အခုနောက်ပိုင်းစစ်ကောင်စီနဲ့ထိုင်းနိုင်ငံတို့အကြားဆက်ဆံရေးတွေခပ်စိတ်စိတ်တွေ့နေရတယ်။အခုလဲစစ်ကောင်စီဘက်တော်သားဂျပန်နိုင်ငံလော်ဘီငြိမ်းချမ်းရေးအမည်ခံတစ်ဦးဖြစ်တဲ့ဆာဆာကာဝါဟာထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံနေတယ်။သူတို့နှစ်ဦးတွေ့ဆုံမှုကိုလျော့တွက်လို့တော့မရဘူး။နှစ်ဦးစလုံးဟာစစ်ကောင်စီဘက်တော်သားတွေဖြစ်တဲ့အလျောက်သမြန်မာ့အရေးစစ်ကောင်စီကိုဘယ်လိုပံ့ပိုးပေးမလဲဆိုတာဆွေးနွေးကြမှာကျိန်းသေတယ်။
လာမယ့်အပတ်မှာလဲထိုင်းစစ်ဦးစီးချုပ်ကမြန်မာပြည်လာပြီးမင်းအောင်လှိုင်နဲ့တွေ့ဦးမယ်။သူတို့နှစ်ဦးတွေ့ဆုံမယ့်ရခိုင်ပြည်နယ်ကကမ်းခြေမြို့လေးဖြစ်တဲ့သံတွဲမှာလုံခြုံရေးတွေတင်းကျပ်စွာချထားတယ်။ထိုတွေ့ဆုံမှုမှာစစ်တပ်နှစ်ခုအကြားပူးပေါင်းဆောင်ရွက်မှုတွေ၊သတင်းအချက်အလက်ဖလှယ်မှုတွေကိုသဘောတူညီချက်ရရှိခဲ့ရင်ထိုင်းနိုင်ငံထဲကတော်လှန်ရေးအင်အားစုတွေအတွက်ခြိမ်းခြောက်မှုတွေဖြစ်လာလိမ့်မယ်။
စစ်ကောင်စီဟာရုရှား၊တရုတ်တို့လိုနိုင်ငံကြီးတွေရဲ့ထောက်ခံမှုကိုရဖို့မသေချာတဲ့အနေအထားမှာအိန္ဒိယ၊ထိုင်းတို့လိုအိမ်နီးချင်းနိုင်ငံတွေရဲ့အားကိုယူပြီးရှင်သန်ဖို့ကြိုးစားနေတယ်။အထူးသဖြင့်တော်လှန်ရေးအတွက်ကြီးမားတဲ့ထောက်ပို့လမ်းကြောင်းတွေရှိတဲ့ထိုင်းနိုင်ငံကိုသိမ်းသွင်းပြီးတော်လှန်ရေးကိုရသလောက်နှောက်ယှက်ချင်နေတဲ့သဘောပဲ။