ဆန္ဒပြတဲ့ပုံစံလေးတွေ တစ်ချို့ ကွဲပြားသွားတာတွေ့ရတယ်။ အရင်လို လှည်းတန်းနဲ့ ဆူးလေမှာချည်းပဲ လူ စုမနေတော့ဘူး။ နေရာတိုင်းမှာ အရင်လောက်လူမများသလိုခံစားရတော့ စိုးရိမ်မိသွားတယ်။ ဒီအတိုင်းပဲ ပြီးသွားမလားပေါ့။
ဗဟိုဘဏ်မှာလူတွေစုနေတယ်။ လူ ၄၀၀ လောက်ပဲရှိမယ်။ အမေရိကန်သံရုံးရှေ့မှာတော့ လူပေါင်း သောင်းချီရှိတယ်။ တရုတ်သံရုံးနဲ့ ဟောင်ကောင်သံရုံးနှစ်ခုအရှေ့ ကားလမ်းမမျက်နှာစာဖက်မှာလည်း စု စုပေါင်း လူသောင်းချီရှိတယ်။ မြေနီကုန်းတံတားအောက်၊ လှည်းတန်းတစ်ဝိုက်၊ ဆူးလေတစ်ဝိုက် မှာလည်း လူတွေ ထောင်ချီစီတန်းနေပြီး ဆန္ဒပြနေကြတယ်။ ကားလမ်းတစ်လျှောက်လူတန်းကြီးတွေက ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒပြနေသလို တစ်ချို့ကလည်း သီချင်းဆိုပြီးဖျော်ဖြေရေးလုပ်ပေးနေကြတယ်။
Generation Z တွေရဲ့ ဆန္ဒပြတဲ့ပုံစံကအရမ်းစိတ်ဝင်စားစရာကောင်းတယ်။ ပါဖော့မန့်အမျိုးမျိုးနဲ့ဆန်း သစ်နေကြပြီး လူရည်သန့်သန့်လေးတွေဖြစ်တယ်။ ကားလမ်းတစ်လျှောက်မှာ မုန့်တွေလိုက်ကျွေးသူ ကျွေး၊ လက်ဆောင်လိုက်ပေးသူပေးနဲ့ စည်စည်ကားကားနဲ့ ဒီမိုကရေစီအရေးကို ငြိမ်းချမ်းစွာတောင်းဆို နေကြတယ်။ ကျွန်တော်တောင်မှ သူတို့ကျွေးတဲ့ ဖရဲသီးစိပ်တွေကိုယူစားလိုက်သေးတယ်။ UN ရုံးကိုသွား တော့ လူတွေကျိတ်ကျိတ်တိုး၊ ကားလမ်းပိတ်နေတာကြောင့် ဆက်မသွားတော့ဘဲ အိမ်လှည့်ပြန်ခဲ့တယ်။
လူနည်းသွားမှာစိုးရိမ်နေတဲ့စိတ်တွေကွယ်ပျောက်သွားခဲ့တယ်။ မနက်ဖြန်ကတော့ လူများမယ်။ ဘာလို့လဲ ဆိုတော့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မနက်ဖြန်ကို အားလုံးထွက်လာပြီး ငြိမ်းချမ်းစွာဆန္ဒပြဖို့ဆော်ဩထားလို့ပါပဲ။
>>>>>