စစ်ဖက်ဆိုင်ရာထောက်လှမ်းရေးတပ်ရင်းတစ်ခုမှ ဗိုလ်မှူးသန်းထွဋ်နှင့် အဖွဲ့ဟာ နေပြည်တော်၏ တောင်ဘက် မိုင် ၄၀ ခန့်အကွာ တောင်ငူခရိုင်အတွင်းရှိ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး အနီးတဝိုက်တွင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်။ထိုသူတွေဟာ နာမည်ဆိုးဖြင့် ကျော်ကြားလှသော စစ်ကြောရေးစခန်းများကို အဓိကကြီးကြပ်ပြီး စစ်ကောင်စီကို တော်လှန်နေသော မြို့ပြောက်ကျားများကို ဖိနှိပ်နေတဲ့အဖွဲ့တွေကိုဦးဆောင်သူတွေဖြစ်တယ်။ ထိုထောက်လှမ်းရေးနှစ်ဦးမှာ အရပ်သားနှစ်ဦးနှင့်အတူ သေနတ်ဝယ်ယူရန်ဆိုပြီးPDFအဖွဲ့ဝင်များနှင့်အချိန်းအချက်ပြုခဲ့တယ်။PDFတွေကိုအသွင်ယူပြီးဖမ်းဆီးဖို့စီစဉ်နေစဉ်မှာပြPDFတွေရဲ့လုပ်ကြံခြင်းကိုခံလိုက်ရတယ်။ပြီးတော့သူတို့ဟာမနှစ်ကစစ်တပ်ကကြိုးပေးသတ်ဖြတ်လိုက်သော NLD ပါတီလွှတ်တော်အမတ်၊ ဟစ်ဟော့ပ်အဆိုတော် ကိုဇေယျာသော်ကို ၂၀၀၇ ခုနှစ်တွင် မုံရွာမြို့၌ ဖမ်းဆီးခဲ့သည့် တပ်ဖွဲ့ဖြစ်တယ်လို့သိရတယ်။
ထိုကိစ္စကိုကြည့်ရင် တော်လှန်ရေးရဲ့ အရှိန်အဟုန်နဲ့ Capacity ကို မှန်းဆလို့ရတယ်။ အမြန်လမ်း၁၆၁ မိုင်လိုနေရာမျိုးဆိုတာ နေပြည်တော်နဲ့သိပ်မဝေးလှဘူး။ ဒီလိုနေရာမျိုးမှာဒုဗိုလ်မှူးကြီးဆိုတဲ့ အဆင့်ကို လုပ်ကြံနိုင်ပြီဆိုကတည်းက သူတို့ကိုကောင်းကောင်းခြိမ်းခြောက်နိုင်နေပြီ။
နောက်တစ်ချက်ကသတင်းအချက်အလက်ရယူနိုင်စွမ်းပဲ။သတင်းလုံခြုံရေးအသိရှိတဲ့စစ်ကြောရေးတာဝန်ခံဒုဗိုလ်မှူးကြီးအဆင့်ရဲ့ဒီနေ့ဒီအချိန်ဒီလမ်းကဒီကားနဲ့သွားမယ်ဆိုတဲ့သတင်းကိုအတိအကျရယူနိုင်စွမ်းပေါ့။နောက်ပိုင်းမှာလဲဒီလိုစနစ်ကျတဲ့မစ်ရှင်တွေထွက်ပေါ်လာဖို့မျှော်လင့်တယ်။