စစ်အာဏာရှင်တွေဟာ အကျဉ်းသား နှစ်သောင်းကျော်ကိုလွှတ်ပေးလိုက်တယ်။ ပြဿနာတစ်ခုထပ်ပြီး ဖန်တီးလိုက်တာပါပဲ။
အကျဉ်းသားတွေလွှတ်တာအကြောင်းရင်းရှိပါတယ်။ သူတို့ နည်းလမ်းတစ်မျိုးနဲ့ပြည်သူတွေကိုနှိပ်စက် တော့မယ်ဆိုတာအားလုံးကသိလိုက်တယ်။ လွှတ်လိုက်တဲ့အကျဉ်းသားတွေထဲမှာ အထင်ကရလူတစ်ချို့ ပါဝင်ပေမယ့် တော်တော်များများကတော့ လူဆိုးသူခိုးမှုတွေနဲ့ထောင်ကျသွားတဲ့သူတွေမှန်းအားလုံးက သိ ပြီးသားပါ။
ဒီနေ့ ဆန္ဒပြမှုက စည်ကားပါတယ်။ ရဲတွေနဲ့ ဆန္ဒပြသူတွေနဲ့လည်း အခြေအနေကအေးအေးလူလူပါပဲ။ ပြ ဿနာကြီးကြီးမားမားမတွေ့ရဘူး။ ဆန္ဒပြတဲ့ပြည်သူတွေရဲ့ပုံစံကလည်း ပါဖော့မန့်အမျိုးမျိုးနဲ့ ညည်းငွေ့ စရာမကောင်းပါဘူး။ အရာရာအဆင်ပြေတယ်လို့ထင်ထားခဲ့ပေမဲ့ ပြဿနာကြီးကတော့ ညဖက်မှာစတင် ခဲ့ပါတော့တယ်။
ည ၉ နာရီခွဲလောက်မှာသံပုံးတီးသံတွေအဆက်မပြတ်ကြားလာရတော့ တစ်ရပ်ကွက်လုံးလှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ ဖေ့စ်ဘုတ်မှာလည်း အခြားရပ်ကွက်တွေမှာ Live ဗီဒီယိုတွေတက်လာကြတယ်။ ကျွန် တော်တို့ရပ်ကွက်အတိုင်းပါပဲ။ နေရာတိုင်းမှာ ဆူပူမှုတွေစတင်နေပြီ။
လူစိမ်းတွေရပ်ကွက်ထဲကိုဝင်လာတယ်။ သူတို့လက်ထဲမှာ ဓါးတွေပါသလို အခြားလက်နက်တစ်ချို့လည်း ပါလာတယ်။ တစ်ချို့ရပ်ကွက်တွေမှာတော့ အဲဒီလူစိမ်းတွေကို ဖမ်းမိတယ်။ ကြိုးတုတ်ပြီး စစ်ကြမေးကြ တယ်။ ဒါပေမဲ့ သေသေချာချာမဖြေနိုင်ကြဘူး။ သူတို့ကို ဆေးတစ်ခုခုထိုးထားပုံရတယ်။ မနှိပ်စက်ဘဲနဲ့ ကောင်းကောင်းမွန်မွန်ပဲ ပြန်လွှတ်လိုက်ကြပါတယ်။ တစ်ချို့ကတော့ ရဲစခန်းကိုပို့လိုက်တယ်။ တစ်ချို့ကျ တော့ ရဲစခန်းကိုပို့ရင်လည်း ပြန်လွှတ်ပေးမှာမို့ မနက်အထိဖမ်းထားပြီး မနက်မိုးလင်းတော့မှ သေသေချာ ချာပြန်လွှတ်ပေးလိုက်ကြပါတယ်။ သေချာတာကတော့ ကျွန်တော်တို့တစ်တိုင်းပြည်လုံးအိပ်ရေးပျက်ည စတင်ခဲ့ပြီဆိုတာပါပဲ။
>>>>>