မနေ့ကကြာအင်းဆိတ်ကြီးတိုက်ပွဲမှာKNUတပ်ဖွဲ့တွေကစစ်ကောင်စီတပ်ရင်းနှစ်ခုကိုမီးရှို့ဖျက်စီးနိုင်ခဲ့ပြီး နှစ်ဖက်လုံးအထိခိုက်အကျအဆုံးများခဲ့တယ်။စစ်တပ်ဘက်ကတစ်ရာကျော်သေဆုံးတယ်လို့သတင်းတွေထွက်လာပေမယ့်ဘယ်ဘက်ကမှတရားဝင်ကြေငြာသေးဘူး။
ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကစစ်တပ်ရဲ့နောက်တန်းတပ်ရင်းဌာနချုပ်တွေဟာရှေ့တန်းမှာအင်အားဖြည့်နေရတဲ့အတွက်နောက်မှာလူသိပ်မကျန်တော့ဘူး။ဒါကိုကောင်းကောင်းသိလို့KNUကလျပ်တပြက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်။ကရင်ပြည်နယ်ထဲမှာဒီဇင်ဘာလဆန်းကတည်းကတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာပါ။ကော့ကရိတ်ဖက်မှာတိုက်ပွဲတွေပြီးသွားတာသိပ်မကြာသေးတဲ့အချိန်အခုကြာအင်းဆိတ်ကြီးဖက်မှာKNUကထိုးစစ်တွေဖော်ဆောင်လာတယ်။စစ်တပ်ရဲ့တပ်အများစုကကော့ကရိတ်ဘက်မှာအင်အားဖြည့်ထားရတဲ့အတွက်အခုတိုက်ပွဲမှာသူတို့အင်အားနည်းနေချိန်အလစ်အငိုက်မိပြီးအထိနာခဲ့တယ်။တော်လှန်ရေးအင်အားစုတွေကြွေးကြော်ထားခဲ့သလိုစစ်ရေးအရှိန်မြှင့်မယ့်အစီအစဉ်ဟာလွတ်လပ်ရေးနေ့မှာပဲစတင်ခဲ့ပါပြီ။