ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ဗျူဟာမှူး ဗိုလ်အေဝမ်းရဲ့ အိမ်ကိုစစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံး ၃ လုံးကြဲချသွားတယ်။ ဗုံးဒဏ်ကြောင့် ဒီကေဘီအေတပ်သား၂ဦးဒဏ်ရာရပြီးဗျူဟာမှူးဗိုလ်အေဝမ်းရဲ့နေအိမ်လည်းထိခိုက်ပျက်စီးသွားပါတယ်။လေကြောင်းတိုက်ခိုက်မယ့်သတင်းရထားလို့ DKBA တာဝန်ရှိသူတွေနဲ့ တပ်သားတွေကတော့ ဘေးလွတ်ကင်းရာမှာ အချိန်မီပြောင်းရွှေ့ ရှောင်တိမ်းနိုင်ခဲ့ပြီး DKBA ကားမောင်းသမား နှစ်ယောက်သာ ထိခိုက်ခဲ့တယ်။
(DKBA)ဟာတနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်အန်စီအေမှာပါဝင်လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်သလိုအာဏာသိမ်းပြီးနောက်မှာလည်းစစ်ခေါင်းဆောင်နဲ့နေပြည်တော်မှာဖိတ်ခေါ်တိုင်းသွားရောက်တွေ့ဆုံနေတဲ့အဖွဲ့ဖြစ်တယ်။ဒါပေမဲ့ အောက်ခြေ DKBA တပ်ရင်းတချို့ကတော့ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေတာနဲ့ နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေသူတွေကို ကူညီပေးတာတွေလည်းရှိပြီး အခု ဗိုလ်အေဝမ်းရဲ့တပ်ဟာလည်း စစ်ကောင်စီကို ပြန်တိုက်နေလို့ ဗုံးကြဲခံခဲ့ရတာလို့သိရတယ်။စစ်ကောင်စီကတော့ဒီနှစ်အစမှာပဲတနိုင်ငံလုံးမှာလေကြောင်းတိုက်ခိုက်မှုတွေကိုအရင်ကထပ်သိသိသာသာပိုမိုပြုလုပ်လာတာကိုတွေ့ရတယ်။