Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

နှစ်ဆယ့်သုံးရက်ကြာ ပါဝါအခင်းအကျင်း

ဖေ‌ဖော်ဝါရီ 25, 2021
in သုံးသပ်ချက်များ
Reading Time:2min read
Share on FacebookShare on Twitter

စစ်အာဏာသိမ်းတာ နှစ်ဆယ့် သုံးရက် ရှိပါပြီ။ နှစ်ဆယ့်သုံးရက်မှာ ရှိလာတဲ့ ပါဝါအခင်းအကျင်းကို လေ့လာကြည့်မိတယ်။

၁။ အစိုးရအဖွဲ့ ပါဝါ

အာဏာသိမ်းစစ်တပ်က စစ်ကောင်စီဖွဲ့တယ်။ ပြည်ထောင်စုအဆင့် အစိုးရဖွဲ့တယ်။ ပြည်သူ့အစိုးရ အဖွဲ့မှာတော့ သမတနဲ့ နိုင်ငံတော်အတိုင်ပင်ခံက တရားစွဲခံနေရတယ်။ ရင်ကြားစေ့ရေးမူနဲ့ သူ့ဘက်က လူကိုဆွဲခန့်ခဲ့တဲ့ ၀န်ကြီး၊ ဒု၀န်ကြီးတွေက silent, ပညာရှင်၀န်ကြီး၊ ဒု၀န်ကြီးတွေက အချို့လဲ လွတ်မြောက်၊ အချို့လဲနေအိမ်အကျယ်ချုပ်။ အချို့လဲ အဖမ်းခံထားရတယ်။ နိုင်ငံရေးသမား၀န်ကြီး၊ ဒု၀န်ကြီးတွေက ဖွဲ့စည်းစဉ်ကတည်းက မပါ၀င်တဲ့အတွက် တရား၀င်အစိုးရတရပ်အနေနဲ့ မတ်လ (၃၁) ရက်နေ့အထိ ရှိနေတဲ့ နိုင်ငံရေးအာဏာကို ကိုင်စွဲတဲ့ နိုင်ငံရေးအန်တုမှုကို ပြည်ထောင်စုအစိုးရအဆင့်မှာ မတွေ့ရဘူး။ ပြည်နယ်နဲ့တိုင်း‌ေဒသကြီး အစိုးရအဆင့်မှာတော့ ပဲခူး၊ ရှမ်း၊ ကချင်၊ မန္တလေးတို့မှာ နိုင်ငံရေးအန်တုပြီး တရား၀င်အစိုးရနဲ့ ကြေငြာချက်များ ထွက်ပေါ်လာခဲ့တယ်။ မတ် (၃၁) အလွန်မှာ ကြားဖြတ် အစိုးရဖွဲ့နိုင်ရင် ဒီပါဝါအတွင်းက စီးချင်းထိုးပွဲတွေ ပေါ်ထွက်လာနိုင်ပါတယ်။

၂။ စီမံအုပ်ချုပ်ရေးပါဝါ

စစ်အုပ်စုက ပြည်ထောင်စုအဆင့်၊ ပြည်နယ်နဲ့တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေး ယန္တရားကို တည်ထောင်တယ်။ ရပ်/ကျေးအဆင့်ထူထောင်ဖို့ ထောင်ကလွှတ်ပေးသူတွေနဲ့သွေးတိုး စမ်းကြည့်တယ်။ ရဲကားတွေနဲ့သွေးတိုးစမ်းကြည့်တယ်။ ရပ်ရွာလူထုက လက်မခံဘူး။ သံပုံးတီးမောင်းထုတ်ကြတယ်။ ရပ်ကျေးအဆင့် လူထုလက်ထဲရောက်နေတဲ့ ပါဝါကို အားပျော့စေဖို့ လူထုရွေးထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးတွေဖယ်ရှားပြီး အစားထိုးလူတွေခန့်တယ်။ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အားကောင်းမှသာ စစ်အုပ်စုရဲ့ ပါဝါကို ရိုက်ချိုးနိုင်မှာ ဖြစ်ပါတယ်။ စစ်အုပ်စုက စီမံအုပ်ချုပ်ရေးကို top down လာတယ်။ ပြည်သူက bottom up နဲ့ power equilibrium ညှိဖို့လိုပါတယ်။

