LATEST STORIES

နိုဝင်ဘာ ၂၉၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

အမျိုးသားညီညွတ်ရေးအစိုးရNUGကဒီလထဲမှာပဲတော်လှန်ရေးရန်ပုံငွေအတွက်နွေဦးဘဏ်အစုရှယ်ယာတွေရောင်းချခဲ့ပါတယ်။ထိုရောင်းချမှုဟာသတ်မှတ်ရက် မတိုင်ခင်မှာပဲ အမေရိကန် ဒေါ်လာ ၁၀ သန်း ပြည့်မြောက်ခဲ့ပြီလို့ဂုဏ်ယူဝမ်းမြောက်စွာအသိပေးကြေညာကြောင်းဒီနေ့ထုတ်ပြန်ပါတယ်။ဒီအောင်မြင်မှုဟာနွေဦးတော်လှန်ရေးကိုယုံကြည်သက်ဝင်တဲ့ပြည်သူလူထုရဲ့စိတ်ပိုင်းဖြတ်မှုနဲ့တခဲနက်ယုံကြည်ထောက်ခံမှုကို နွေဦးဘဏ်ကတဆင့် သမိုင်းဝင် သက်သေပြလိုက်တာပဲ။နွေဦးဘဏ် ရှယ်ယာ​တွေဟာ ​တော်လှန်​ရေးပြီးရင်မြတ်မှာ​သေချာတဲ့အတွက် ​တော်လှန်​ရေးအတွက်လည်းပံ့ပိုးပြီးသားဖြစ်သလို ၊ရင်းနှီးမြှပ်နှံမှု ​ကောင်းလည်းဖြစ်တာကြောင့်ပြည်သူတွေကအလုအယက်ဝယ်ယူခဲ့ကြတယ်။ထိုငွေတွေကိုလက်ရှိတော်လှန်ရေးကာလစစ်ရေးဆိုင်ရာကိစ္စတွေမှာအရေးပေါ်လိုအပ်တဲ့အသုံးစားရိတ်မျိုးတွင်အသုံးပြုသွားမှာဖြစ်တယ်လို့NUGကပြောထားတယ်။ စစ်ဆင်ရေးတွေအကြောင်းကိုဆက်ရရင်ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ရေဇွာမြို့ကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက နံနက်ပိုင်းတွင်...

Read moreDetails

အရှုံးကို ရင်ဆိုင် အာဏာစွန့်ချိန်တန်ပြီ စစ်ကောင်စီ

“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တစ်လပြည့်ပြီ ဖြစ်သည်။ ထိုစစ်ဆင်ရေး စတင်ချိန်မှ နိုင်ငံအရှေ့မြောက်ဒေသတစ်ခွင်သာမက နိုင်ငံအနှံ့ တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့များ၏ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများ နေ့စဉ်နေ့တိုင်း အရေးနိမ့် စွန့်ခွာနေရပြီး၊...

Read moreDetails

နိုဝင်ဘာ ၂၈၊ ၂၀၂၃။ (အင်္ဂါ)

