Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဖေဖော်ဝါရီ ၂ ရက်၊၂၀၂၁ ခုနှစ်။ (အင်္ဂါ)

February 22, 2021
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

၇၂ နာရီကမ်ပိန်းဆိုတာကြီးပေါ်လာတယ်။ စစ်အစိုးရအာဏာသိမ်းပြီး ၇၂ နာရီအတွင်းမှာငြိမ်ငြိမ်လေးနေ ကြဖို့၊ ဆန္ဒမပြ ဆူပူသောင်းကျန်းမှုမလုပ်ဖို့အချင်းချင်းလက်ဆင့်ကမ်းတယ်။

အဲဒီမှာ သုံးသပ်ချက်နှစ်ခုဖြစ်သွားတယ်။ လက်ရှိဥပဒေအရ တရားဝင်အာဏာသိမ်းခွင့် ၇၂ နာရီရှိတယ်လို့ သိရတယ်။ ၇၂ နာရီအတွင်းဘာကြောင့် အာဏာသိမ်းတယ်ဆိုတာရယ် သမ္မတကအာဏာလွှဲပြောင်း ကြောင်း လက်မှတ်ရယ်ကို UN ကိုတင်ဖို့လိုတယ်၊ မဟုတ်ရင်နိုင်ငံတော်ပုန်ကန်မှုနဲ့ငြိတယ်၊ ဒါကြောင့် ၇၂ နာရီအတွင်းဆူပူမှုမဖြစ်ရင် စစ်အာဏာရှင်တွေဟာ နိုင်ငံတော်ပုန်ကန်မှုဖြစ်ပြီလို့ဆိုတယ်။ တစ်ချို့ကျ တော့ ဆန့်ကျင်ဘက်ပြောကြတယ်။ ပထမ ၇၂ နာရီအတွင်း ဘာမှမဖြစ်ဖို့ဆိုတာ အာဏာသိမ်းသူတွေ ရဲ့ရည်မှန်းချက်ဖြစ်ပြီး ၃ ရက်ကျော်သွားတာနဲ့ အာဏာသိမ်းခြင်းအောင်မြင်တယ်လို့ယူဆနိုင်တယ်။ ၃ ရက်ကြာလို့ ဘာဆန့်ကျင်မှုမှမရှိရင် တိုင်းပြည်ကလက်ခံလိုက်ပြီလို့ယူဆလေ့ရှိတာကြောင့် တမင်တကာ ဝါဒဖြန့်ခဲ့တာလို့ဆိုပြန်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ၇၂ နာရီကမ်ပိန်းကို ကျွန်တော်တို့ဆိုရှယ်မီဒီယာတွေပေါ်မျှဝေ ခဲ့ကြတယ်။ မိုဘိုင်း အင်တာနက်လိုင်းမရပေမယ့် ဝိုင်ဖိုင်အင်တာနက်လိုင်းတွေ၊ ပုဂ္ဂလိကအင်တာနက်ဝန် ဆောင်မှုတွေတော့ ရနေသေးတယ်လေ။

ဒီနေ့က ဘဏ်တွေပြန်ဖွင့်တယ်။ ဒါကြောင့် လစာလေးသွားထုတ်ခဲ့တယ်။ ဆန်ဝယ်ရမယ်၊ ဆီဝယ်ရမယ်။ ရပ်ကွက်ထဲမှာလည်း ဟိုဝယ်ဒီဝယ်နဲ့ အကြောက်တရားတွေကြီးစိုးနေတယ်။

ဒီနေ့ကစပြီး စစ်အစိုးရက ပြောင်းလဲမှုဗျူဟာတွေစတင်တော့တယ်။ နာမည်ကြီးလူတွေရဲ့ဖေ့စ်ဘုတ်ပေ့ချ် တွေ၊ အထင်ကရဖေ့စ်ဘုတ်စာမျက်နှာတွေကို အပိုင်ယူလိုက်တာမျိုးတွေစလုပ်တယ်။ လွှတ်တော်တက် မယ့်ကိုယ်စားလှယ်တွေက နေပြည်တော်၊ စည်ပင်ရိပ်သာမှာပိတ်မိနေတော့ သူတို့ကိုစိုးရိမ်သူတွေလည်း များလာတယ်။ နေ့လည်ပိုင်းမှာတော့ သူတို့တွေ ဘေးမသီရန်မခဘဲရှိနေတယ်လို့ ဖေ့စ်ဘုတ်မှာတင်ကြ တာ သက်ပြင်းသဲ့သဲ့လေးချနိုင်တယ်။ အာဏာသိမ်းပြီး ၉ နာရီအတွင်းမှာ တပ်မတော်ကထုတ်ပြန်ချက် ၁၅ ခုထုတ်ခဲ့တယ်။ ထုတ်ပြန်ချက်တိုင်းဟာ ပြည်သူတွေအတွက်စိတ်ချမ်းသာစရာတစ်ခုမှမရှိခဲ့ဘူး။ တစ် နှစ်အတွင်းရွေးကောက်ပွဲပြန်ကျင်းပပေးမယ်ဆိုတဲ့စကားကိုတော့ အနာဆုံးပဲ။ သူတို့ကလူလိမ်တွေလေ။ စစ်အစိုးရရဲ့ပါတီ (စစ်တပ်ကနေအငြိမ်းစားယူပြီးလူတွေဟာ အဲဒီပါတီကိုပဲဝင်ပြီးနိုင်ငံရေးလုပ်လေ့ရှိပါ တယ်။) ဖြစ်တဲ့ ကြံ့ဖွတ်မနိုင်မချင်း ဉာဏ်နီဉာဏ်နက်တွေသုံးပြီးကျင်းပနေတော့မှာလား။ ဘယ်တုန်း ကရော နိုင်ဖူးလို့လဲ။ မတရားသဖြင့်ပဲ လက်နက်အားကိုးနဲ့ တိုင်းပြည်ကိုယူခဲ့ကြတာပဲလေ။

၂ ရက် ၂ လ ၂၀၂၁ ည (၈) နာရီကစလို့ သံပုံးတီးကမ်ပိန်းစကြတယ်။ စစ်အာဏာသိမ်းအစိုးရကိုသံပုံးတီး ပြီး ဆန္ဒပြထုတ်ဖော်ကန့်ကွက်ကြတာပါ။ အိမ်မှာရှိတဲ့ ဒန်အိုး၊ ဒန်ခွက်၊ စတီးအိုးမှန်သမျှကိုတီးပြီး စစ်အ စိုးရကိုနှင်ထုတ်ဖို့ ပြည်သူတွေညီကြတယ်။ ည ၈ နာရီမှာ သံပုံးသံတွေညံလို့။

နိုင်ငံပိုင်သတင်းစာက ပုံစံပြောင်းသွားတယ်။ ဝါဒဖြန့်တဲ့စာတွေပါလာတယ်။

အရင်လို ကိုယ်မကျေနပ်တာကိုပွင့်ပွင့်လင်းလင်းပြောလို့မရတော့ဘူးဆိုတဲ့အသိဝင်လာတယ်။ ကျွန်တော် တို့ငယ်ငယ်တုန်းကလိုပဲလေ။ သတင်းစာမှာပါလာတာကိုအဟုတ်ထင်ခဲ့တယ်။ ကျွန်တော် အလယ်တန်း ကျောင်းသားဘဝတုန်းက ကွန်ပျုတာဆိုတဲ့စကားလုံးကြီးကိုရင်းနှီးတယ်။ အဲဒီကွန်ပျုတာကို ကျောင်းရဲ့ အခန်းတစ်ခန်းမှာ ပြောင်လက်ရှင်းသန့် ဖုန်တစ်စက်မပေအောင်ထားပြီး ဘယ်ကျောင်းသားမှ မထိရမ ကိုင်ရဘူး။ အဲ ဒါပေမဲ့ ကျောင်းအုပ်ဆရာကြီးရဲ့သားတော်စပ်တဲ့သူ၊ တူ၊ တူမတော်စပ်သူအမျိုးတွေရှိခဲ့ရင် တော့ သူတို့ကိုင်လို့ရတယ်။

စစ်ယူနီဖောင်းဝတ်တွေက ကျောင်းကိုတစ်ခါတစ်ရံလာလေ့ရှိတယ်။ တစ်နှစ်ကိုတစ်ခေါက်နှစ်ခေါက် လောက်ပေါ့။ သူတို့က ကျောင်းရဲ့တိုးတက်မှုအခြေအနေကိုလာကြည့်တာလို့ဆိုတယ်။ အဲဒီစစ်ယူနီ ဖောင်းဝတ်တွေလာတော့မယ်ဆိုရင် တစ်ကျောင်းလုံးအလုပ်ရှုပ်ကြပြီ။ ကျောင်းရံပုံငွေနဲ့ဝယ်ထားတဲ့ ကော်ဇောနီတွေခင်းရတယ်၊ ပန်းအလှပြင်ရတယ်၊ အမှိုက်တွေရှင်းကြရတယ်၊ သော့ခတ်ထားတဲ့ကွန်ပျု တာခန်းကိုဖွင့်ပြီး ပြောင်လက်နေတဲ့ဖုန်တွေကို ပိုပြီးသန့်အောင်သန့်ရှင်းရေးလုပ်ကြရတယ်။ သူတို့တွေ လာတဲ့နေမှာတော့ တစ်ကျောင်းလုံးက ကျောင်းသားတွေဟာ ကိုယ့်ဆီမှာရှိတဲ့အကောင်းဆုံးအဖြူအစိမ်း ဝတ်စုံကိုဝတ်ပြီး ကျောင်းအပေါက်ဝကနေစလို့ သူလျှောက်မယ့်လမ်းကြောင်းတစ်လျှောက်မှာမတ်တပ် ရပ်ပြီးဆီးကြိုရတယ်။ သူလာတဲ့အခါ လက်အုပ်ကလေးချီလို့ သူ့ကို “မင်္ဂလာပါဘဘကြီး၊ ကျန်းမာပါစေ ဘဘကြီး” ဆိုပြီးဆုတောင်းပေးကြရတယ်။ သူက ပြုံးပြုံးကြီးကြည့်ပြီး တာ့တာပြ၊ ကော်ဇောနီပေါ်ကို လျှောက်တယ်။ ကျောင်းအုပ်ဆရာကြီးက ခရီးဦးကြိုပြီး သူ့ကိုအကောင်းဆုံးစားစရာတွေနဲ့တည်ခင်းဧည့် ခံမယ်။

ဆရာ၊ ဆရာမတွေက သူ့ဘေးနားမှာ ခန္ဓာကိုယ်ကျုံ့ကျုံ့ကလေးနဲ့သူလိုချင်တာကိုဝန်ဆောင်မှုပေးဖို့အ ဆင်သင့်ရှိနေကြတယ်။ ပြီးရင် တစ်ကျောင်းလုံးရဲ့အသန့်ရှင်းဆုံး ကွန်ပျုတာအခန်းရှိရာဆီကို သူသွား တော့တယ်။ အဲဒီမှာ ကျောင်းအုပ်ဆရာကြီးနဲ့ အမျိုးတော်စပ်တဲ့ကျောင်းသားကျောင်းသူ ဒါမှမဟုတ် ဆ ရာ၊ ဆရာမ သားသမီးတစ်ယောက်က ကွန်ပျုတာမောက်စ်ကိုကိုင်ပြီး ဟိုရွှေ့ဒီရွှေ့လုပ်ပြမယ်။ ဒါကဒီ ကျောင်းရဲ့မာလ်တီမီဒီယာခန်းဖြစ်တယ်၊ ကျောင်းဖွင့်ရက်တိုင်းကျောင်းသား၊ ကျောင်းသူတွေလေ့ကျင့် ကြလို့ ကွန်ပျုတာကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ပါပြီ။ ကျောင်းမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေ နည်းပညာနဲ့အလှမ်းမဝေးဘူး စသည်ဖြင့် အလွတ်ကျက်ထားတဲ့စကားလုံးတွေ (အဲဒီစကားလုံးတွေကို ဆ ရာမနဲ့တိုင်ပင်ပြီးကြိုရေးထားတာ) ကို ဘဘဗိုလ်ချုပ်ကြီးတို့ ဘဘဗိုလ်မှူးကြီးတို့ကို ဆရာမရဲ့သားတစ် ယောက်ကရွတ်ပြမယ်။ ဘဘဗိုလ်ကြီးတွေက ပြုံးပြုံးကြီးနပ်ကျေနပ်မယ်။ အဲဒါကို ကင်မရာသမားကအမိ အရဓါတ်ပုံရိုက်ပြီးနောက်နေ့သတင်းစာမှာ ပြူးနေအောင်ထည့်မယ်။ ဇာတ်လမ်းကတော့အဲဒီလိုပါပဲ။

ငယ်ငယ်တုန်းကတော့ ဘာကြောင့် အဲလိုအပိုတွေလုပ်ရတာလဲနားမလည်ပေမယ့် အဖေကတော့ အဲဒီလို လုပ်ပြီး နိုင်ငံတိုးတက်နေကြောင်းကို နိုင်ငံတကာမှပြသပြီးကြွားကြတာတဲ့လေ။ ကျွန်တော်တော့သိပ်နား မလည်တတ်ခဲ့ပါဘူး။ ယူနီဖောင်းဝတ်လူတွေဟာ ကြောက်စရာသတ္တဝါအနေနဲ့ပဲတောက်လျှောက်မြင်နေ မိတာပါပဲ။

အခုရော အဲဒီလိုဘဝမျိုးကနေလွတ်မြောက်ဖို့ကျွန်တော့်မှာမျှော်လင့်ချက်ရှိသလား၊ ကျွန်တော့်မျိုးဆက် မှာရော မျှော်လင့်ချက်ရှိလားမရေရာတော့ဘူး။

ဒီနေ့ည ကျွန်တော်အပါအဝင် ကျွန်တော့်တစ်မိသားစုလုံးကောင်းကောင်းအိပ်မပျော်ဘူး။ ကျွန်တော်တို့မဲ ပေးခဲ့တာ စစ်အာဏာသိမ်းဖို့မှမဟုတ်တာလေဗျာ။

>>>>> 

Related Posts

အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)

December 6, 2025

မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့​​စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။

အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၅၊ ၂၀၂၅။ (သောကြာ)

December 5, 2025

စစ်ကော်မရှင်ကအသဲအသန်အလိုရှိနေတဲ့လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းနဲ့အခြားသပိတ်ခေါင်းဆောင်နှစ်ဦးဟာဒီနေ့မနက်အစောပိုင်းမှာမန္တလေးမြို့ရဲ့လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့စျေးချိုတော်မှာလက်ကမ်းစာစောင်တွေကြဲပြီးလျက်တပြတ်ဆန္ဒပြခဲ့ပါတယ်။သူတို့ဟာအချိန်တိုလေးအတွင်းမှာပဲစစ်ကောင်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြရန်၊လာမယ့်ဒီဇင်ဘာလ၁၀ရက်နေ့မှပြုလုပ်မယ့်အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ပေးကြဖို့ပြောသွားတယ်။ ဒေါက်တာတေဇာဆန်းဟာနာမည်ကြီးသပိ​တ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီးအရင်ကလဲမန္တလေးမြို့ထဲထိဝင်ကာဆန္ဒပြခဲ့ဖူးတယ်။စစ်ကော်မရှင်ကအပြည့်အဝထိန်းချုပ်ထားတဲ့​မန္တလေးလိုမြို့လည်ခေါင်မှာဆန္ဒပြရဲတဲ့သတ္တိကတော့လေးစားစရာပဲ။

အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၄၊ ၂၀၂၅။ (ကြာသပတေး)

December 4, 2025

TNLA စစ်ဦးစီးချုပ်ကမိုးမိတ်နဲ့မိုးကုတ်မြို့တွေကိုစစ်ကော်မရှင်ထံပြန်ပေးရတဲ့အတွက်အကြောင်းပြချက်တွေနဲ့တကွဆိုရှယ်မီဒီယာမှတဆင့်ပြည်သူကိုတောင်းပန်စကားဆိုပါတယ်။သူပေးတဲ့အကြောင်းပြချက်တွေထဲမှာတရုတ်ဖိအားတွေ၊လူအင်အားလက်နက်အင်အားနည်းပါးလာတာတွေ၊လက်နက်အကြွေးဒေါ်လာဘီလီယံနဲ့ချီပြီးတင်နေတာတွေပါဝင်တယ်။ဒါပေမယ့်မိုးကုတ်မြို့ကတွင်းထွက်ရတနာတွေကိုဂေါက်ကွင်းပါမချန်တူးဖော်ပြီးဒေါ်လာသန်းပေါင်းများစွာရရှိသွားတဲ့အကြောင်းတော့ထည့်မပြောသွားပါဘူး။ TLNA စစ်ဦးစီးချုပ်ရဲ့စကားတွေမှာပြည်သူတွေကျေနပ်စေမယ့်အချက်တွေလဲမပါဝင်ခဲ့ပါဘူး။TLNAဟာတရုတ်ရဲ့ဖိအားကြောင့်စစ်ကော်မရှင်နဲ့အပစ်ရပ်ခဲ့တာကိုပြည်သူတွေနားလည်ပေးခဲ့တယ်။မိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုပြန်ပေးဖို့သဘောတူခဲ့တဲ့အထိနားလည်ပေးခဲ့တယ်။ဒါပေမယ့်ထိုမြို့တွေကိုNUGလက်အောက်ခံPDFတပ်တွေအစွမ်းကုန်ကာကွယ်သွားမယ်လို့ထုတ်ပြန်ပြီးချိန်မှာTLNAကိုယ်တိုင်စစ်တပ်​ကိုခေါ်သွင်းလာတဲ့အချက်ကိုတော့ဘယ်လိုမှနားလည်ပေးလို့မရပါဘူး။ထိုအချက်နဲ့ပတ်သက်ပြီးTLNAစစ်ဦးစီးချုပ်ကဘာဖြေရှင်းချက်မှပေးမသွားပါဘူး။ဒါ့ကြောင့်သူတို့ဘာပဲပြောပြောသူတို့လုပ်ရပ်တွေကိုသမိုင်းမှာမှတ်တမ်းတင်သွားမှာပါ။

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English