တစ်ညလုံးဆူညံပွတ်လောရိုက်ကာ ကျော်ဖြတ်လာပြီး မနက်ခင်းအသစ်ကိုရောက်လာခဲ့တယ်။ ညက ကောင်းကောင်းမအိပ်ရဘူး။
စစ်အစိုးရဟာ လူတစ်ချို့ကို ရပ်ကွက်တွေထဲလွှတ်တယ်။ မီးကွင်းတွေပစ်ခိုင်းတယ်။ ဆူပူမှုဖြစ်အောင် လုပ်ခိုင်းတယ်။ ဖမ်းမိတဲ့လူတွေက ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘယ်သူခိုင်းတာလဲ ဆိုတဲ့မေးခွန်းကိုဖြေဖို့ တောင်အဆင်မပြေဘူး။ သူတို့ ဆေးတစ်မျိုးမျိုးအထိုးခံထားရတယ်။ ဗီဒီယိုဖိုင်တွေမှာကြည့်ရသလောက် ကတော့ မက်သဒုံးဆိုတဲ့ ဆေးတွေသောက်ထားတယ်။ လည်ပင်းနှစ်ဖက်မှာ ဆေးအထိုးခံထားရတယ်။
မြန်မာပြည်သူတွေဟာ နေ့ခင်းဖက်ဆိုရင် ဆန္ဒသွားပြကြတယ်။ ညဖက်ဆိုရင် သံပုံးတီးကြတယ်။ ညဉ့် နက်ပိုင်းဆိုရင်တော့ လူဆိုးသူခိုးရန်ကိုအလှည့်ကျကာကွယ်ကြရတယ်။ ရပ်ကွက်ထဲမှာဆိုရင် အတားအ ဆီးတွေလုပ်ကြရတယ်။ အပြင်လူမဝင်ဖို့ အလှည့်ကျကင်းစောင့်ကြရတယ်။
ဒါတွေကို နိုင်ငံတကာမသိအောင် အာဏာရှင်စစ်အစိုးရဟာ ဖုံးကွယ်ထားတယ်။ သတင်းအမှောင်ချထား တယ်။ နိုင်ငံပိုင်သတင်းမီဒီယာချန်နယ်တွေကတစ်ဆင့် သတင်းအမှားတွေကိုလွှင့်ပြီး ကမ္ဘာသိအောင်ဝါ ဒ ဖြန့်နေတယ်။ ဒါကို အခုခေတ်လူငယ်တွေက နားလည်တော့ ဆိုရှယ်မီဒီယာကနေတစ်ဆင့်သိအောင် အ ချင်းချင်းဖြန့်ကြတယ်။ စစ်အာဏာရှင်လူစုကလည်း အင်တာနက်လိုင်းဖြတ်ပြီးတားဆီးကြတယ်။
ဒီနေ့က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပါ။ မြန်မာနိုင်ငံကိုလွတ်လပ်ရေးရအောင်ဆောင်ရွက်ပေးခဲ့သူကြီး ပေါ့။ သူဘာလို့ လွတ်လပ်ရေးအတွက်ကြိုးစားခဲ့တာလည်းသံသယဖြစ်မိတယ်။ အခုလိုအခြေအနေမျိုး တွေသာ ကြုံရမယ်မှန်းသူသိခဲ့ရင် လွတ်လပ်ရေးကိုတောင်းဆိုခဲ့မှာမဟုတ်ပါဘူး။
>>>>>