ်ချက်ဟာ ပြင်ပအကူအညီခေါ်ယူဖို့ လမ်းဖွင့်ပေးထားတဲ့ အနေအထားပါပဲ။  CRPH ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရတရပ်အဖြစ်အသွင်ပြောင်းဖို့ တိုက်တွန်းလိုတယ်။ သို့သော် အခြေခံကတော့ စစ်အာဏာသိမ်းကို တကယ်ထုခွဲချေဖျက်နိုင်တဲ့ အင်အားအစစ်အမှန်ဟာ ပြည်သူလူထုဆီမှာ ရှိနေတယ် ဆိုတာပါပဲ။ လက်ရှိဆန္ဒပြမှုတွေဟာ လက်နက်နဲ့ အင်အားသုံးဖြိုခွင်းခံနေရတဲ့အတွက် အရင်လို အနှောင့်အယှက်ကင်းကင်း ဆန္ဒပြနိုင်မှုတွေမဟုတ်တော့ပေမယ့် လူထုရဲ့ စစ်တပ်အပေါ်မုန်းတီးမှုနဲ့ လက်မခံနိုင်မှုဟာ ဆက်လက်မြင့်တက်နေဆဲဆိုတာ အထင်းသားတွေ့မြင်နိုင်တယ်။

လမ်းထွက်တဲ့လူကလည်းထွက်၊ ရုံးမတက်တဲ့သူကလည်းမတက်၊ သံပုံးတီးသူတွေကလည်း တီးရင်း အရိုးရှင်းဆုံး CDM ကို ပြည်သူလူထုအားလုံးက လုပ်နိုင်ပါတယ်။ အဲဒါက စစ်တပ်အုပ်ချုပ်တာ၊ အာဏာရှင် ဆန်တာကို ငါတို့ဘယ်တော့မှ လက်မခံဘူးဆိုတဲ့သံဓိဌာန်ပါ။ ဒီသံဓိဌာန်၊ ဒီရပ်တည်ချက်နဲ့ ဒီမူပေါ်မှာထိုင်ပြီး လုပ်စရာရှိတာတွေ ဆက်လုပ်နေမယ်ဆိုရင် စစ်အာဏာရှင်စနစ်ဟာ အမှန်တကယ်ချုပ်ငြိမ်း ပျောက်ကွယ် သွားမှာဖြစ်တယ်လို့ ယုံယုံကြည်ကြည်နဲ့ ခိုင်ခိုင်မာမာပြောလိုတယ်။

လွတ်လပ်စွာကူးယူနိုင်တယ်။

ကျော်ဇောခိုင်

ဆိုရှယ်မီဒီယာပေါ်တွင်မျှဝေထားသည်များကို ကူးယူဖော်ပြခြင်းဖြစ်ပါ၍ မူရင်းရေးသားသူကို ခရစ်ဒစ်ပေးအပ်ပါသည်။

Related Posts

စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)

September 27, 2025

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...

စက်တင်ဘာ ၂၆၊ ၂၀၂၅။ (သောကြာ)
အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၆၊ ၂၀၂၅။ (သောကြာ)

September 26, 2025

စစ်မှုထမ်းဥပဒေစတင် ကြေညာလိုက်တဲ့အချိန်တုန်းကရှေ့တန်းရောက်ရင် ထွက်ပြေးမယ်၊သေနတ်ရရင်ပြန်ပစ်ပြီးပေးမယ် စသဖြင့် ကိုယ်ထင်ရာတွေလျောက်ပြောကြပြီးအဆိုဥပဒေဟာ...

စက်တင်ဘာ ၂၅၊ ၂၀၂၅။ (ကြာသပတေး)
အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၅၊ ၂၀၂၅။ (ကြာသပတေး)

September 25, 2025

စစ်ကော်မရှင်ဟာ အပတ်စဥ်အလိုက်လူငယ်တွေကို စစ်မှုထမ်းဖို့ခေါ်ဆောင်နေတာ အပတ်စဥ်၁၅ခုကျော်လာပါပြီ။အချိန်အပိုင်းအခြားအားဖြင့်လဲ တစ်နှစ်ကျော်ခန့်ရှိလာနေပါပြီ။ဒီကာလအတွင်းမှာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English