Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ (တနင်္လာ)

February 24, 2021
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

တစ်နိုင်ငံလုံးဆန္ဒပြပွဲကျင်းပတဲ့နေ့။

အထူးသဖြင့် ပြည်သူအချင်းချင်းကအစိုးရရုံးဝန်ထမ်းတွေကို ရုံးမတက်ဘဲဆန္ဒပြဖို့ တောင်းဆိုမေတ္တာရပ် ခံထားကြတယ်။ စစ်အစိုးရရဲ့အလုပ်ယန္တရားကြီးရပ်သွားမှ သူတို့ရဲ့အုပ်ချုပ်မှုပြုတ် ကျမှာကိုး။ ဒီနေ့တော့ ရန်ကုန်မှာ လူပေါင်းသိန်းချီသန်းချီ ချီတက်စုဝေးပြီးဆန္ဒပြကြတယ်။ ဆူးလေနဲ့  လှည်းတန်းကတော့ အချက်အချာပေါ့။ အင်းစိန်ကလူတွေ မြောက်ဥက္ကလာကလူတွေ စသည်ဖြင့်မြို့နယ် အလိုက် အုပ်စုလိုက် ချီတက်သွားကြတာ။ အများစုကတော့လူငယ်တွေပဲ။ ရဲတွေကတော့ စည်းသုံးတန် တားထားပြီး စောင့် ကြည့်နေကြတယ်။ အပြင်ကိုထွက်ဆန္ဒပြတဲ့အထဲမှာမပါတဲ့သူတွေကတော့တော့ အိမ် မှာနေရင်း သံပုံး တီးဆန္ဒပြကြတယ်။ မနက် ၈ နာရီ၊ နေ့လည် ၂ နာရီနဲ့ ည ၈ နာရီ။ စုစုပေါင်း တစ်နေ့ (၃) ကြိမ်ပေါ့။

CDM ကမ်ပိန်းမှာ အစိုးရဝန်ထမ်းတစ်ချို့ကပါတယ်။ အများကမပါဘူး။ ကျွန်တော့် အမျိုးတွေ တစ်ချို့တောင်မပါဘူး။ ဘာလို့လဲဆိုတော့ ကြောက်လို့။ စစ်အစိုးရက ကြောက်အောင်လုပ်ထား ကြတာ။ ဆန္ဒပြပွဲမှာတစ်စိတ်တစ်ပိုင်းပါရင် အလုပ်ထုတ်ပစ်တာတို့၊ ၂၄ နာရီအတွင်း ဌာနကနေထွက်သွား ဖို့အမိန့်ပေးတာတို့လုပ်ကြတယ်။ ဒါတင်ဘယ်ကမလဲ။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးမှာဆိုရင်ဝန်ထမ်း တွေကို အိမ်ကိုမပြန်ခိုင်းတော့ဘူး။ စစ်ယူနီဖောင်းဝတ်တွေက ဘေးကနေအနီးကပ်စောင့်ကြည့်ပြီးအ ကျယ်ချုပ်ပုံစံထားတာကိုတွေ့ရတယ်။ ဖေ့စ်ဘုတ်မှာပုံတစ်ချို့တက်လာတယ်လေ။ တစ်ချို့ကတော့ရဲရဲ ဝံ့ဝံ့ထွက်ပြကြ တယ်။ တစ်ချို့ကတော့ မိသားစုစားဝတ်နေရေးအတွက် အောင့်သက်သက်နဲ့ခံနေရတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို သဘောကျတဲ့လူနှစ်မျိုးပဲရှိတယ်။ တစ်မျိုးက အပေါ်ဖားအောက်ဖိ၊ သူများကိုဖားမယ် ကိုယ့်ကိုလာဖားတာကြိုက်မယ် စတဲ့ ဂုဏ်အာဏာကိုမက်တဲ့အာဏာရူးတစ်မျိုး။ နောက်တစ်မျိုးကတော့ လာဘ်စားရတာကိုကြိုက်တယ်၊ ကိုယ်အားမထုတ်ဘဲသူများပိုက်ဆံကိုအချောင် ယူမယ်ဆိုတဲ့ အချောင်သ မားတွေကတစ်မျိုးဖြစ်တယ်။

UN က လာမယ်ဆိုပြီးတစ်ပြည်လုံးကမျှော်နေကြတယ်။ တကယ်လာမလာမသိဘူး။ သတင်းတွေမှာ လည်းတက်တာမတွေ့ရဘူး။ နိုင်ငံတကာကိုလည်း မြန်မာပြည်သူပြည်သားတွေကမျှော်ကိုးနေတုန်းပဲ။ ကျွန်တော်တို့အားလုံးရဲ့မျှော်လင့်ချက်တစ်စိတ်တစ်ပိုင်းဆိုရင်လည်းမမှားဘူးလေ။

ည ၈ နာရီသတင်းမှာတော့ ရွှေတိဂုံဘုရားကို ပြန်ဖွင့်တယ်လို့ပါတယ်။ ရဟန်းသံဃာနဲ့ သီလရှင်တွေကို တက်ခွင့်ပေးတာတဲ့။ ၁၀ ရက်ကျရင်တော့ အများပြည်သူကိုတက်ခွင့်ပေးမယ်လို့ကြေညာထားတယ်။ ဒီ နေ့ အင်တာနက်လိုင်းတွေတော်တော်နှေးတယ်။ ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့်ကိုထုတ်ပြန်မယ်လို့လည်း သတင်းတွေကြားနေရတယ်။ အမှန်ပါပဲ။ ည ၈ နာရီမထိုးခင်မှာပဲ အဲဒီသတင်းအမှန်ဆိုတာဆိုရှယ်မီဒီယာ တွေပေါ်တက်လာပြီ။ ဘာဆက်လုပ်ရမလဲ။ မနက်ဖြန် ဆန္ဒပြဖို့ သပိတ်မှောက်ဖို့စီစဉ်ထားကြတာ ဘာ ဆက်လုပ်ကြမလဲ။

၈ နာရီမှာ မင်းအောင်လှိုင်က မိန့်ခွန်းပြောတယ်။ မဲမသမာမှုကြောင့် သူအာဏာသိမ်းရတာဆိုပြီးအ ကြောင်းပြချက်ပေးပေမဲ့ဘယ်သူကယုံမှာလဲ။ မဲမသမာမှုဆိုတာ UEC နဲ့ပဲဆိုင်တာလေ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ UEC ရဲ့ဆုံးဖြတ်ချက်ကသာအတည်ဆိုပြီးပြောပြီးသား။ ပြီးတော့ သူ့မှာဘယ်မှာလဲသက်သေ။ ၂၀၀၈ နာဂစ်တုန်းက သူတို့တွေ ပြည်သူကိုဂရုမစိုက်ခဲ့ဘူး။ မုန်တိုင်းကြောင့် လူတွေသေခဲ့ရတာကိုသူတို့ အလေးမထားဘဲ သူတို့စိတ်ကြိုက်လုပ်ထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ထောက်ခံပါ တယ်ဆိုပြီး လိမ်ခဲ့ကြတာ မြန်မာနိုင်ငံသားတိုင်းသိတယ်။

သူတို့ရဲ့လိမ်လည်မှုတွေအောက်မှာ ရှင်သန်ခဲ့ရတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ စိတ်ပျက်မိတယ်။ နောက်ဘဝလူများပြန်ဖြစ်ခဲ့ရင် မြန်မာနိုင်ငံမှာ လူမဖြစ်ပါစေနဲ့လို့ဆုတောင်းမိတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်လူတစ်စုပြောသမျှက ဥပဒေပဲ။ သူတို့စကားလုံးတိုင်းကို အားလုံးက မဖြစ် မနေလိုက်နာကြရတယ်။ ကောင်းသည်ဆိုးသည် ဝေဖန်ပိုင်ခွင့်မရှိဘူး။ လမ်းထွက်ရင်တော့ သူတို့အသိုင်း အဝိုင်းကလူတစ်ယောက်က ကိုယ့်ကိုအမှတ်တမဲ့မြင်ပြီး လက်သီးနဲ့ပိတ်ထိုး၊ ပါးရိုက်ရင်တော့ ကျွန်တော် တို့မှာ ဘာမှပြန်လုပ်ခွင့်မရှိဘူး။

မြန်မာနိုင်ငံအရေးမတွေးရဲစရာပဲ။ ဘာတွေဆက်ဖြစ်လာဦးမလဲမသိ။

>>>>> 

Related Posts

စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)

September 27, 2025

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...

စက်တင်ဘာ ၂၆၊ ၂၀၂၅။ (သောကြာ)
အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၆၊ ၂၀၂၅။ (သောကြာ)

September 26, 2025

စစ်မှုထမ်းဥပဒေစတင် ကြေညာလိုက်တဲ့အချိန်တုန်းကရှေ့တန်းရောက်ရင် ထွက်ပြေးမယ်၊သေနတ်ရရင်ပြန်ပစ်ပြီးပေးမယ် စသဖြင့် ကိုယ်ထင်ရာတွေလျောက်ပြောကြပြီးအဆိုဥပဒေဟာ...

စက်တင်ဘာ ၂၅၊ ၂၀၂၅။ (ကြာသပတေး)
အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၅၊ ၂၀၂၅။ (ကြာသပတေး)

September 25, 2025

စစ်ကော်မရှင်ဟာ အပတ်စဥ်အလိုက်လူငယ်တွေကို စစ်မှုထမ်းဖို့ခေါ်ဆောင်နေတာ အပတ်စဥ်၁၅ခုကျော်လာပါပြီ။အချိန်အပိုင်းအခြားအားဖြင့်လဲ တစ်နှစ်ကျော်ခန့်ရှိလာနေပါပြီ။ဒီကာလအတွင်းမှာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English