ကျွန်တော်တို့ အနေနဲ့ နည်းလမ်း နှစ်ခုနဲ့ အာဏာရှင်ကိုဆန့်ကျင်လို့ရတယ်လို့မြင်မိတယ်။ ပထမတစ် နည်းက လမ်းပေါ်ထွက်ဆန္ဒပြတာပေါ့။ ဒီနည်းကတော့ သူတို့ပစ်သတ်ရင်သေမှာပေါ့။ အသက်နဲ့ရင်းရတဲ့ နည်းလမ်း။ အရင်အာဏာသိမ်းလို့ဆန္ဒပြတုန်းကလည်း သွေးမြေကျခဲ့ရတဲ့သာဓကတွေရှိခဲ့တော့ လမ်း ပေါ်ထွက်ပြီး ဆန္ဒပြတာနဲ့ သူတို့ လက်နက်အားကိုးပြီးပစ်ကြမယ်ဆိုတာကို အားလုံးကသိထားကြတယ်။ ငြိမ်းချမ်းစွာဆန္ဒပြတယ်လို့ဆိုရင်လည်း သူတို့ရဲ့လူတွေကို ဆန္ဒပြတဲ့လူအုပ်ထဲရောထည့်ထားမယ်၊ ပြီးရင် ပြဿနာတစ်ခုကိုအကြောင်းပြပြီးဆူပူအောင်လုပ်မယ်။ သွေးကြွနေတဲ့လူအုပ်ကြီးပါလာပြီဆိုရင်သေ နတ်ပစ်ဖောက်ပြီး အဓိကရုဏ်းဖန်တီးမယ်။ ပြီးတော့ ဆူပူလွန်းလို့ သူတို့ထိန်းလိုက်ရတာပါဆိုပြီး ရိုးရှင်း တဲ့နည်းလမ်းကိုအကြောင်းပြမယ်။ အဲတော့ လမ်းပေါ်ထွက်ဆန္ဒပြပွဲက ထင်သလောက်မထိရောက်ဘူး လို့ ကျွန်တော်ကသတ်မှတ်တယ်။
နောက်နည်းလမ်းတစ်ခုကတော့ အခုလုပ်နေကြတဲ့ CDM ကမ်ပိန်းပေါ့။ အစိုးရယန္တရားကြီးလည်ပတ်နေ ရင်သူတို့ဘာမှလုပ်လို့မရတော့ဘူး။ အဲဒီနည်းလမ်းကထိရောက်နိုင်တယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ CDM ကမ်ပိန်းကိုများများလုပ်ဖို့ အွန်လိုင်းကနေ အချင်းချင်းနှိုးဆော်ကြရမယ်။ ကြောက်တတ်တဲ့အစိုးရ ဝန်ထမ်းတွေကိုလည်း ဒီတစ်ခါမကြောက်ဖို့ စစ်အစိုးရအာဏာရှင်ကိုအပြတ်တိုက်ဖို့ဖေ့စ်ဘုတ်ကနေတစ် ဆင့်ဖျောင်းဖျကြရမယ်ပေါ့။ ဒါပေမဲ့ စစ်အာဏာရှင်တွေကလည်း ဒီနည်းလမ်းကိုသိတယ်။
သူတို့တွေဟာ မြန်မာလူမျိုး ၈၀ ရာခိုင်နှုန်းကျော်သုံးနေတဲ့ဖေ့စ်ဘုတ်ကိုပိတ်လိုက်တယ်။ မြန်မာနိုင်ငံ မှာဝန်ဆောင်မှုပေးနေတဲ့အော်ပရေ တာတွေအားလုံးကို ဖေ့စ်ဘုတ်သုံးလို့မရ အောင်လုပ်ဖို့ညွှန်ကြားချက် ထုတ်ခဲ့တယ်။ အဲဒီတော့မြန်မာလူထု က Proxy ကျော်သုံးကြတာပေါ့။ VPN ကျော်သုံးပြီး ဖေ့စ်ဘုတ်ကိုသုံး အာဏာရှင်ဆန့်ကျင်ရေးကမ်ပိန်း တွေကို လူငယ်တွေက ဟန်မပျက်လုပ်နိုင်ပေမဲ့ လူကြီးတွေကတော့ နည်းပညာနဲ့အလှမ်းဝေးတာကြောင့် ဖေ့စ်ဘုတ်သုံးဖို့အခက်တွေ့ကြတာပေါ့။ လူငယ်တွေကတော့ ဖေ့စ် ဘုတ်အပြင် တွစ်တာမှာပါနယ်ချဲ့လာ ကြပြီး CDM ကမ်ပိန်းတွေကိုလှုံ့ဆော်ကြတယ်။
စည်ပင်ရိပ်သာမှာ ပိတ်မိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုပြန်လွှတ်ခဲ့တယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၄ ရက်အထိ စည်ပင်ရိပ်သာမှာ မပြန်ဘဲကျန်ရှိနေတဲ့ NLD လွှတ်တော်အမတ် ၇၀ စုပေါင်းပြီးလွှတ်တော်ခေါ် ယူလိုက်တယ်။ လွှတ်တော်ခေါ်ယူတဲ့အထိမ်းအမှတ်နဲ့ လွှတ်တော်ပထမနေ့မှာ ပြုလုပ်လေ့ရှိတဲ့ “ပြည်သူ့ တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ပါမည်” ဆိုတဲ့ ကတိသစ္စာပြုလွှာတွေကို လက်မှတ်ရေးထိုးခဲ့တယ်။ သဘောကတော့ စစ်အစိုးရက ဝန်ကြီးတွေခန့်၊ မူအပြောင်းအလဲတွေလုပ်ပေမယ့် အဲဒါကိုအသိအမှတ်မ ပြုတာပဲ။ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့အစိုးရမှမဟုတ်တာလေ။
နောက်ရက်တွေကတော့ ပွဲကပိုပြင်းထန်လာလိမ့်မယ်လို့ ကျွန်တော့်စိတ်ထဲတစ်ထစ်ချသိနေတယ်။ ထင် တဲ့အတိုင်းပါပဲ။
>>>>>