စစ်အာဏာရှင်လက်အောက်မှာနေရတဲ့ ၁၁ ရက်မြောက်နေ့။
ရန်ကုန်မှာတော့ အရာရာတိုင်းက အရှိန်မြင့်နေတယ်။ သံပုံးတီးသူ၊ ဆန္ဒသွားပြသူတွေအပြင် CDM မှာ ပါဝင်သူတွေပါတိုးလာတယ်။ ဟိုဌာန ဒီဌာန စသည်ဖြင့် အသီးသီးပါဝင်လာကြတာအားတက်စရာကောင်း လှပါတယ်။
စစ်အာဏာရှင်ဖက်က ခြေလှမ်းနှေးတယ်ထင်ရပေမယ့် သူတို့အကြံအကြီးကြီးတစ်ခုခုကြံနေပြီဆိုတာ အားလုံးက ရိပ်မိကြတယ်။ ပြည်သူတွေကို ဘယ်တုန်းကမှ ကောင်းကျိုးမပေးခဲ့ဖူးဘူးလေ။ ဒါကြောင့် သူ တို့ငြိမ်နေတာအကြောင်းတစ်ခုခုရှိရမယ်။
အွန်လိုင်းပေါ်မှာလည်း ကောလဟာလသတင်းတွေကို အဆက်မပြတ်လွှင့်တယ်။ ဆိုက်ဝါး (Psywar) သ တင်းတွေကို ပြည်သူတွေက ချင့်ချိန်ပြီးမှ ယုံကြတာပေါ့။ မနက်ဖြန်တော့။