Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ (ကြာသပတေး)

February 24, 2021
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

ကျွန်တော်တို့တွေဟာ နိုင်ငံတကာကိုမျှော်နေတုန်းပဲ။ နိုင်ငံတကာအကူအညီတစ်ခုခုရပါစေလို့ဆုတောင်း နေကြတုန်းပဲ။ နိုင်ငံရေးပေါ်လစီ၊ နိုင်ငံတကာဆက်ဆံရေး၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံအကူအညီပေးဖို့စည်း မျဉ်းစည်းကမ်းတွေကို ကျွန်တော်တို့နိုင်ငံသားတော်တော်များများကနားမလည်ကြပါဘူး။

ကျွန်တော်တို့ဟာအလွတ်ကျက်ပြီးဖြေရတဲ့ပညာရေးစနစ်မှာရှင်သန်ခဲ့ရတော့ အတွေးအခေါ်တွေလည်း သူများနိုင်ငံတွေလောက်မမြင့်မားကြပါဘူး။ အဲဒီတော့ နိုင်ငံတကာကနေလာကယ်ပါစေလို့ဆုတောင်းနေ ကြတုန်းပဲ။ အခုရက်အထိ နိုင်ငံတကာကလည်းဘာအသံမှမကြားရတော့ စိတ်တွေအားပျော့လာတယ်။

ကျွန်တော်စိတ်ထဲမှာတော့ အမေရိကန်လိုမဟာမိတ်နိုင်ငံတစ်နိုင်ငံကနေ စစ်အစိုးရနေတဲ့နေရာကိုပစ် မှတ်ထားပြီး ဒုံးကျည်နဲ့ပစ်တာမျိုးလုပ်ပါစေ၊ ကုလသမ္မဂအဖွဲ့အစည်းကနေ စစ်အာဏာရှင်တွေကိုအမိန့် ပေးပြီးဖြုတ်ချပါစေ၊ အိုင်စီဂျေလိုအဖွဲ့အစည်းကနေ စစ်အာဏာရှင်ကို စစ်ခုံရုံးတင်ပြီးအပြစ်ပေးပါစေလို့ ပဲဆုတောင်းမိတယ်။ ကျွန်တော့်လိုပဲ ကျွန်တော့်အမေရော ကျွန်တော့်ညီမရော ဆုတောင်းနေမိတယ်။ ကျွန်တော်တို့ရဲ့လက်နက်မဲ့ရုန်းအားနဲ့ လက်နက်ကိုင်အဖွဲ့အစည်းကိုဘယ်လိုတိုက်လို့နိုင်ပါ့မလဲတွေးပြီး စိုးရိမ်မိလာတယ်။

သံပုံးတီးသံတွေပိုညံလာတယ်။ ရင်ထဲကအနာတွေက ပျောက်ကွယ်မသွားဘူး။ ပိုပိုပြီးလေးနက်လာ တယ်။ စစ်အစိုးရဟာ သူ့ရဲ့ကွန်ရက်ကိုချဲ့ထွင်လာတယ်။

(၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်က လည်းအွန်လိုင်းပေါ်မှာပေါ်လာပြီး စစ်အာဏာ ရှင်တွေဖြုတ်ချရေးအတွက်ဆောင်ရွက်နေသူတွေကို အားပေးစကားတွေ ပြောသွားတယ်။ ပြီးရင်ပျောက် သွားတယ်။ နောက် တစ်နေရာကနေပေါ်လာတယ်။ သူတို့လိုခေါင်းဆောင်တွေရဲ့စကားက လိုကိုလို အပ်တယ်။

ဆယ်လီတော်တော်များများလည်း စစ်အစိုးရကိုဆန့်ကျင်ကြောင်းကမ်ပိန်းတွေပါလာတယ်။ အားတက်ရ ပါတယ်။ မျှော်လင့်ချက်ရောင်နီတွေသမ်းရပါတယ်။ ဒါပေမဲ့ ရင်ထဲမှာတော့ စိုးရိမ်နေတုန်းပဲ။ စစ်တပ်အာ ဏာသိမ်းတာကို လုံးဝလက်မခံကြောင်း လက်သုံးချောင်ထောင်ပြီး ဓါတ်ပုံရိုက်ပို့စ်တင်တာမျိုးတွေလုပ် လာကြပြီ။ နိုင်ငံတကာကိုရောက်နေကြတဲ့ မြန်မာတွေလည်း ဆန္ဒပြကြတယ်။ ဂျပန်၊ ထိုင်း၊ ဩစတြေး လျ၊ စင်ကာပူ စသည်ဖြင့်ပေါ့။ တာဝန်ကျေကြပါတယ်။

မတရားတဲ့ကိစ္စကိုလုပ်ဖို့ကြောက်ရမယ်။ မမှန်တဲ့ကိစ္စလုပ်ဖို့ကြောက်ရမယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံက ဘာလုပ်လုပ်ကြောက်နေရတယ်ဆိုတဲ့အတွေးနဲ့ကြီးပြင်းလာခဲ့တယ်။ အခုမျိုးဆက်က ဒီအဖြစ်ဆိုးကြီးကို တွန်းလှန်နေကြတာဖြစ်တယ်။

ဒီနေ့မှာတော့ အမျိုးသားဒီမိုကရေစီပါတီရဲ့ကြေညာချက် အမှတ် ၁ ထွက်လာတယ်။ စစ်အစိုးရကဖွဲ့လိုက် တဲ့ အစိုးရအဖွဲ့အစည်းကိုလက်မခံဖို့နဲ့ သူတို့ကသာတရားဝင်ဖြစ်ကြောင်းစာပေါ့။ နိုင်ငံရေးကိုအထူးတ လည်နားမလည်တဲ့ကျွန်တော်တို့ကတော့ သိပ်စိတ်မဝင်စားဘူး။

ဘယ်လိုနည်းလမ်းနဲ့ ဒီလိုအုပ်ချုပ်မှုကနေလွတ်မြောက်မလဲဆိုတဲ့အတွေးကသာ ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲမှာ ကိန်းအောင်နေတယ်။

>>>> 

Related Posts

အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)

December 6, 2025

မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့​​စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။

အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၅၊ ၂၀၂၅။ (သောကြာ)

December 5, 2025

စစ်ကော်မရှင်ကအသဲအသန်အလိုရှိနေတဲ့လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းနဲ့အခြားသပိတ်ခေါင်းဆောင်နှစ်ဦးဟာဒီနေ့မနက်အစောပိုင်းမှာမန္တလေးမြို့ရဲ့လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့စျေးချိုတော်မှာလက်ကမ်းစာစောင်တွေကြဲပြီးလျက်တပြတ်ဆန္ဒပြခဲ့ပါတယ်။သူတို့ဟာအချိန်တိုလေးအတွင်းမှာပဲစစ်ကောင်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြရန်၊လာမယ့်ဒီဇင်ဘာလ၁၀ရက်နေ့မှပြုလုပ်မယ့်အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ပေးကြဖို့ပြောသွားတယ်။ ဒေါက်တာတေဇာဆန်းဟာနာမည်ကြီးသပိ​တ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီးအရင်ကလဲမန္တလေးမြို့ထဲထိဝင်ကာဆန္ဒပြခဲ့ဖူးတယ်။စစ်ကော်မရှင်ကအပြည့်အဝထိန်းချုပ်ထားတဲ့​မန္တလေးလိုမြို့လည်ခေါင်မှာဆန္ဒပြရဲတဲ့သတ္တိကတော့လေးစားစရာပဲ။

အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၄၊ ၂၀၂၅။ (ကြာသပတေး)

December 4, 2025

TNLA စစ်ဦးစီးချုပ်ကမိုးမိတ်နဲ့မိုးကုတ်မြို့တွေကိုစစ်ကော်မရှင်ထံပြန်ပေးရတဲ့အတွက်အကြောင်းပြချက်တွေနဲ့တကွဆိုရှယ်မီဒီယာမှတဆင့်ပြည်သူကိုတောင်းပန်စကားဆိုပါတယ်။သူပေးတဲ့အကြောင်းပြချက်တွေထဲမှာတရုတ်ဖိအားတွေ၊လူအင်အားလက်နက်အင်အားနည်းပါးလာတာတွေ၊လက်နက်အကြွေးဒေါ်လာဘီလီယံနဲ့ချီပြီးတင်နေတာတွေပါဝင်တယ်။ဒါပေမယ့်မိုးကုတ်မြို့ကတွင်းထွက်ရတနာတွေကိုဂေါက်ကွင်းပါမချန်တူးဖော်ပြီးဒေါ်လာသန်းပေါင်းများစွာရရှိသွားတဲ့အကြောင်းတော့ထည့်မပြောသွားပါဘူး။ TLNA စစ်ဦးစီးချုပ်ရဲ့စကားတွေမှာပြည်သူတွေကျေနပ်စေမယ့်အချက်တွေလဲမပါဝင်ခဲ့ပါဘူး။TLNAဟာတရုတ်ရဲ့ဖိအားကြောင့်စစ်ကော်မရှင်နဲ့အပစ်ရပ်ခဲ့တာကိုပြည်သူတွေနားလည်ပေးခဲ့တယ်။မိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုပြန်ပေးဖို့သဘောတူခဲ့တဲ့အထိနားလည်ပေးခဲ့တယ်။ဒါပေမယ့်ထိုမြို့တွေကိုNUGလက်အောက်ခံPDFတပ်တွေအစွမ်းကုန်ကာကွယ်သွားမယ်လို့ထုတ်ပြန်ပြီးချိန်မှာTLNAကိုယ်တိုင်စစ်တပ်​ကိုခေါ်သွင်းလာတဲ့အချက်ကိုတော့ဘယ်လိုမှနားလည်ပေးလို့မရပါဘူး။ထိုအချက်နဲ့ပတ်သက်ပြီးTLNAစစ်ဦးစီးချုပ်ကဘာဖြေရှင်းချက်မှပေးမသွားပါဘူး။ဒါ့ကြောင့်သူတို့ဘာပဲပြောပြောသူတို့လုပ်ရပ်တွေကိုသမိုင်းမှာမှတ်တမ်းတင်သွားမှာပါ။

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English