သမ္မတကြီးဦးဝင်းမြင့်ကိုနေပြည်တော်ကနေတောင်ငူအကျဉ်းထောင်ကိုပြောင်းရွှေ့လိုက်တယ်လို့သိရတယ်။အရင်ကနေပြည်တော်ကသူလူမသိတဲ့နေရာတစ်ခုမှာဖမ်းဆီးထားတာပါ။အခုတော့သူ့ကိုဖမ်းဆီးထားတဲ့နေရာကိုသိရပေမယ့်သမ္မတကြီးကတော်နဲ့ကလေးတွေ၊အိမ်အကူတွေကိုဘယ်မှာဖမ်းဆီးထားမှန်းမသိသေးဘူး။ထိုသူတွေကိုတစုံတရာအမှုဆင်တရားစွဲထားတာလဲမရှိပဲနဲ့စစ်ကောင်စီဟာဖမ်းဆီးထားတယ်။သမ္မတကြီးနဲ့သူ့ရဲ့မိသားစုသတင်းဟာလူစိတ်ဝင်စားခြင်းလဲသိပ်မခံရပါဘူး။
ကုလသမဂ္ဂနဲ့နိုင်ငံတကာကသမ္မတကြီးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကိုချက်ချင်းပြန်လွှတ်ပေးဖို့ဆုံးဖြတ်တောင်းဆိုထားတာတစ်လနီးပါးကြာလာပေမယ့်စစ်ကောင်စီကတော့လက်လျောမယ့်ပုံအရိပ်အယောင်တောင်မတွေ့ဘူး။နိုင်ငံအတွင်းမှာလဲဆက်လက်အကြမ်းဖက်မှုတွေကျူးလွန်နေဆဲပါပဲ။