စစ်ကိုင်တိုင်းကောလင်းမြို့အထက်ဘက်ကထီးချိုင့်မြို့ကိုတော်လှန်ရေးအဖွဲ့တွေပီးခဲ့တဲ့ရက်သတ်တပတ်တွေကတည်းကတိုက်ခိုက်နေပေမယ့်အခုထိမရသေးပါဘူး။စစ်ကောင်စီတပ်တွေကထီးချိုင့်မြို့ပေါ်ကအမြင့်ဆုံးဘုရားကုန်းပေါ်ကနေအပြင်းအထန်ခုခံနေတယ်။ဒါ့အပြင်စစ်သူပုန်တွေဟာမြို့ပေါ်ရပ်ကွက်အတော်များများကအိမ်တွေကိုမီးရှို့ဖျက်စီးထားတာကြောင့်မြို့တဝက်လောက်ကပြာကျနေပါပြီ။ဟိုတရက်ကလဲမြို့ပေါ်ကပြည်သူလူထုအိမ်တွေကိုမီးလိုက်ရှို့နေတဲ့စစ်သူပုန်တချို့ကိုတော်လှန်ရေးအဖွဲ့တွေကဖမ်းဆီးရမိသေးတယ်။စစ်ကိုင်းတိုင်းအထက်ပိုင်းကမြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးတွေဟာကောလင်းနဲ့ခမ်းပတ်ကိုသိမ်းပိုက်ပီးနောက်ထီးချိုင့်မြို့မှာတစ်နေသလိုဖြစ်နေတယ်။ ဒီနေ့မှာလဲစစ်ကိုင်းတိုင်းအလယ်ပိုင်းကတန့်ဆည်မြို့ကိုတော်လှန်ရေးအဖွဲ့ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်။မြို့ပေါ်မှာစစ်သူပုန်တွေတပ်စွဲထားတဲ့နေရာအားလုံးကိုသိမ်းပိုက်မိပေမယ့်မထိန်းနိုင်ပဲပြန်လည်ဆုတ်ခွာရတယ်။တန့်ဆည်မြို့ပတ်ဝန်းကျင်မှာတော်လှန်ရေးအဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေတွေမရှိသေးပဲစစ်သူပုန်တွေသာရှိနေတယ်လေ။ဒါကြောင့်မြို့ကိုရေရှည်ထိန်းနိုင်ဖို့မလွယ်ကူပဲပြန်လည်ဆုတ်ခွာပေးလိုက်ရတာဖြစ်တယ်။တကယ်ဆိုရင်တန့်ဆည်အတွက်သုံးမယ့်အရင်းအမြစ်တွေကိုထီးချိုင့်မှာပုံအောသုံးသင့်တယ်လို့ထင်မိတယ်။စစ်ကိုင်းတိုင်းအထက်ပိုင်းကိုကောင်းကောင်းထိန်းချုပ်နိုင်ရင်တန့်ဆည်ရှိတဲ့စစ်ကိုင်းတိုင်းအလယ်ပိုင်းကိုစစ်ဆင်ရေးကအချိန်တန်ရောက်လာမှာပဲလေ။အခုတော့အချိန်မတန်ခင်သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက်ဘာမှအဖတ်မတင်သလိုဖြစ်သွားတာပေါ့။

Read moreDetails

နိုဝင်ဘာ ၂၇၊ ၂၀၂၃။ (တနင်္လာ)

၁၀၂၇စစ်ဆင်ရေးစတင်ခဲ့တာဒီနေ့ဆိုတစ်လတိတိရှိလာပါပြီ။မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာအရှိန်အဟုန်ပြင်းပြင်းနဲ့ထိုးစစ်ဆင်လာတာဟာတစ်လပြည့်တဲ့အချိန်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးကိုကောင်းကောင်းထိန်းချုပ်နိုင်တဲ့အခြေအနေတစ်ခုဖြစ်လာပါပြီ။စစ်ကောင်စီတပ်စခန်းပေါင်း၂၂၆ခုအထိသိမ်းပိုက်ထားနိုင်ပါပြီ။ဒါ့အပြင်စစ်ပွဲအတွင်းသိမ်းပိုက်သို့မဟုတ်ဖျက်စီးနိုင်တဲ့စစ်ကောင်စီရဲ့သံချပ်ကာကားနဲ့တင့်ကားတွေဟာ၁၂ရှိထိရှိနေတယ်။ကွန်းလုံမှာလဲအတွဲလိုက်ပစ်တဲ့ဒုံးယာဉ်နှစ်စီးသိမ်းပိုက်ရရှိထားတယ်။ရှမ်းမြောက်မှာမြို့၆မြို့အထိသိမ်းပိုက်ထားနိုင်ပီးအဓိကနယ်စပ်မြို့နှစ်ခုဖြစ်တဲ့လောက်ကိုင်နဲ့မူဆယ်ကိုသိမ်းပိုက်နိုင်ရေးဆက်လက်ကြိုးစားလျက်ရှိတယ်။အထက်ပါအချက်အလက်တွေဟာရှမ်းမြောက်ဒေသတစ်ခုထဲအတွက်သာဖြစ်ပြီးတနိုင်ငံလုံးမှာစစ်တပ်ဟာတော်လှန်ရေးအဖွဲ့တွေရဲ့ထိုးစစ်ကိုအသည်းအသန်ခုခံနေရတယ်။မြောက်ပိုင်းသုံးဖွဲ့သိမ်းပိုက်ထားတဲ့ရှမ်းမြောက်ဒေသကိုတော့စစ်ကောင်စီဟာပြန်လည်တိုက်ခိုက်နိုင်ဖို့လုံးဝမဖြစ်နိုင်တော့ပါဘူး။သူတို့ဟာအခုချိန်မှာတော်လှန်ရေးတပ်တွေမြန်မာပြည်အလယ်ပိုင်းကိုရောက်မလာရေးအတွက်ခံစစ်ပြင်နေရပြီ။တလအတွင်းတော်လှန်ရေးတပ်ဖွဲ့တွေတနိုင်လုံးမှာသိမ်းပိုက်ရရှိထားတဲ့မြို့တွေဟာလဲ၁၅မြို့ခန့်အထိရှိလာနေပါပြီ။