၃။ ဗျူရိုကရက်တစ်ပါဝါ

စစ်အုပ်စုက အစိုးရဖွဲ့ပြီးတာနဲ့ ၀န်ကြီးဌာနနဲ့ ဦးစီးဌာနအဆင့်ဆင့်ရဲ့ လုပ်ဆောင်မှု ယန္တရားကို ခြေကုပ်ပြန်ယူတယ်။ CDM က ဒီခြေလှမ်းကို ရိုက်ချိုးတယ်။ အခုကတော့  ပါဝါခြေကုပ် လွန်ဆွဲပွဲပါ။ စစ်အုပ်စုရဲ့ အင်အားတွေထုတ်အစားထိုးရတဲ့အထိ မျက်ဖြူဆိုက်ကုန်တယ်။ ပါဝါယှဥ်ထိုးပွဲမှာ စစ်အုပ်စုကို ထိခိုက်မှုပြင်းထန်လို့၊ ဖမ်းဆီးအရေးယူခြင်း၊ ထုတ်ပယ်ခြင်း၊ လစာမပေးခြင်း နည်းမျိုးစုံနဲ့ ဖြိုခွဲဖို့ စစ်အုပ်စုကကြိုးစားနေတယ်။ ဒါကို နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေက CDM support နဲ့ ပြန်တုန့်ပြန်ကြတယ်။

၄။ ကိုယ်စားပြုပါဝါ

စစ်အုပ်စုကို ပြင်းထန်စွာ ထိုးနှက်ထားနိုင်တဲ့ ပါဝါအခင်းအကျင်းပါ။ စစ်အုပ်စုမှာ political representation power မရှိဘူး။ political legitimacy မရှိဘူး။ ပြည်သူ့ဘက်မှာက ၇၂ နာရီအတွင်း ပေါ်လာတဲ့ CRPH ရှိတယ်။ CRPH ရဲ့ ခြေလှမ်းတွေဟာ စစ်အုပ်စုရဲ့ တရားမ၀င်မှုကို မီးမောင်းထိုး ထားနိုင်တယ်။ ဒါကို အစားထိုးဖို့ စစ်အုပ်စုဟာ ရွေးကောက်ပွဲကော်မရှင်သစ်ကို အား ကောင်းအောင်လုပ်ဆောင်ခြင်း၊ မဟာမိတ်နိုင်ငံရေးပါတီများဖွဲ့ခြင်း၊  ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခြင်း၊ ရွေးကောက်ပွဲသစ်ကျင်းပခြင်းတွေနဲ့ နည်းမျိုးစုံ ကြိုးပမ်းနေတယ်။ CRPH ဟာ ကိုယ်စားပြုပါဝါရဲ့ ပင်မခံစစ်ကြာင်း။ တဗိုလ်ကျတဗိုလ်တက်ရှိရမယ်။ လုပ်ငန်းစဉ်တွေ စဉ်ဆက် မပြတ်ရှိရမယ်။

၅။ လူထုပါဝါ

 စစ်အုပ်စုဟာ လူထုအင်အားကို လျှော့တွက်ခဲ့တယ်။ ဆယ့်ငါးနှစ်လောက် လူထုလှုပ်ရှားမှုနဲ့ လမ်းပေါ်နိုင်ငံရေးကို အတွေးအခေါ်အရ၊ ဦးဆောင်မှုအရ၊ လုပ်နည်းလုပ်ဟန်အရ၊ ပါဝါကျအောင် လုပ်ထား နိုင်တော့ ဒီပါဝါ လှိုင်းတက်လာမယ် ယူဆဟန်မတူဘူး။ ၇၂ နာရီဂျင်းထည့်ပြီး ဆိုက်ဝါးနဲ့ ထိန်းထားလိုက်တယ်။ လူထုတိုက်ပွဲတံခါးချပ်ကို ဆွဲဖွင့်ရတာ နိုင်ငံရေးသမားတွေအတွက် အန္တရာယ် ကြီးတော့ နိုင်ငံရေးသမားတွေက wait and see ဖြစ်နေကြတယ်။ ဒီအခြေအနေကို လူငယ်မျိုးဆက်သစ်တွေက ဆွဲဖွင့်လိုက်တယ်။ လေးရက်နေ့မှာစမ်းချောင်း၊ ငါးရက်နေ့မှာ မန္တလေး၊ ၆ ရက်နေ့မှာ ရန်ကုန်က လူငယ်ခေါင်းဆောင်တွေဟာ လူထုပါဝါတံခါးကို ဆွဲဖွင့်ပြီး၊ နိုင်ငံရေးအင်အားစုအားလုံးကို လှုပ်နှိုးပစ်လိုက်တယ်။ စည်းကြောင့်လိပ်ထားတဲ့ အလံတွေ တလူလူလွင့်လာတယ်။ စစ်အုပ်စုကလဲ အင်တာနက်ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်း၊ ဖြိုခွဲခြင်းတွေနဲ့ တုန့်ပြန်တယ်။ လူထုကလဲ စစ်အုပ်စုခြေလှမ်းမှန်သမျှ ပညာရှိနည်းနဲ့တုန့်ပြန်တယ်။ ယခင်က နိုင်ငံရေးဦးဆောင်မှုက လူထုကို ဆွဲခေါ်တယ်။ ခုက လူထုအားမာန်၊ Generation Z တို့ ဉာဏ်ပညာက နိုင်ငံရေးသမားတွေကို ပြန်ဆွဲသွားတယ်။ စစ်အုပ်စုနဲ့ပတ်သက်ရင် နိုင်ငံရေးသမားတွေက ရန်ငါမပြတ်ဘူး။ ညှိနှိုင်းရေးလုပ်ချင်တယ်။ လူထုက စစ်အာဏာရှင်ဆန့်ကျင်ရေးပဲ၊ ရန်ငါပြတ်တယ်။ ၂၀၀၈ နဲ့ပတ်သက်ရင် နိုင်ငံရေးသမားက ၂၀၀၈ ဘောင်တွင်းက ရသလောက်ကစားချင်တယ်။ လူထုက ၂၀၀၈ ဖျက်သိမ်းရေးပဲ။ ဒီဖွဲ့စည်းပုံရှိသရွေ့ စစ်အာဏာသံသရာ မပြတ်ဘူးဆိုတာ လူထုနားလည်တယ်။ နိုင်ငံရေးသမားတွေက ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို ကစားရင်း တွေဝေတယ်။ လူထုက စစ်အာဏာရှင်စနစ်ကို ဖယ်ရီားနိုင်မှ ဒီမိုနိုင်ငံ၊ ဖက်ဒရယ်နိုင်ငံတွေကို တည်ဆောက်နိုင်မယ်ဆိုတာ နားလည်ပြီးသား။ ဒီတော့ လူထုရဲ့နောက် နိုင်ငံရေးသမားတွေလိုက်ကြရတယ်။ မလိုက်ပဲသွေဖီပြီး၊ အကြောင်း ပြချက်အမျိုးမျိုးပေးနေတဲ့ ဘယ်အဖွဲ့မဆို လူထုက ဆန့်ကျင်တယ်။

၆။ ပညာရှင်များရဲ့ပါဝါ

စစ်အုပ်စုအာဏာသိမ်းပြီးချိန်မှာ ပညာရှင်သုံးမျိုးထွက်လာတယ်။ စစ်အသုံးတော်ခံပညာရှင်၊ ကြားနေပညာရှင်နဲ့ ပြည်သူနဲ့အတူ ပေါင်းစပ်ပါ၀င်တဲ့ ပညာရှင်တွေ ပေါ်လာတယ်။ ပုံစံမျိုးစုံနဲ့ intellectual power ကို သုံးကြတယ်။ အတွေးအခေါ်စစ်မျက်နှာမှာ ပညာရှင်များရဲ့ပါဝါက အရေးကြီး ပါတယ်။

၇။ နိုင်ငံတကာဆက်စပ်ရေးနဲ့ သံတမန်ပါဝါ

စစ်အုပ်စုက UN သံတမန်နဲ့ နိုင်ငံတကာကို လိမ်လည်လှည့်ဖျားဖို့ ကြိုးစားတယ်။ နိုင်ငံတကာက လက်မခံဘူး။ CRPH က UN အထူးသံတမန်နဲ့ နိုင်ငံတကာဆက်ဆံရေးတာ၀န်ခံခန့်ပြီး တုန့်ပြန်တယ်။ စစ်အုပ်စုက တရုတ်အကူအညီနဲ့ အာဆီယံပါဝါသုံးပြီး political legitimacy ယူဖို့ ကြိုးစားတယ်။ ဒါကို တုန့်ပြန်နိုင်ဖို့ ဒေသအလိုက် ဥရောပ၊ အာဖရိက၊ အာရှပစိဖိတ်၊ အာဆီယံကိုလဲ ‌သံတမန်ပါဝါ ခြေကုပ်ယူနိုင်ဖို့အတွက် CRPH ဘက်က ဆက်ကြိုးစားဖို့ လိုပါတယ်။

၈။ စစ်ရေးပါဝါ

စစ်အုပ်စုမှာ စစ်ရေးပါဝါခြေကုပ်က ခံကတုတ်ပါပဲ။ ဒါကို တုန့်ပြန်ဖို့ ပြည်သူ့ဘက်ရဲ့ စစ်ရေးပါဝါမှာ အင်အားသုံးမျိုးဖြန့်ကျက်ဖို့လိုပါတယ်။ နိုင်ငံတကာစစ်ရေးပါဝါကို ခြိမ်းချောက်မှုအင်အား၊ လက်နက်ကို င်တပ်ပေါင်းစုပါဝါကို ထိန်းညှိမှုအင်အား၊ တပ်တွင်းပုန်ကန်အာဏာသိမ်းပြီး ပြည်သူ့အစိုးရနဲ့ ပါဝါ bargain ပြန်လုပ်လာမယ့် ပါဝါကို တန်ပြန်အင်အား တွေအနေနဲ့ စစ်ရေးအင်အားချိန်ခွင် ထိန်းညှိဖို့လိုပါတယ်။

၉။ သတင်းအချက်အလက်ပါဝါ

မီဒီယာနဲ့ သတင်းအချက် ရယူနိုင်စွမ်းတွေက အဓိကကျပါတယ်။ စစ်အုပ်စုက ကိုယ်ပိုင်မီဒီယာ၊ ထိန်းချုပ် မီဒီယာနဲ့ လက်ကိုင်ဒုတ်မီဒီယာတွေသုံးစွဲတယ်။ သတင်းစာရှင်းလင်းပွဲတွေနဲ့ သတင်းမှန်၊ သတင်းမှား၊ မှန် တ၀က်မှားတ၀က် ပုံစံစုံဖြန့်ခင်းတယ်။ သတင်းအချက်အလက်တိုက်ပွဲ‌ေတွဖန်တီးတယ်။ ပြည်သူဘက်ကလဲ ပြည်သူ့မီဒီယာ၊ ဆိုရှယ်မီဒီယာ၊ နိုင်ငံတကာမီဒီယာတွေနဲ့ပြန်တုန့်ပြန်တယ်။ တန်ပြန်သတင်းအချက်အလက်စစ်ဆင်ရေး လမ်းကြောင်းဖွင့်ဖို့လိုပါတယ်။

၁၀။ စီးပွားရေးပါဝါ

စစ်အုပ်စုရဲ့ ရပ်တည်နိုင်ရေးမှာ ဘဏ္ဍာရေးက အရေးကြီးပါတယ်။

နိုင်ငံတကာမှာ စစ်အုပ်စုနဲ့ မိသားစု၀င်များရဲ့ စီးပွားရေးခြေကုပ်တွေကို နိုင်ငံတကာအစိုးရများက စတင်ဖြတ်တောက်နေပါပြီ။ နိုင်ငံအားလုံးမဟုတ်သေးတဲ့အတွက် သက်ဆိုင်ရာနိုင်ငံအလိုက် အရှိန်မြှင့်ဖို့ လိုပါတယ်။ ယူအင်ရဲ့ အရေးယူလမ်းကြောင်းဖြစ်အောင် နိုင်ငံတကာဆက်ဆံရေးပါဝါနဲ့ ပေါင်းစပ်ချိတ် ဆက်ဖို့လိုလာပါတယ်။ ပြည်တွင်းမှာလဲ စီးပွား‌ေရးအရ စစ်အုပ်စု နလန်မထူအောင် targeted measures တွေလုပ်ဖို့လိုလာပါတယ်။ ပြည်ပငွေစီးဆင်းမှုတွေပိတ်ဆို့ပစ်ဖို့လိုပါတယ်။ ပြည်တွင်းက စစ်အုပ်စုနဲ့ အကျိုးစီးပွားတူလုပ်ငန်းတွေကို စားသုံးသူများက သပိတ်မှောက်ဖို့လိုပါတယ်။ နိုင်ငံတကာ ကုန်သွယ်ရေးကနေ စစ်အုပ်စုအကျိုးစီးပွားမဖြစ်ထွန်းဖို့ ပြည်ပတင်ပို့မှုတွေကို နိုင်ငံတကာမှ ၀ယ်ယူမှု မရှိအောင် လုပ်‌ေဆာင်ဖို့လိုပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ ပိုင်ဆိုင်မှု၊ ငွေကြေးစီး၀င်မှု အားလုံးကို ထိန်းချုပ်ဖို့ ကြိုးစားကြရပါမယ်။

ဘာတွေဆက်လုပ်ကြမလဲ။

(၁) သက်ဆိုင်ရာ ပါဝါအလိုက် power dynamics မှာ ကိုယ့်ဘက်ကအသာစီးရနေဖို့ ကြိုးပမ်းရပါမယ်။ စစ်အုပ်စုခြေလှမ်းတွေကို ရိုက်ချိုးရပါမယ်။ တုန့်ပြန်ရပါမယ်။ ပါဝါအင်အားတည်ဆောက်ရပါမယ်။

(၂) ပါဝါ configuration လုပ်ချိန်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်သူများအချင်းချင်း ပါဝါပွတ်တိုက်မှု မရှိအောင် ထိန်းသိမ်းရပါမယ်။ သင်္ဘောနစ်ချိန်မှာ မင်းဘာလဲ၊ ငါဘာလဲလုပ်လို့မရပါ။ စစ်အုပ်စုက အာဏာသိမ်းထားတာပါ။ ဒီမိုနိုင်ငံရေးကော၊ ဖက်ဒရယ်နိုင်ငံရေးကော အားလုံးနစ်တော့မယ့် နိုင်ငံရေးအကြပ်အတည်းပါ။ အတူရုန်းကန်ဖောက်ထွက်ကြရမှာပါ။ မကျေလည်မှုတွေရှိရင်လဲ ကမ်းပေါ်ရောက်မှ ရှင်းကြပါ။

(၃) ethnic factor နဲ့ religious factor ဟာ စစ်အုပ်စုကစားတဲ့ ဖဲချပ်တွေပါ။ ဒီဖဲချပ် ထုတ်ကစားတိုင်းအင်အားစုတွေပြိုကွဲပါတယ်။ ပြိုလဲပါတယ်။ common enemy ဘုံရန်သူသတ်မှ တ်ချက် ရှင်းဖို့လိုပါတယ်။ မရှင်းရင်တော့ သူ့အလှည့်ပြီးရင် ငါ့အလှည့်ရောက်လာပါလိမ့်မယ်။ အင်အားတွေ မပြိုပွဲအောင်၊ မပြိုလဲအောင် ထိန်းသိမ်းကြပါ။

အရေးတော်ပုံအောင်ပါစေ။

တော်လှန်ရေးသစ္စာဖြင့်

ခင်မမမျိုး (၂၃/၂/၂၀၂၁)

ဆိုရှယ်မီဒီယာတွင်မျှဝေထားသည်ကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါ၍ ခရစ်ဒစ်ပေးပါသည်။

Related Posts

ဇန်နဝါရီ ၁၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)
သုံးသပ်ချက်များ

ဘယ်ဘက်ကနိုင်နေပြီလဲ

ဇန်နဝါရီ 27, 2023

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကြာမြင့်လာသောအခါ ဘယ်ဘက်ကနိုင်နေပြီလဲ...

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

ဇန်နဝါရီ 23, 2023

၂၀၂၂ ခုနှစ် နှစ်ကုန်ခါနီး မြန်မာ့အရေးနှင့် ပတ်သက်သည့်...

ဇန်နဝါရီ ၀၇၊ ၂၀၂၃။ (စနေ)

UNSC ရဲ့ ဆုံးဖြတ်ချက်နဲ့ အာဏာရှင်တို့ရဲ့ အဆုံးသတ်”

ဇန်နဝါရီ 13, 2023

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၂)နေ့ မြန်မာစံတော်ချိန်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist