ရှမ်းကယားနယ်စပ်မိုးဗြဲမြို့နယ်မှာဒီနေ့မနက်ပိုင်းကစပြီးတိုက်ပွဲတွေပြန်လည်ပြင်းထန်နေတယ်။မိုးဗြဲကိုလောလောဆယ်မှာစစ်ကောင်စီတပ်တွေထိန်းချုပ်ထားတယ်။အခုလဲစစ်ကောင်စီတပ်တွေလွိုင်ကော်ဖက်ကနေအင်အားထပ်ဖြည့်ထားသေးတယ်။ကယားပြည်နယ်တစ်ခုလုံးနီးပါးကိုစစ်ကောင်စီကမကြာသေးမှီကစစ်အုပ်ချုပ်ရေးကြေငြာခဲ့ပေမယ့်မိုးဗြဲမြို့နယ်တော့မပါသေးပါဘူး။
ထို့အတူကရင်ပြည်နယ်ဝေါလေလမ်းပိုင်းမှာလဲစစ်ရေးတင်းမာမှုတွေပြန်လည်ရှိလာတယ်။နှစ်ဖက်စလုံးကနယ်မြေစိုးမိုးနိုင်ဖို့အရင်ကတည်းကကြိုးစားနေပြီးအခုဆိုရင်ဝေါလေလမ်းမကိုပိတ်ထားလိုက်ပြီ။ထိုဒေသမှာလဲတိုက်ပွဲတွေပြန်ဖြစ်လာမယ့်ပုံပဲ။