Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်တပ်ရဲ့နောက်အကွက်

February 25, 2021
in သုံးသပ်ချက်များ
Reading Time:1min read
Share on FacebookShare on Twitter

စစ်တပ်ရဲ့နောက်အကွက်တွေကို အာဏာစသိမ်းတဲ့ ၁ ရက်နေ့ကတည်းက ကျနော်မှန်းကြည့်နေခဲ့တယ်။ ၈၈ တုန်းက ရှေ့တန်းအခရာကျတဲ့နေရာတွေက ပါခဲ့တဲ့လူတွေရဲ့ အမြင်တွေကိုလည်း မေးခဲ့တယ်။

နိုင်ငံတကာအသီးသီးက ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေ လေ့လာခဲ့တယ်။ ပြီးတော့ လူတွေငြိမ် နေကြတဲ့ ၇၂ နာရီကို မယုံကြဖို့ ကျတော့်ဖေ့ဘွတ်ပေါ်မှာ ကျနော်ရေးခဲ့တယ်။ CDM ကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စလုပ်ခဲ့တယ်။ ကျနော်ပြောနေတာက အလဟသ ထင်ရာပြောနေတာမဟုတ်ဘူးဆိုတာ သိစေချင်တာပါ။ ကျနော်ဟာ CDM မှာပါတယ်။ နေ့တိုင်းတစ်ရက်မပြတ် လမ်းပေါ်ထွက်ဆန္ဒပြတယ်။ ဒီအရေးဟာ ကျတော့်ဘဝတစ်ခုလုံးထက် အရေးကြီးပါတယ်။ ဒါ့ကြောင့် ကျနော်ပြောတာလေးကို သေချာစဥ်းစားကြည့်ပေးကြပါ။ ကျနော်ပြောတဲ့အချက်ကို စဥ်းစားပေးကြပါ။

ဖေ့ဘွတ်ပေါ်မတင်ပေမဲ့ တပ်ကလုပ်မယ်ထင်တဲ့ဟာတွေကို အတူနေတဲ့ သူငယ်ချင်းတွေနဲ့တော့ တိုင်ပင်ဖြစ်တယ်။ ပထမဆုံး သူတို့ အစိုးရဖွဲ့မယ့်အကြောင်း၊ ဥပဒေတွေထုတ်မယ့်အကြောင်း၊ ပြည်သူကို တတ်နိုင်သမျှ လူမစုမိ​အောင် ထိန်းမယ့်အကြောင်း၊ ရဲပါမက တပ်ပါထုတ်လာမယ့်အကြောင်း၊ လူထု ကြောက်အောင် အကြမ်းဖက်ပြ၊ သတ်ပြမယ့်အကြောင်းတွေထိ တပ်ဟာ ကျနော်တို့ထင်တဲ့အတိုင်း လုပ်လာနေပါတယ်။

ဒါပေမဲ့ အလှည့်တိုင်းမှာ ပြည်သူဟာ မကြောက်ဘဲ ရှေ့ဆက်ခဲ့တယ်။ အရှိန်ပိုတိုးလာခဲ့တယ်။ ဒီတော့ စစ်တပ်ဟာ သူတို့ခြေလှမ်းတွေကို ခပ်သွက်သွက်ပဲ လှမ်းနေခဲ့တယ်။ ခုဆို သူတို့အဆင့်က လူတွေ လူစုကွဲသွားအောင် ကျည်အစစ်နဲ့ပေါ်ပေါ်တင်တင်ပစ်ပြ။ လူအစုလိုက်အပြုံလိုက် သတ်ပြတဲ့ အဆင့် ရောက်နေပြီ။ ကျနော်တို့ ဒီအဆင့်ကို ကျော်ဖို့လိုပါတယ်။ လူစုလူဝေး အားနည်းသွားလို့မရပါဘူး။ ပြန်ပြီး ဓားနဲ့ဝင်ခုတ်ဖို့လည်း မဖြစ်နိုင်ပါဘူး။ ကျနော်တို့ သွေးနည်းတာကြောင့် မဟုတ်ပါဘူး။ လက်နက်ချင်း မမျှတဲ့အခါ ဒါဟာ အဖြေမဟုတ်ပါဘူး။ အဖြေကဘာလဲဆိုရင်  သူတို့တွေက သေနတ်နဲ့ချိန်ရင် ကိုယ်က ကင်မရာတွေနဲ့ ချိန်ပါ။ ဒီအချိန်မှာ လူတိုင်းဟာ သတင်းထောက်တွေပါ။ ကမ္ဘာက သိပါစေ။ ဒီခေတ်ဟာ ၈၈ မဟုတ်ပါဘူး။ နိုးကြားတဲ့ဒီလိုခေတ်မှာ စစ်အာဏာရှင်အတွက်နေရာ မရှိပါဘူး။ အထူးသဖြင့် ခုလိုရက်စက်တဲ့ စစ်အာဏာရှင်အတွက် ​​​​နေရာမရှိပါဘူး။

ဒီအဆင့်ဟာ အခက်ခဲဆုံးဖြစ်မှာပါ။ လူတွေ မပြိုကွဲသွားသရွေ့ မကြောက်တာနဲ့အမျှ စစ်တပ်ဟာ ကြောက်လာနေပါတယ်။ သူတို့ဒီပွဲရှုံးခဲ့ရင် သူတို့အတွက် ဘဝပျက်ပါပြီ။ ဒီတော့ ဂျောင်ပိတ်နေတဲ့ခွေးလို ပြန်ကိုက်မှာပါ။ ဒီလိုကြောက်ကြောက်နဲ့လုပ်တာကပဲ သူတို့ရဲ့ အဆုံးသတ်ကို ရောက်စေမှာပါ။ လာမယ့်ရက်တွေဟာ ကျနော်တို့အတွက် ကြမ်းတမ်းပါမယ်။ အထိအခိုက် အကျအဆုံးများပါမယ်။ ဒါပေမဲ့ ဒါဟာ ကျနော်တို့ရဲ့ အဆုံးသတ်တိုက်ပွဲပါပဲ။ မကြောက်ကြပါနဲ့။ သတ္တိရှိကြပါ။ ဘာပဲဖြစ်ဖြစ် လမ်းပေါ်ထွက်ကြပါ။ ကျနော်လည်း ထွက်ပါမယ်။

Crd

(ဆိုရှယ်မီဒီယာပေါ်တွင် ဝေမျှထားသည်များကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါ၍ မူရင်းရေးသားသူကို ခရစ်ဒစ်ပေးပါသည်။)

Related Posts

ဒဲ့ညှိကြတော့ကွာ
သုံးသပ်ချက်များ

ဒဲ့ညှိကြတော့ကွာ

May 27, 2023

ဒီစာက ကျနော့်သဘောထား မဟုတ်ပါဘူး။ နိုင်ငံတကာရဲ့ သဘောထားကို...

ဧပြီ ၂၁၊ ၂၀၂၃။ (သောကြာ)
သုံးသပ်ချက်များ

မြန်မာ့တော်လှန်ရေးနှင့်NUGတို့ရဲ့လက်ရှိအခြေအနေ

April 30, 2023

ဒေးဗစ်လည်းသိတဲ့အတိုင်းNUGကြေညာထားတာကစစ်အာဏာရှင်စနစ်ဖယ်ရှားရေးနဲ့ပတ်သက်ပြီး အခုနှစ်ထဲမှာ အဆုံးအဖြတ်ဖြစ်စေမယ့် အပြောင်းအလဲတွေ တွေ့လာရမယ်လို့...

မြန်မာ့တော်လှန်ရေးအင်အားစုတွေ ရင်ဆိုင်နေရတဲ့ အချိန်မလုံလောက်မှု ပြဿနာများ
သုံးသပ်ချက်များ

မြန်မာ့တော်လှန်ရေးအင်အားစုတွေ ရင်ဆိုင်နေရတဲ့ အချိန်မလုံလောက်မှု ပြဿနာများ

April 21, 2023

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တာ...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist