LATEST STORIES

ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲနေပြီး ထွက်ပြေးသော ပြည်သူအုပ်စုလိုက်ကို လေယာဉ်ပေါ်မှ ပစ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် ဖြင့် ဗုံးကျဲမီးရှို့နေကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။ ယနေ့ ဇူလိုင်လ ၁၇ ရက် နံနက် ၁၁ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် ဖြင့် တကန်သာကျေးရွာအပါအဝင်အနီးနားရှိကျေးရွာများကို...

Read moreDetails

ဇူလိုင် ၁၅၊ ၂၀၂၃။ (စနေ)

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီတွေ့ဆုံခွင့်ပေးတဲ့အကြောင်းဆက်ပြောရရင်အရင်ကတည်းကပြောခဲ့သလို့စစ်ကောင်စီဟာသူတို့ထွက်ပေါက်ပိတ်‌နေချိန်မှာဒေါ်အောင်ဆန်းစုကြည်ကိုထုတ်သုံးတဲ့သဘောပဲ။သူတို့ဟာဒေါ်အောင်ဆန်းစုကြည်ကိုNUGနဲ့PDFကိုမထောက်ခံပါဘူးလို့ပြောစေချင်တယ်။ဒါမှလဲတော်လှန်ရေးကိုသွေးခွဲလို့ရမှာကိုး။အခုလဲဒေါ်အောင်ဆန်းစုကြည်ကNUGနဲ့PDFကိုမထောက်ခံဘူးလို့ဝါဒဖြန့်ချီနေတာတွေ့ရတယ်။ဒါပေမယ့်သူတို့မှာသက်သေခိုင်ခိုင်မာမာမရှိဘူး။ဒေါ်အောင်ဆန်းစုကြည်သာတကယ်ထိုကဲ့သို့ပြောခဲ့ရင်ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံတဲ့အချိန်မှာပြောခဲ့တဲ့မှတ်တမ်းကိုထုတ်ပြနိုင်ရမှာပေါ့။အမေစုကပြင်ပကအခြေအနေအမှန်ကိုမသိပဲဘာမှတ်ချက်မှမပေးမှာသေချာတယ်။စစ်ကောင်စီရဲ့ပြောစကားတွေအားလုံးဟာမိုးလုံးပြည့်မှုသာဝါဒတွေပဲ။

Read moreDetails

ဇူလိုင် ၁၄၊ ၂၀၂၃။ (သောကြာ)

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုဒေါ်အောင်ဆန်းစုကြည်နဲ့နေပြည်တော်မှာတွေ့ဆုံခွင့်ပေးခဲ့တယ်လို့စစ်ကောင်စီကဝန်ခံလိုက်တယ်။စစ်ကောင်စီဟာဒေါ်အောင်ဆန်းစုကြည်ကိုUNကိုယ်စားလှယ်နဲ့ရော၊အာဆီယံကိုယ်စားလှယ်ရော၊တရုတ်နဲ့ရုရှားတို့အပါအဝင်မည်သည့်နိုင်ငံသို့မဟုတ်အဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့တောက်လျောက်တွေ့ခွင့်မပေးပဲယခုထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုသာပထမဆုံးကိုယ်စားလှယ်အဖြစ်တွေ့ဆုံခွင့်ပေးခဲ့တယ်။ဒါကိုကြည့်ခြင်းအားဖြင့်စစ်ကောင်စီဟာထိုင်းအစိုးရကိုတရုတ်၊ရုရှားကိုကျော်ပြီးအယုံကြည်ရဆုံးမိတ်ဆွေအဖြစ်သတ်မှတ်လိုက်တာပဲ။ ထိုင်းစစ်တပ်ကျောထောက်နောက်ခံထားတဲ့ထိုင်းအစိုးရဲ့လုပ်ဆောင်ချက်တွေဟာလဲမြန်မာပြည်သူတွေအတွက်ရုပ်ပျက်လွန်းတယ်။စစ်ကောင်စီကိုအကြိမ်ကြိမ်အသိအမှတ်ပြုကူညီပေးခဲ့တယ်။အာဆီယံသဘောတူညီချက်ကိုဆန့်ကျင်ကာစစ်ကောင်စီကိုဖိတ်ကြားပြီးအလွတ်သဘောဆွေးနွေးပွဲဟုခေါင်းစဉ်တပ်ထားတဲ့ပွဲမျိုးနှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့တယ်။အခုလဲထိုင်းရွှေးကောက်ပွဲပြီးနောက်အစိုးရနေရာကဖယ်ပေးရတော့မယ့်အချိန်မတိုင်ခင်လေးမှာစစ်ကောင်စီကိုရသလောက်ကူညီပေးနေတာပဲ။မြန်မာပြည်ဒီမိုကရေစီရသွားမှာသူတို့အရမ်းကြောက်နေတယ်။သူတို့နိုင်ငံမှာလဲမနေ့ကဝန်ကြီးချုပ်ရွှေးပွဲပြုလုပ်တော့ဒီမိုကရေစီအင်အားစုခေါင်းဆောင်ဖိထာကိုမဲမနိုင်အောင်ထိုင်းစစ်တပ်ကခန့်အပ်ထားတဲ့လွတ်တော်အမတ်တွေကဝိုင်းညစ်ခဲ့ကြတယ်။ထိုင်းနိုင်ငံမှာလဲဒီမိုကရေစီအင်အားစုတွေရွေးကောက်ပွဲမှာမဲအပြတ်အသတ်နိုင်ခဲ့ပေးမယ့်ဝန်ကြီးချုပ်တင်မြောက်ပြီးအစိုးရဖွဲ့နိုင်ဖို့ကအခြေအနေမကောင်းသေးပါဘူး။ထိုင်းစစ်တပ်ကကန့်လန့်တိုက်နေတယ်။သူတို့အခြေအနေမကောင်းသမျှမြန်မာ့ဒီမိုကရေစီးအဆင်မပြေနိုင်သေးဘူး။

Read moreDetails

ဇူလိုင် ၁၃၊ ၂၀၂၃။ (ကြာသပတေး)

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့ကနေပြည်တော်ကိုတိတ်တဆိတ်လာရောက်ပြီးမတရားဖမ်းဆီးအကျဉ်းချခံနေရတဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရသွားတယ်လို့ထိုင်းအစိုးရကထုတ်ပြန်လိုက်တယ်။တနာရီကျော်ကြာတွေ့ဆုံခွင့်ရလိုက်ပြီးဘာတွေဆွေးနွေးသွားတယ်ဆိုတာတော့မပြောသေးဘူး။ဒါပေမယ့်ထိုင်းမီဒီယာတစ်ခုကတော့ဒေါ်အောင်ဆန်းစုကြည်ဟာNUGနဲ့PDFကိုမထောက်ခံဘူးလို့ဖော်ပြထားတာတွေ့ရတယ်။ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်တော့ထိုကဲ့သို့ပြောသံမကြားသေးဘူး။ တကယ်ဆိုရင်ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ပြောလဲဒေါ်အောင်ဆန်းစုကြည်အကျဉ်းချခံထားရတဲ့အခြေအနေမှာယုံကြည်ရတဲ့အနေအထားမှာမရှိပဲသူ့ရဲ့တဖက်သတ်ပြောဆိုချက်သာဖြစ်နေမှာပဲ။ထိုသတင်းနဲ့ပတ်သက်ပြီးNUGကတော့ထိုတွေ့ဆုံမှုဟာတရားဝင်ခြင်းမရှိလို့တုန့်ပြန်ထားပြီးစစ်ကောင်စီဖက်ကတော့တစုံတရာမပြောသေးဘူး။

Read moreDetails

ဇူလိုင် ၁၂၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

‌ကျပ်ငွေတန်ဖိုးကျဆင်းပြီးနိုင်ငံခြားငွေဈေးမြင့်မားနေတာကြောင့်အခြားကုန်ပစ္စည်းပေါင်းများစွာနဲ့အတူအိမ်သုံးဆေးဝါးဈေးနှုန်းတွေလဲဆက်တိုက်မြင့်တက်လာတယ်။လူသုံးများတဲ့အဖျားပျောက်ဆေးတကဒ်ကိုအရင်က၅၀၀ကျပ်သာရှိခဲ့ရာမှအခုဆို၁၂၀၀ကျပ်လောက်ထိဖြစ်နေပြီ။ဒါဟာအိမ်သုံးဆေးဝါးအပိုင်းသာရှိသေးပြီးနာတာရှည်လူနာများအတွက်ဆိုရင်ရေရှည်ဆေးဝါးရရှိဝယ်ယူနိုင်စွမ်းမှာအခက်အခဲတွေဖြစ်လာနိုင်တယ်။မြန်မာ့ဆေးဝါးဈေးကွက်ဟာပြည်ပမှတင်သွင်းတဲ့ဆေးဝါးများကို၈၀ရာခိုင်နှုန်းမှီခိုနေရတာကြောင့်အခုလိုမြင့်တက်လာတာဖြစ်တယ်။ဆေးဝါးဆိုတာကမရှိမဖြစ်ကုန်ပစ္စည်းတစ်ခုဖြစ်တာကြောင်းအခုလိုဈေးတွေဆက်တက်နေမယ်ဆိုရင်ပြည်သူတွေလဲဆေးမကုနိုင်ပဲအသေခံဖို့သာရှိတော့တယ်။

Read moreDetails

လိုင်ဇာအနီးက စစ်ရိပ်စစ်ငွေ့များ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လဆန်းတွင် ကချင်ပြည်နယ် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း ဗန်းမော်၊ ဆဒုံးဒေသတွင် စစ်ရိပ်စစ်ငွေ့များဖြင့် စစ်သံပေးလာသည်ကို တွေ့ရ၏။ ၂၀၁၁ ခုနှစ်မှ ပြန်လည်စတင်ခဲ့သည့် ကချင်ပြည်နယ် တကျော့ပြန်စစ်ပွဲသည် ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားခဲ့၏။...

Read moreDetails

ဇူလိုင် ၁၁၊ ၂၀၂၃။ (အင်္ဂါ)

ကချင်ပြည်နယ်ကေအိုင်ကေဌာနချုပ်လိုင်ဇာမြို့အနီးမှာစစ်ကောင်စီတွေအမြားအပြားထပ်မံရောက်ရှိနေယ်။တပ်ရင်း၁၀ရင်းစာစုစုပေါင်းအင်အား၁၀၀၀ကျော်ခန့်ရှိနေပြီးတချို့တောထဲမှာတပ်ဖျောက်ထားတယ်။ဒါဟာ၂၀၂၁ခုနှစ်ကအလော့ဘွမ်တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ကချင်ပြည်နယ်မှာစစ်တပ်ကအေအိုင်အေနဲ့ဒုတိယအကြိမ်အင်အားထောင်ကျော်နဲ့ထိပ်တိုက်ရင်ဆိုင်ထားတာပဲ။ခုချိန်ထိကချင်ပြည်နယ်တခြားဒေသကအင်းအားတွေဆက်လက်ဝင်ရောက်နေတယ်။တိုက်ပွဲကြီးတွေမဖြစ်သေးပေမယ့်အင်းအားဖြည့်‌နေတဲ့စစ်ကောင်စီတပ်တွေကိုကြားဖြတ်တိုက်ခိုက်တဲ့တိုက်ပွဲတွေတော့ဖြစ်နေပြီ။ထို‌ဒေသကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်ချင်တာဟာလိုင်ဇာကိုသိမ်းဖို့ထပ်စစ်ကိုင်းတိုင်းနဲ့‌ကေအိုင်အေကြားကလမ်းကြောင်းကိုဖြတ်တောက်ဖို့ဖြစ်နိုင်တယ်လို့စစ်ရေးကျွမ်းကျင်သူတွေကသုံးသပ်ထားကြတယ်။

Read moreDetails

ဇူလိုင် ၁၀၊ ၂၀၂၃။ (တနင်္လာ)

ဒိုက်ဦးအကျဉ်းထောင်မှာအာဏာပိုင်တွေက နိုင်ငံရေး အကျဉ်းသားတွေကို ပြင်ပခေါ်ထုတ်ပြီး နှိပ်စက်သတ်ဖြတ်မှုတွေကျူးလွန်နေတယ်။ နိုင်ငံရေး အကျဉ်းသား လေးဆယ်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ခေါ်ထုတ်သွားပြီးနောက် အဲဒီသူတွေထဲကအများအပြားသတ်ဖြတ်ခံရတယ်လို့ သတင်းတွေပေါ်ထွက်နေတယ်။အတိအကျသိရတော့၅ဦးလောက်ရှိနေပြီ။ သူတို့ကို ဒိုက်ဦးအကျဉ်းထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့စဉ် လမ်းခရီးမှာ မော်တော်ယာဉ် တိမ်းမှောက်မှုကို အခွင့်ယူထွက်ပြေးတဲ့အတွက်...

Read moreDetails

ဇူလိုင် ၀၉၊ ၂၀၂၃။ (တနင်္ဂနွေ)

အကြမ်းဖက်စစ်ကောင်စီက စီးပွားရေးပိတ်ဆို့မှုများကြောင့် အမေရိကန်ဒေါ်လာ ပြတ်လပ်နေသည့်အတွက် သွင်းကုန်တင်သွင်းမှုအများစုကို ပိတ်ပင်မည်ဖြစ်ပြီး စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းမှုကိုလည်း အကြီးအကျယ်လျှော့ချမယ်လို့သိရတယ်။အခုနောက်ဆုံး ချမှတ်လိုက်တဲ့ ဘဏ်တွေအပေါ် စီးပွားရေးပိတ်ဆို့မှုကြောင့် ဒေါ်လာ အဝင်အထွက် အလွန်ခက်ခဲနေပြီးစစ်ကောင်စီဟာ ဒေါ်လာ ပြတ်လပ်လာတယ်။ဒါကြောင့်အမေရိကန်ဒေါ်လာ မပြတ်လပ်စေဖို့အတွက် သွင်းကုန်သမားတွေေ...

Read moreDetails

ဇူလိုင် ၀၈၊ ၂၀၂၃။ (စနေ)

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ထဲမှာဈေးရောင်းဖို့မနက်စောစောထွက်လာတဲ့ဈေးသယ်၇ဦးကိုစစ်သူပုန်တွေကလမ်းမှာပဲပစ်သတ်ခဲ့တယ်။ပစ်သတ်ခံရတဲ့သူတွေဟာသာမာန်ဈေးသည်တွေသာဖြစ်ပြီးကားပေါ်မှာဈေးရောင်းရမယ့်ပစ္စည်းတွေပါလာသေးတယ်။ဒါကိုစစ်သူပုန်တွေကအကြောင်းမဲ့ရက်ရက်စက်စက်ပစ်သတ်သွားတာပါ။ပစ်သတ်ခံရတဲ့ဓာတ်ပုံတွေကိုကြည့်ရတာရင်ထဲဘယ်လိုမှနေလို့မကောင်းဘူး။ဒီလိုအပစ်မဲ့ပြည်သူတွေကိုအကြောင်းပြချက်မရှိထင်သလိုသတ်ဖြတ်နေတဲ့စစ်အုပ်စုဟာအခုချိန်ထိပန်းပန်လျက်ရှိနေတာကိုလဲအံဩလို့မဆုံးဘူး။ထိုစစ်သူပုန်စစ်ကြောင်းဟာပြည်သူ၁၄ဦးကိုလဲလူသားဒိုင်းအဖြစ်ဖမ်းခေါ်သွားသေးတယ်။လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားခြင်းခံရတဲ့ပြည်သူတွေရဲ့အသက်ဟာလဲအာမခံချက်မရှိဘူး။သူတို့လိုရာရောက်ရင်မထင်ရင်မထင်သလိုပစ်သတ်ခဲ့သေးတယ်။ဒီလိုယုတ်မာရက်စက်တဲ့စစ်ခွေးတွေကိုဘယ်ဘုရားမှပစ်ဒဏ်မခတ်ကြတော့ဘူးလား။

Read moreDetails
Page 99 of 236 1 98 99 100 236

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist