ဘာလို့လဲဆိုတော့ လူဆိုတာ ကိုယ်ကျွမ်းတဲ့အပိုင်း၊ အသိုင်းအဝိုင်းကလွဲရင် တခြားအချက်အလက်ရဖို့ သိပ်ခက်လို့ပါ၊ ကျနော်လဲတူတူပါပဲ။ ကျနော်က အသက်နည်းနည်းကြီးတာမို့ အတွေ့အကြုံလေး နည်းနည်းရှိတယ်၊ ဆိုင်ရာဆိုင်ရာကဏ္ဍတွေမှာနည်းနည်းနားလည်တဲ့ သူငယ်ချင်းတွေရှိတယ်၊ ဒါအပြင့် follower နည်းနည်းရှိလာလို့ သတင်းတွေလာလာပေးကြတာရှိတာမို့ သူများထက်နည်းနည်းသတင်းပိုရ တတ်တယ်။ ဒီလောက်ပါပဲ။
အခုပြဿနာက ပြည်သူအများစုက တစ်ပတ် နှစ်ပတ်လောက် ဝုန်းဒိုင်းလုပ်ပြီးရင် အဖြေထွက်မယ်လို့ ထင်ထားကြတာ ပြဿနာပါ။
အရင် စဥ်းစားရမှာ တဖက်က အဲ့လောက်လွယ်မယ်ထင်လို့လား ဆိုတာပါ။
စဥ်းစားကြည့်၊ ကိုယ်တွေစွန့်စားတယ်ဆိုတာထက် သူတို့က အပုံကြီးပိုစွန့်စားထားတာပါ။ ဒီတော့ သူတို့ဖက်က လုံးဝ လှုပ်မရ ပြုမရ အဆုံးအထိ ရောက်မသွားရင် အရှုံးပေးမှာမဟုတိပါဘူး။ ငါတို့ညီရင် အာဏာရှင် မခံပါဘူးကွာဆိုတာ လေတိုက်တော့သာ လွယ်တာ၊ လက်တွေ့မှာ အများကြီးပိုရှုပ် ထွေးပါတယ်။
ဒါပေမဲ့ ကျွန်တော့်ဖက်က သေချာပြောပေးနိုင်တာ တစ်ခုက နေ့တိုင်း နေ့တိုင်းမှာ ညီငယ် ညီမငယ်တွေ လမ်းပေါ်ထွက်ပြီး တွန်းပေးနေတာတွေရဲ့ အရွေ့တွေ အမြဲရှိပါတယ်။
CDM လုပ်တဲ့ဌာနတွေ နေ့စဥ်တိုးလာတယ်၊
ဘဏ်တွေပိတ်တယ်၊
ဖွင့်တဲ့မြဝတီဘဏ်တောင် မဖွင့်ရဲတော့ဘူး၊
ရဲတွေစစ်သားတွေ ပင်ပန်းလာပြီ၊
စစ်အာဏာရှင်ငွေကြပ်တယ်၊
ဘွန်းထုတ်ရောင်းတာ ဘယ်သူမှမဝယ်ကြဘူး၊
စီးပွါးရေးတွေကို လူတွေသပိတ်မှောက်တယ်၊
နိုင်ငံတကာက အသိအမှတ်မပြုဘူး၊
Sanction တွေတိုးလာတယ်၊
ပြောရရင် တပြုံကြီးပါ။
အဲ့ဒီအရွေ့တွေအားလုံးဟာ တစ်ဦးတစ်ယောက်တည်းလုပ်လို့ရတာ ဘာမှမရှိပါဘူး။ ပျားအုံတစ်အုံလိုပါပဲ၊ ပျားရည်စုတဲ့ကောင်ကစု၊ အိမ်ထိန်းတဲ့ကောင်ကထိန်း၊ မွေးတဲ့ကောင်ကမွေး ကိုယ့်တာဝန်ကိုယ်ကျေ အောင်လုပ်ကြရတာပါ။ ဒီတော့ ဘာဆက်လုပ်ရမှာလဲဆို
ဆန္ဒပြတဲ့သူတွေကလဲ ဆက်ပြပါ၊
ကားနဲ့ကူတဲ့သူတွေကလဲ ဆက်ကူပါ၊
CDM လုပ်တဲ့သူတွေကလဲဆက်လုပ်ပါ၊
တစ်နေ့ထက်တစ်နေ့ အားမလျော့ဘဲ ကိုယ်လုပ်နေတာကို ပိုပိုကောင်းအောင် ကြိုးစားလုပ်ကြပါ။ သက် ဆိုင်ရာ သက်ဆိုင်ရာ တာဝန်ကျေနေဖို့ပဲလိုပါတယ်။
ပJenga ဂိမ်းလိုပါပဲ။ တစ်ယောက်တစ်ယောက်ကို နည်းနည်းစီပဲ ရွေ့မယ်ဆို တတုံးဖြုတ်လိုက် တတုံးဖြုတ်လိုက်နဲ့ ကိုယ်နဲ့ သက်ဆိုင်တဲ့ အတုံးတွေကို ပြုတ်အောင် ဖြုတ်ဖို့ပဲလိုတာပါ။ တဖက်ကလဲ ပြန်တပ်ဖို့ကြိုးစားနေမှာပါပဲ။
ဘယ်အချိန် ဘယ်အတုံးပြုတ်ရင် ပြိုမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။
ဒီတော့ ကိုယ်တွန်းနေတာကိုပဲ အားကုန်ဆက်တွန်းကြပါ။
အားမလျော့ပါနဲ့။
အလုပ်ဖြစ်ပါ့မလားဆိုတာလဲ မတွေဝေပါနဲ့။
ဂိမ်းကြီးတစ်ခုလုံးကို ခြုံမမြင်ရရင် ကိုယ့်တာဝန်ကိုယ်ကျေရင် လုံလောက်ပါတယ်။
နေ့တိုင်းတိုးတက်မှု ရှိတယ်ဆိုတာ လုံးဝမလွဲပါ။ ရှောင်ရမှာတွေက
နောက်နေ့ဘာဖြစ်တော့မယ်၊ နောက်တစ်ပတ်ဆိုပြီးပြီဆိုတာမျိုးတွေမယုံပါနဲ့။
နိုင်ငံခြားက ဘယ်လိုဝင်လာတော့မယ်ဆိုတာတွေ မယုံပါနဲ့။
သတင်းကောင်းဟန်ဆောင်ပြီး လာတဲ့ သတင်းတုတွေမယုံပါနဲ့။
သတင်းဆိုးဟန်ဆောင်ပြီး ဒေါသဆွတာတွေလဲ မယုံပါနဲ့။
မပြိုရင်လဲ မပြိုပါဘူး။ ပြိုပြီဆိုရင်လဲ မယုံနိုင်လောက်အောင် အတွဲလိုက်ပြိုမှာပါ ဆိုတာကို သိထားဖို့ပါပဲ။
အဲ့အချိန်မရောက်မချင်း တက်မထောင်ပါနဲ့။
လုံးဝ အားလုံးပြိုပြီဆိုမှ ပျော်ကြမယ်။
ခုတော့ ရက်ပေါင်းများစွာ ခံနိုင်သလောက် တွန်းထားကြပါ။
by kyaw kyaw wai
(ဆိုရှယ်မီဒီယာပေါ်တွင် ဝေမျှထားသည်များကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)