Read moreDetails

နိုဝင်ဘာ ၂၆၊ ၂၀၂၃။ (တနင်္ဂနွေ)

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနအာဆီယံအထူးကိုယ်စားလှယ်ရုံးကမြန်မာ့အရေးသက်ဆိုင်သူအားလုံးနဲ့တရားဝင်တွေ့ဆုံနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်လိုက်တယ်။သ်က်ဆိုင်သူတွေလို့ဆိုရာမှာစစ်ကောင်စီ၊NUGနဲ့အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတချို့ပါပါဝင်တယ်လို့ပြောတယ်။အာဆီယံရုံးရဲ့ထုတ်ပြန်ပုံဟာထိုအဖွဲ့တွေအားလုံးစားပွဲဝိုင်းတစ်ခုထဲမှာတွေ့ဆုံ‌နိုင်ခဲ့သလိုမျိုးထုတ်ပြန်ခဲ့ပေမယ့်တကယ်ကသက်ဆိုင်သူတစ်ဦးစီနဲ့သာသီးသန့်စီတွေ့ဆုံခဲ့တာဖြစ်တယ်။ဒါကိုမလိမ့်တပတ်နဲ့အားလုံးပါဝင်နိုင်ခဲ့တဲ့ပုံစံမျိုးသတင်းထုတ်ပြန်သွားတယ်။NUGကလဲစစ်ကောင်စီနဲ့မတွေ့ပါဘူးလို့ချက်ချင်းငြင်းချက်ထုတ်တယ်။ပြည်တွင်းမှာစစ်ရေးအရှိန်တက်နေချိန်မှာအာဆီယံကအလုပ်မဖြစ်တာတွေလာလုပ်နေပြန်ပြီ။အာဆီယံအနေနဲ့အခုချိန်ထိမြန်မာ့အရေးမှာဘာမှမစွမ်းဆောင်နိုင်သေးတာကြောင့်သိက္ခာဆယ်တဲ့အနေနဲ့အခုလိုမျိုးမလိမ့်တပတ်လုပ်နေတာပဲ။စစ်ကောင်စီကိုအပြုတ်ဖြုတ်နေချိန်မှာအားလုံးပါဝင်တဲ့ဆေွးနွေးပွဲဆိုတာမဖြစ်နိုင်တော့ပါဘူး။အာဆီယံကတော့အခုချိန်ထိကယောင်ကတန်းနဲ့စိတ်ကူးယဉ်နေဆဲပဲ။ဒီအချိန်မှာတတိယအဖွဲ့အစည်းတစ်ခုအနေနဲ့ဝင်ရောက်ညှိုနှိုင်းဖို့ကြိုးစားတာဟာစစ်ကောင်စီကိုအသက်ရှုပေါက်ပေးလိုက်တဲ့သဘောပဲ။အာဆီယံအနေနဲ့တော်လှန်ရေးကိုမကူညီချင်နေ၊မနှောက်ယှက်ဖို့လိုလိမ့်မယ်။

Read moreDetails

စစ်ကောင်စီက ရည်ညွှန်းဈေး မြှင့်လိုက်ပြီးနောက် စက်သုံးဆီဈေး ခုန်တက်

စက်သုံးဆီဖြန့်ဖြူးရေးနှင့်ပတ်သက်၍ အာဏာသိမ်းစစ်တပ်က ရည်ညွှန်းလက်လီနှင့် လက်ကားဈေးနှုန်းများ မြှင့်တင်လိုက်ပြီးနောက် ယနေ့ (ဒီဇင်ဘာ ၁) တွင် စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ် ၃၀၀ ကျော်အထိ ခုန်တက်သွားသည်။ စက်သုံးဆီ လက်လီဖြန့်ဖြူးရောင်းချရေးအတွက် အနိမ့်ဆုံးစက်သုံးဆီ အမျိုးအစားဖြစ်သော 92...

Read moreDetails

နိုဝင်ဘာ ၂၅၊ ၂၀၂၃။ (စနေ)

တော်လှန်ရေးအဖွဲ့တွေဟာစစ်ကိုင်းတိုင်းထဲကတတိယမြောက်မြို့အဖြစ်ရွှေပြည်အေးမြို့ကိုထပ်မံသိမ်းယူလိုက်နိုင်တယ်။ရွှေပြည်အေးမြို့ဟာစစ်ကိုင်းတိုင်းအထက်ပိုင်းကမြို့ကြီးတစ်ခုဖြစ်တဲ့ဟုမ္မလင်းမြို့အောက်ဘက်မှာတည်ရှိပြီးတော်လှန်ရေးအဖွဲ့တွေဟာပြီးခဲ့တဲ့နှစ်တုန်းကတစ်ခါသိမ်းပိုက်နိုင်ခဲ့ဘူးတယ်။အဲ့ဒီတုန်းကအခုလိုတနိုင်ငံလုံးမှာတိုက်ပွဲတွေမပြင်းထန်သေးတဲ့အတွက်စစ်တပ်ကအလုံးအရင်းနဲ့ပြန်လည်တိုက်ခိုက်လို့ပြန်ပေးလိုက်ရတယ်။အခုတော့အပြီးသိမ်းနိုင်လိုက်ပါပြီ။ ချင်းပြည်နယ်မှာလဲဒုတိယမြောက်မြို့တစ်ခုကိုထပ်မံသိမ်းပိုက်လိုက်နိုင်တယ်။ချင်းပြည်နယ်တောင်ပိုင်ကလိုင်လင်းပီမြို့လေးပါ။လတ်တလောမှာချင်းပြည်နယ်ထဲကဆက်သွယ်ရေးလမ်းကြောင်းတွေအကုန်လုံးကိုချင်းတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားနိုင်နေပြီလို့သိရတယ်။ဟားခါး၊မင်းတပ်မတူပီစတဲ့မြို့ကြီးတွေကိုဝင်ရောက်သိမ်းပိုက်ဖို့ပဲကျန်တော့တယ်။ထိုမြို့တွေကထိန်းချုပ်နိုင်ရင်အရင်ကပြောခဲ့သလိုပဲချင်းပြည်နယ်ဟာပထဝီအနေအထားအရပထမဆုံးလွတ်မြောက်နယ်မြေတစ်ခုဖြစ်လာလိမ့်မယ်။

Read moreDetails

နိုဝင်ဘာ ၂၄၊ ၂၀၂၃။ (သောကြာ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့မူဆယ်မြို့ပတ်ဝန်းကျင်မှာတိုက်ပွဲတွေတစတစပိုမိုပြင်းထန်လာနေပါတယ်။၊ ဒီနေ့လဲ၁၀၅မိုင်ကုန်သွယ်ရေးဇုန်ကကုန်ကားဝန်းအတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကုန်တင်ယာဉ် အစီး ၁၀၀ နီး ပါး မီးလောင်းကျွမ်းပျက်စီးခဲ့တယ်။ကား၀င်းအတွင်းသို့ လက်နက်ကြီး ငါးလုံးခန့် ကျရောက်ပေါက် ကွဲပြီး ကုန်တင်ယာဉ် ငါး စီးခန့် စတင်မီးလောင်ကျွမ်းခဲ့ရာမှ ကုန်တင်ယာဉ် ရာဂဏန်းအထိ...

Read moreDetails

နိုဝင်ဘာ ၂၃၊ ၂၀၂၃။ (ကြာသပတေး)

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် စတင်ခဲ့သည့် ကိုးကန့်တပ်မတော်(MNDAA) ၊ တအာင်း တပ်မတော်(TNLA) ၊ ရက္ခိုင့်တပ်တော်(AA) ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင် ရေးကို အာဏာသိမ်းစစ်ကောင်စီက တရုတ်ကျူးကျော်စစ်ဟုလူသိရှင်ကြား သတ်မှတ်ပြောဆိုလိုက်တယ်။ နောက်ဆက်တွဲအဖြစ်စစ်ကောင်စီထောက်ခံသူများက တရုတ်ဆန့်ကျင်ဆန္ဒပြမှုများကို မြန်မာနိုင်ငံအနှံ့တွင် ပြုလုပ်လာနေပါတယ်။စစ်ကောင်စီ ထောက်ခံသူများဖြစ်သည့်...

Read moreDetails

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၇ နိုဝင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ဝေလူးကျေးရွာ၊ ရွာအလယ်ကို အကြမ်းဖက်စစ်တပ်က တိုက် လေယာဉ်နှစ်စီးနှင့် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲ ပစ်ခတ်မှုကြောင့် ကလေးငယ် (၈) ယောက် အပါအဝင် ပြည်သူ (၁၁) ယောက် သေဆုံးခဲ့ကြောင်း လူ့အခွင့်ရေးဆိုင်ရာ...

Read moreDetails
Page 86 of 240 1 85 86 87 240

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist